ရန်ကုန်မြို့တော်ခန်းမ ရှေ့မှာ Lion ရဲ့ ပံ့ပိုးမှုနဲ့ အောင်လအန်ဆန်ကို အားပေးခဲ့ကြ

0
190

မြန်မာ့စပါးအုံး အောင်လအန်ဆန်ရဲ့ ယှဉ်ပြိုင်ထိုးသတ်မှုကို သုဝဏ္ဏအားကစားကွင်းမှာ သွားရောက်မကြည့်ရှု လိုက်ရသူတွေအတွက် Lion အား ဖြည့်အချိုရည်ကနေ ရန်ကုန်မြို့တော် ခန်းမ ရှေ့မှာ အောင်လရဲ့ယှဉ်ပြိုင်ထိုး သတ်မှုကို တစ်ခဲနက်ကြည့်ရှုအားပေးနိုင်ဖို့ စီစဉ်ပေးခဲ့ပါတယ်။ အောက်တိုဘာ ၂၆ ရက်နေ့က သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်းမှာ ယှဉ်ပြိုင်တဲ့ One Championship MMA World Middle Weight Champion ခါးပတ် စိန်ခေါ်ပွဲအဖြစ် မြန်မာ့စပါးအုံး အောင်လအန်ဆန်နဲ့ လက်ဘနွန်နိုင်ငံသား မိုဟာမက်ခရာ ကီတို့ပွဲအပါအဝင် တခြား ပွဲစဉ်တွေကိုပါ ပြသခဲ့ခြင်းဖြစ်ပါတယ်။ ပြိုင်ပွဲမစတင်မီ နိုင်ငံကျော်အဆိုတော်များဖြစ်ကြတဲ့ ဖြိုးပြည့်စုံ၊ ဂျူဝယ်နဲ့ ဝိုင်းလေးတို့ရဲ့ကလည်း တေးသီချင်းတွေနဲ့ သီဆိုဖျော်ဖြေခဲ့ကြပါတယ်။


”မြန်မာတစ်ပြည်လုံးကနေပြီးတော့ One Championship ပေါ့နော်။ အောင်လအန်ဆန်ရဲ့ Fans တွေရောပဲ အားပေးဖို့အတွက် အဆင်သင့်မဖြစ်သေးတဲ့အချိန်၊ တစ်နည်းအားဖြင့် လမ်းပေါ်ရောက်နေတဲ့အချိန်မျိုးလေးမှာ တိုက် ရိုက်ကြည့်ရှုလို့ရအောင် LED တီဗီ ကြီးပေါ်မှာ ပရိသတ်တွေနဲ့ အတူတူ ကြည့်ခွင့်ရတယ်ဆိုတော့ အစ်ကိုတို့လည်း ရင်ခုန်စွာနဲ့ပဲ ပါဝင်ဖြစ်ပါတယ်။ အဓိကက Lion ကနေဖိတ် ခေါ်ပေးတယ်ပေါ့နော်။ အဲဒီအတွက်ကြောင့်မို့လို့ လာရောက်သီဆိုဖျော်ဖြေပေးတာပါ” လို့ ဖြိုးပြည့်စုံက ပြောပြခဲ့ပါတယ်။

 

 

မျိုးမောင်၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here