ရှင်သန်လှုပ်ရှားနိုင်သမျှ ကာလပတ်လုံး ရုပ်ရှင်အတွက် ဆက်လက်လုပ်ဆောင်သွားဦးမယ့် ဒါရိုက်တာ၊ သရုပ်ဆောင် ဦးမောင်မောင်မြင့်

0
306

သရုပ်ဆောင် ဒါရိုက်တာ ဦး မောင်မောင်မြင့်ဟာ အခုဆိုရင် သူ့ ရဲ့ အနုပညာသက်တမ်းက နှစ်ပေါင်း ၆၂ နှစ် ကျော်လာခဲ့ပြီဖြစ်ပါတယ်။ ရုပ်ရှင်ကို ချစ်ခင်မြတ်နိုးတဲ့ အနု ပညာရှင်တစ်ဦးဖြစ်တာမို့ အသက် အားဖြင့် ၈၅ နှစ် အရွယ်ရှိနေပေမယ့် လည်း ရိုက်ကူးမှုတွေ ဆက်လက်လုပ် ဆောင်နေဆဲပါပဲ။ ဘယ်အချိန်အထိ ဒီလိုမျိုး ဆက်လက်လုပ်ဆောင်မလဲ ဆိုရင် သူရှင်သန်နေသမျှ ကာလ ပတ်လုံး၊ ခေါင်းထဲမှာ စဉ်းစားနေ နိုင်သရွေ့ လုပ်ဆောင်သွားဦးမယ်လို့ ဆိုပါတယ်။

”ကျွန်တော်က ၁၉၃၃ မှာ မွေးတာ။ အဲဒါကြောင့် မြန်မာ့ရုပ်ရှင် အစောပိုင်းကာလတွေကို ကျွန်တော် မီတန်သလောက် မီလိုက်တယ်။ အောက်ဒိုး ရုပ်ရှင်ထွက်ရိုက်တဲ့အချိန် မှာ ဖလင်သေတ္တာတွေ၊ မှန်ချပ်တွေကို နွားလှည်းနဲ့တင်ပြီး နွားလှည်းထွက် တော့မယ်၊ လာကြဟေ့ဆိုရင် ကိုယ့် ထမင်းချိုင့်ကိုယ်ဆွဲပြီး ထွက်ရတဲ့ အချိန်ကာလပါ။ အဲဒီအချိန်ကာလက တည်းက ကျွန်တော် စခဲ့တာပါ။ ရုပ်ရှင်အတွက် ဒီလောက်သက်တမ်း အရှည်ကြီးလုပ်ခဲ့တဲ့ မောင်မောင်မြင့် ဟာ ရှေ့ကိုကော ဆက်လုပ်ဦးမှာလား လို့ ကျွန်တော့်ကို မေးရင် လုပ်ဦးမှာ။ ကျွန်တော်က ကြေညာထားတာ ရှိ တယ်။ ငါ့အတွက် သင်္ချိုင်းက နေရာ ရှိပြီးသား၊ ဘယ်နေရာမှာလဲဆိုရင် ကင်မရာရှေ့နဲ့ ကင်မရာနောက်မှာပဲ လို့ ဒီလိုအမြဲတမ်းပြောလေ့ပြောထ ရှိတယ်။ ကျွန်တော်ရုပ်ရှင်နယ်ထဲကို ခြေလှမ်းစတင်ချကတည်းက ဒီအ တိုင်းပဲ ကျွန်တော် စလာခဲ့တာ။ ကျွန် တော့် ကျန်းမာရေးအရ ရှင်သန်လှုပ် ရှားနိုင်သမျှ ကာလပတ်လုံး၊ ခေါင်း ထဲကနေ စဉ်းစားနိုင်သမျှ ကာလ ပတ်လုံး ငါလုပ်နိုင်သေးတာပဲဆိုပြီး အားထည့်ပြီး လုပ်နေတယ်”လို့ ဦး မောင်မောင်မြင့်က ပြောပါတယ်။

