Wanted ရဲ့ One Man Show မန္တလေးမှာ ဘယ်တော့လောက် ကျင်းပဖြစ်မလဲ

0
268

ဖော်ကာကတော့ သူတို့ Wanted ရဲ့ ပရိသတ်တွေအတွက် မန္တလေးမှာ One Man Show ကျင်းပချင်နေပုံပါပဲ။ ဖော်ကာတို့ Wanted ရဲ့ One Man Show ကို မန္တလေးမှာ ဘယ်တော့လောက်ကြည့်ရမလဲဆိုတဲ့ ပရိသတ်ရဲ့ ဆန္ဒ ကို ဖော်ကာက …

”ရှိုးလား။ ကျွန်တော် ၂ နှစ်ရှိ ပြီ။ ရန်ကုန်မှာ။ One Man Show က။ အဆင်ပြေရင်တော့ မန္တလေးမှာ ဆွဲမလားလို့။ မန္တလေးကလည်း တစ်ချိန်လုံး ပြောနေကြတယ်။ ကျွန်တော့်ရဲ့ အမျိုးတွေ ကလေ။ သူတို့က ဒီကိုလာလာကြည့်နေရ သလိုဖြစ်နေတော့။ မန္တလေးမှာ ရှိုးလုပ်ဖြစ် ဖို့ ကြိုးစားနေပါတယ်”လို့ ပြောပါတယ်။

ဖော်ကာ(Wanted) ရဲ့ ‘စိတ်နဲ့လူ’ တေး အယ်လ်ဘမ် ထွက်ရှိထားတာကလည်း ပူပူ နွေးနွေးပဲရှိသေးတယ်။ အယ်လ်ဘမ်ထွက်ခဲ့ တဲ့ တစ်လ ကျော်အတွင်း ‘စိတ်နဲ့လူ’ထဲက သီချင်းတွေနဲ့ပတ်သက်လို့ ဖော်ကာ ပြော ပြတာက …

”စာသား အကြောင်း အရာက တော်တော်လေး ပြောင်းသွားတာပေါ့ လေ။ ရှေ့အခွေမှာ ဆိုရင် အချစ်သီချင်းပို များတာပေါ့။ တစ်ခွေ မှာ ၈ ပုဒ်လောက်က အချစ်သီချင်းဖြစ် နေတတ်တယ်။ အခု ကတော့ အချစ်သီချင်း ၃ ပုဒ်နဲ့ တစ်ဝက်လောက် ပဲပါတယ် (ရယ်လျက်)။ ၁၁ ပုဒ် မှာပေါ့လေ” လို့ သိရ ပါတယ်။ ကိုယ်တိုင်လည်း တော် တော်ပြောင်းလဲသွားပြီလို့ ခံယူ ထားတဲ့ ဖော်ကာက ..

”ကျွန်တော့် အထင်တော့ နည်း နည်း လူကြီးဆန်သွားတယ် ထင်တယ်။ အသက်လည်းကြီး၊ မိန်းမလည်းရ၊ ကလေးလည်း ရပြီဆိုတော့လေ”လို့ ပြောပြ ခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here