ရန်ကုန်နဲ့မြစ်ကြီးနားမှာ Gym ဖွင့်မယ့်အောင်လအန်ဆန်

0
285

သူ့ရဲ့ အပြင်းအထန်လေ့ကျင့်မှုတွေက ပြိုင်ပွဲကြီးမှာ သက်သေပြခဲ့ပါပြီ။ MMA World Middle Weight Champion ခါးပတ်ကို စိန်ခေါ်လာသူ လက်ဘနွန်နိုင်ငံသား မိုဟာမက်ခရာကီကို ပထမအချီမှာတင် အလဲထိုးနိုင်ခဲ့တဲ့ မြန်မာ့စပါးအုံး အောင်လအန်ဆန်က

”ပရိသတ်ကို ကျွန်တော့်စိတ်ထဲကနေ အရမ်းချစ်တယ်။ အားလုံး အားပေးလို့လည်း ကျေးဇူးတင်တယ်။ ဆက်လည်း အားပေးပါ” လို့ ဆိုခဲ့ပါတယ်။ ပြီးတော့ သူ့ရဲ့ မြန်မာနိုင်ငံမှာ ကစားတဲ့ One Championship ပွဲစဉ်တိုင်းကိုလည်း သူက အားရတယ်လို့ဆိုပါတယ်။

”ရှိတယ်။ ကျွန်တော်မြန်မာပြည်မှာကစားတိုင်း Excitement အများကြီးရှိတယ်။ အား လည်း အရမ်းရတယ်။ အကောင်းဆုံးဆိုပြီးတော့ ပြချင်တယ်။ ကမ္ဘာကို မြန်မာပြည်ကမွေးတဲ့ အားကစားသမား ဘယ်လောက်ကျွမ်းကျင်သလဲဆိုတာမျိုးကို ပြချင်တယ်။ အဲဒီအတွက် Excitement အများကြီးရှိတယ်။ ကစားတိုင်းလည်း ကျွန်တော်အားအရမ်းရတယ်” လို့ အောင်လကပြောပြပါတယ်။ ချန်ပီယံခါးပတ် ကာကွယ်ပွဲအတွက် ခရာကီနဲ့ မထိုးသတ်မီ အမေရိ ကကနေ ရန်ကုန်ကိုလာစဉ်မှာပဲ အမေရိကမှာ ကျန်ခဲ့တဲ့ ဇနီးသည်နဲ့ သားလေးဆီကနေလည်း အားပေးစကား တွေများစွာရရှိခဲ့ကြောင်း အောင်လက ဆိုပါတယ်။

”ကျွန်တော့်သားက ကျွန်တော့်ကို ကာတာ ရောက်ရုံပဲရှိသေးတယ်။ အဖေကို သတိရနေပြီဆို ပြီးတော့လေ” လို့ အောင်လက ရန်ကုန်လေဆိပ်ကို ရောက်ရောက်ချင်း အင်တာဗျူးမှာပြောပြတာပါ။ ခရာကီကို အနိုင်ထိုးသတ်အပြီးမှာ တော့ အောင်လရဲ့ ၂ဝ၁၈ အတွက် ယှဉ်ပြိုင်မှုက ပြီးဆုံးသွားခဲ့ပါပြီ။

”ဒီနှစ်က ဒီပွဲက နောက်ဆုံးပွဲ ပဲ။ ဒီပွဲပြီးရင် ဒီဇင်ဘာလလောက် ပြန်လာမယ်။ နောက်တစ်ပွဲက မတ်လလောက်မှာဖြစ်မယ်။ အဲဒါက Light Heavy Weight အတွက်ပါ။ ဂျပန် မှာ ထိုးဖို့ရှိပါတယ်” လို့ အောင်လက ဆက်လက် ပြောပါတယ်။ ဒီတစ်ခေါက် ခရီးစဉ်အတွက် ပြိုင်ပွဲ အပြီးမှာ အောင်လအန် ဆန်အနေနဲ့ ဘာတွေဆက် လုပ်သွားဖို့ရှိမလဲလို့ဆို တော့ ”ရှိပါတယ်။ ကျွန် တော် Gym ဖွင့်ဖို့ အစီ အစဉ်ရှိပါတယ်။ မြစ်ကြီး နားမှာ တစ်ခု၊ ရန်ကုန် မှာ တစ်ခုဖွင့်ဖို့ စီမံကိန်း ရှိပါတယ်” လို့ ချန်ပီယံ ခါးပတ် ၂ ခုပိုင်ရှင် မြန်မာ့ စပါးအုံး အောင်လအန်ဆန်က ပြောပြ ခဲ့ပါတယ်။

အောင်လအန်ဆန်ရဲ့ အောင် မြင်မှုကို မြန်မာပြည်သူပြည်သား တွေနဲ့အတူ သူ့ရဲ့မိသားစုကလည်း အမြဲတမ်း ဂုဏ်ယူပီတိဖြစ်နေခဲ့ကြ ပါတယ်။

မျိုးမောင်

ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here