၁၉၂ဝ မှာ စတင်ခဲ့တဲ့ မြန်မာ့ ရုပ်ရှင်ဟာ လာမယ့် ၂ဝ၂ဝ ပြည့်နှစ် ဆိုရင် နှစ် ၁ဝဝ ပြည့်မြောက်ပြီ ဖြစ် ပါတယ်။ မြန်မာ့ရုပ်ရှင် အစောပိုင်း ကာလတွေကို မီခဲ့တဲ့ ဦးမောင်မောင် မြင့်အနေနဲ့ ရုပ်ရှင်နှစ် ၁ဝဝ ပြည့်ပွဲ ကို ဘယ်လိုမြင်ချင်မိလဲဆိုတာ မေး မြန်းကြည့်တဲ့အခါ …

”ကျွန်တော်တို့ရဲ့ ထမင်းအိုး ဖြစ်တဲ့ ရုပ်ရှင်ပညာရဲ့ နှစ်တစ်ရာ ပြည့်တဲ့ ပွဲကြီးကိုတော့ဖြင့် တကယ့် ကမ္ဘာသိ၊ နိုင်ငံတကာသိ ပွဲကြီးလမ်း ကြီးမျိုး ကြီးကြီးကျယ်ကျယ် ခမ်းခမ်း နားနား ဖြစ်စေချင်တာပေါ့”လို့ သူ့ရဲ့ ဆန္ဒကို ပြောပြပါတယ်။

မကြာခင်မှာ ကြည့်ရှုရတော့ မယ့် ‘ကြီးမြတ်သော မာတာ’ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာလည်း ဦး မောင်မောင်မြင့်က ပါဝင်သရုပ် ဆောင်ထားပြီး ကြော်ငြာရိုက်ကူးမှု တွေလည်း ပြုလုပ်ထားပါသေးတယ်။ ရှေ့ဆက်ပြီး ဘာတွေလုပ်ဆောင် သွားဦးမလဲဆိုတာကိုတော့ ဦးမောင် မောင်မြင့်က ”အခုဆိုရင် အခန်း ၃ဝ ရှိတဲ့ ဇာတ်လမ်းတွဲတစ်ခုကို ပြီး မြောက်အောင် အောင်အောင်မြင်မြင် ကျွန်တော်ရိုက်ပေးနိုင်ခဲ့တယ်။ ကြော် ငြာတွေ ဆက်ရိုက်တယ်။ ဆိုတော့ အခု ကျွန်တော် ကျေနပ်နေတယ်။ ငါ့ရဲ့ အနုပညာသည်၊ ဖြေဖျော်မှုသည် ပရိသတ်ကြီးအတွက် ဒီနေ့ဒီအချိန်ထိ ပေးဆပ်မှုရှိနေနိုင်ပါလားဆိုပြီး ကျေ နပ်မှုဖြစ်မိတယ်။ အခု စိတ်ထဲမှာ ဘယ်လို ထားထားလဲဆိုတော့ ငါဟာ ပြင်းပြင်းထန်ထန် လှုပ်လှုပ်ရှားရှား လုပ်နိုင်တဲ့ အချိန်ကိုတော့ ကျော်လာ ခဲ့ပြီ၊ ငါလှုပ်ရှားလုပ်ဆောင်ခဲ့သမျှ ပညာတွေ၊သင်ခန်းစာတွေ၊ ဗဟုသုတ တွေကို လက်ရှိလုပ်ကိုင်နေသူတွေနဲ့ နောင်လာမယ့် နောင်လာနောက်သား မျိုးဆက်သစ်တွေအတွက် သုတေ သန ပြုနိုင်အောင်၊ လက်ဆင့်ကမ်း ပေးနိုင်အောင် လုပ်ရမယ်ဆိုပြီး စဉ်း စားတုန်း၊ ပေးတုန်း၊ ရှေ့ဆက်သွား နေတုန်းပါပဲ” လို့ ပြောပြခဲ့ပါတယ်။

ဦးမောင်မောင်မြင့်ဟာ အောက်တိုဘာလ ၁၃ ရက်နေ့က ကျင်းပခဲ့တဲ့ ၅၅ ကြိမ်မြောက် ရုပ်ရှင် သက်ကြီးပူဇော်ပွဲမှာလည်း ကန် တော့ခံ သက်ကြီးအနုပညာရှင် တစ် ဦးအနေနဲ့ တက်ရောက်ခဲ့ပါတယ်။

စုမွန်၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here