သဘင့်ဦးသျှောင် ဂရိတ်ဦးဘိုးစိန် တည်ထား ကိုးကွယ်ခဲ့တဲ့ ပြည်လုံးပေါ် ဘိုးစိန်ကြီးဘုရားအား စိန်ဖူးတော် ပြန်လည် ဆက်ကပ်လှူဒါန်း

0
440

သဘင့်ဦးသျှောင်ဂရိတ်ဦးဘိုး စိန်ဆိုတာ မြန်မာ့ဇာတ်သဘင်သမိုင်းမှာ အထင်ကရပုဂ္ဂိုလ်ကြီးတစ်ဦးပါပဲ။ သူဟာမြန်မာ့ဇာတ်သဘင်ကို တိုး တက်မြင့်မားအောင် လုပ်ဆောင်ခဲ့တဲ့ ဇာတ်မင်းသားကြီးတစ်ဦးဖြစ်သလို ဘုရားကျောင်းကန်စေတီပုထိုးများ စွာကိုလည်း တည်ထားခဲ့ပါတယ်။ ဦးဘိုးစိန်ကြီးမရှိတော့တဲ့နောက်ပိုင်းမှာလည်း ကျန်ရစ်တဲ့မိသားစုဝင်များက ဦးဘိုးစိန်ကြီးတည်ထားကိုးကွယ်ခဲ့တဲ့ စေတီပုထိုးများကို ပြန် လည်ပြုပြင်ထိန်းသိမ်းလျက်ရှိပါတယ်။

အောက်တိုဘာ၂၃ရက်နေ့ကလည်း ကျုံပျော်မြို့မှာ သဘင့်ဦးသျှောင် ဂရိတ်ဦးဘိုးစိန် တည်ထားခဲ့တဲ့’ပြည်လုံးပေါ်ဘိုးစိန်ကြီးဘုရား’ကို ဦးဘိုးစိန်ရဲ့ သားသမီးများအနက် ၁ဦးတည်း ကျန်ရှိသောအငယ်ဆုံးသမီး အဘွားဒေါ်မြင့်မြင့်စိန်နှင့် သားသမီးများက စိန်ဖူးတော်ကိုပြန်လည် ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။

”ကောင်းမှုအစုစုတို့ကိုဘဝတစ်ပါး ပြောင်းသွားကြပြီဖြစ်တဲ့ ဘိုးဘိုးကြီး ဂရိတ်ဦးဘိုးစိန်၊ ဘိုးဘိုးဒယ်ဒီ ဦးကနက်စိန်၊ အဘိုးလေးများ၊ ဖေဖေ ဦးရဲစိန်တို့နှင့်တကွ ၃၁ ဘုံသားအပေါင်းအားအမျှပေးဝေအပ်ပါတယ်” လို့ ဂရိတ်ဦးဘိုးစိန်ရဲ့ မျိုးဆက် ပတ္တမြားကေခိုင်က ပြောပြခဲ့ပါတယ်။ ဦးဘိုးစိန်တည်ထောင်ခဲ့တဲ့စိန်မဟာသဘင်ဇာတ် အဖွဲ့ကြီးကိုလည်း မျိုးဆက်တစ်ဦးဖြစ်တဲ့ ဇံဟိန်းက ပြန်လည်ဖွဲ့စည်းကာ ကပြလျက်ရှိပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here