အမျိုးသားတေးသံရှင် ၅ ဦးနဲ့ စီးရီးခွေထွက်ဖို့ စီစဉ်နေတဲ့ ကေကေမိုး

0
162

ကျွန်မသီချင်းနဲ့ ပရိသတ်တွေအားပေးမှု အခိုင်အမာရရှိခဲ့တဲ့တေး သံရှင်ကေကေမိုးက အခုဆိုရင်တစ်ကိုယ်တော်အခွေထွက်တာ တစ်နှစ် ပြည့်သွားပေမယ့် ဒီသီချင်းရဲ့အောင်မြင်မှုကတော့ ရပ်တန့်မသွားသေးပါ ဘူး။ FM တွေမှာလည်း အမြဲကြားနေရတဲ့သီချင်းပါ။ ကျွန်မသီချင်း လေး သူ့လက်ထဲရောက်လာတာ ကံကောင်းပြီး အခုလို အားပေးမှုတွေ ရရှိနေတဲ့အတွက်လည်း ပရိသတ်တွေကိုကျေးဇူးတင်တယ်လို့ ကေကေ မိုးက ဆိုပါတယ်။ ကေကေမိုးကိုတော့ ပရိသတ်တွေက သီချင်းအေး အေးလေးတွေနဲ့ လိုက်ဖက်မှုရှိတယ်လို့ ဝေဖန်ကြပါတယ်။ သူ့အနေနဲ့ လည်း ပရိသတ်တွေအကြိုက်နဲ့ တစ်ထပ်တည်းပါပဲလို့ဆိုတဲ့ ကေကေ မိုးက . . .

”ကေကေကိုယ်တိုင်ကလည်း သီချင်းအေးအေးလေးတွေဆိုရတာ ပိုပြီးအားသန်တယ်။ အမြူးဆိုလည်း လုံးဝ EDM အမြူးပေါ့။ အေး အေးဆိုလည်း ပေါ့ပ်သီချင်းအေးအေးချိုချိုလေးတွေ၊ ကိုယ်ကလည်း ပရိသတ်တွေနဲ့ အကြိုက်တူတူပဲဆိုတော့ ကိုယ်သီချင်းတွေ ဖန်တီးတဲ့ အခါမှာလည်း ပရိသတ်တွေနဲ့ အဲဒါကြောင့် အဆင်ပြေနေတာပေါ့”လို့ ပြောပါတယ်။ ကေကေမိုးကသီချင်းအသစ်တွေလည်း ထွက်ဖို့ကြိုးစား နေသလို ပြိုင်ပွဲအသီးသီးကတက်လာတဲ့ အမျိုးသားတေးသံရှင် ၅ ဦးနဲ့ အတူသီချင်းခွေတစ်ခွေ ထွက်ရှိဖို့လည်း စီစဉ်နေပါတယ်။ တေးသံရှင် အသစ်တစ်ယောက်အနေနဲ့ ဂီတလောကထဲဝင်ရောက်တဲ့အခါ အခက် အခဲတွေအများကြီးကြုံတွေ့ရတတ်ပါတယ်။ သူ့အနေနဲ့ ဂီတလမ်းကြောင်း အစမှာ ကြုံတွေ့ရတဲ့အခက်အခဲတွေနဲ့ပတ်သက်ပြီး . . .

”ကေကေတို့ ကိုယ့်ဘာသာကိုယ်ကြိုးစားနေရတဲ့လူငယ်တွေ အတွက် ကတော့ အခွေထွက်နိုင်မှပေါ့။ အခွေထွက်မှလည်းကိုယ့်ရဲ့မှတ်တိုင်တစ်ခု ဖြစ်မှာလေ။ အခွေထွက်ဖို့ကြိုးစားခဲ့ရတဲ့အချိန်တွေရယ်၊ အချိန်တအား ပေးဆပ်ခဲ့ရတယ်။ တတ်နိုင်တဲ့သူတွေက တစ်နှစ်ထဲမှာ လပိုင်းလောက် နဲ့ အခွေတစ်ခွေ ပြီးစီးအောင်လုပ်နိုင်ပေမယ့် ကေကေတို့ကျတော့ ပိုက် ဆံစုပြီးမှလုပ်ရတဲ့အခါကျတော့ သူများထက် အချိန်ပိုပေးရတယ်။ ငွေရှိ မှလုပ်နိုင်မှာဆိုတော့ ငွေစုလိုက်လုပ်လိုက်ဆိုတော့ အဓိကတော့ အချိန် ရယ်၊ ငွေကြေးရယ်က ကေကေတို့အတွက် အခက်အခဲဖြစ်စေပါတယ်”လို့ ပြောပါတယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here