မြို့ယောင်ဆောင်မထားတဲ့ ကျေးလက်

0
313

ယာခင်းတွေမှာ
မာကျူရီမီးလုံးတွေ မရှိဘူး
မီးလုံးမရှိတဲ့ ဓာတ်တိုင်တွေပေါ်
ဝိုင်ယာကြိုးတွေ ရှုပ်မနေဘူး။
တောအုပ်စိမ်းစိမ်းတွေမှာ
လေအေးပေးစက်တွေ မရှိဘူး
မရှိတဲ့ လေအေးပေးစက်တွေမှာ
ဂက်စ်လည်း ဖြည့်မထားပြန်ဘူး။
တောင်တန်းတွေမှာ
ပလက်ဖောင်း မရှိဘူး
မရှိတဲ့ပလက်ဖောင်းပေါ်
ဈေးဆိုင်တွေလည်း မရှိဘူး။
ရွာလယ်လမ်းမပေါ် မီးပွိုင့်မရှိဘူး
မီးပွိုင့်မရှိတဲ့လမ်းမပေါ်
ယာဉ်ကြောတွေ ကျပ်ညပ်မနေဘူး။
ကျေးလက်ဟာ
မြို့ ပြလောက် မှော်ရုံမဆန်ဘူး
ကျေးလက်ဟာ
မြို့ ပြလောက် မာယာမများဘူး
ကျေးလက်ဟာ
မြို့ ပြလောက် ဟန်မဆောင်တတ်ဘူး။
စပါးခင်းတွေပေါ် ဖြတ်တိုက်လာတဲ့
လေလောက် လတ်ဆတ်ဦးမလား
အုန်းမောင်းခေါက်သံနဲ့ နိုးထပြီး
ကြေးစည်သံနဲ့ အိပ်ရာ ဝင်ကြတယ်
ဘယ်မြို့ ပြမှ လရောင်ကို
ကိုယ့်လောက် မဆာလောင်ဘူး။

နေဇင်ဦး


LEAVE A REPLY

Please enter your comment!
Please enter your name here