အားကိုးဖို့ အတွက်နဲ့ ယောက်ျား တစ်ယောက်ကို လက်မထပ်ချင်တော့ဘူး ခိုင်နှင်းဝေ

0
974

သရုပ်ဆောင်ခိုင်နှင်းဝေက အမျိုးသမီးတွေအနေနဲ့ အိမ်ထောင် ပြိုကွဲသွားပေမယ့်လည်း စိတ်ဓာတ်မ ကျသွားစေချင်ဘူးလို့ ဆိုပါတယ်။ ကိုယ်တိုင်လည်း ဒီလိုမျိုး ကြုံတွေ့ ခဲ့ရသူဖြစ်တဲ့အတွက် သူ့ဘဝနဲ့ နှိုင်း ယှဉ်ပြီးလည်း အားပေးစကားဆို ခဲ့ပါတယ်။

”အမျိုးသမီးတော်တော်များများက အိမ်ထောင်ပြုတယ်ဆိုတာ အားကိုး ချင်ကြလို့လေ။ တစ်ယောက် တည်း ရပ်တည်တဲ့အချိန်မှာ အစ်မ တို့လည်း အခုအချိန်ထိပဲ ရုန်းကန် နေရတုန်းပဲ။ ပင်ပန်းတယ်။ တစ်ခါတလေကျရင် မပင်ပန်းချင်တော့ဘူး။ ငါအားကိုးရှာလိုက်မယ်။ အဲဒီအခါကျရင် သက်သောင့်သက်သာလေး ဘဝကို ဖြတ်သန်းရမယ်။ တချို့ကျ တော့လည်း မိသားစုဘဝ လိုချင်တယ်။ အိမ်ထောင်သည်ဘဝနဲ့ ကိုယ့် သားသမီးတွေလိုချင်လို့ အိမ် ထောင်ပြုကြတာများတယ်။ ကိုယ်တွေလည်း ဒီလိုပါပဲ။ ဒါပေမဲ့ ကောင်းတဲ့လူတွေလည်း ကောင်းတဲ့ အလျောက်ပေါ့။ ကံကြောင့်ပဲ ဖြစ် လာတာတွေလည်းရှိပါတယ်။ အတိတ်ရဲ့ ကံနဲ့အခုကံနဲ့ ရှိတယ်။ တစ်ခါ တလေကျရင် မှန်းချက်နဲ့ နှမ်း ထွက် မကိုက်ဘူး။ ကိုယ်က ကောင်း မယ်ထင်လို့ အိမ်ထောင်ပြုလိုက်ပြီးမှ ပြတ်သွားတဲ့အခါကျရင် အမျိုး သမီး တွေက စိတ်ဓာတ်မကြံ့ခိုင်ကြဘူး။ ထက်မြက်လာတယ်။ ကိုယ်ကိုယ်တိုင် အောက်ခြေ သိမ်းဘဝကနေ ဥပမာပစ္စည်းလေးတစ်ခုဝယ် ရင်တောင်မှ ကိုယ့်ချွေးနှဲစာနဲ့ ခြစ်ခြုတ်ပြီး ဝယ် ရတဲ့အခါကျတော့ အဲဒီကနေ ဒီဟာလည်း ကိုယ့်ဘာသာကိုယ် လုပ်နိုင် တာပဲ စိတ်လေးတွေ ဖြစ်သွားတော့ တော်ရုံ တန်ရုံစဉ်းစားတတ်သွားပြီ။ အားကိုးဖို့အတွက်နဲ့ ယောက်ျားတစ်ယောက်ကို လက်မထပ်ချင်တော့ဘူး ဖြစ်သွားတယ်။ အမျိုးသမီးတွေကိုလည်း စိတ်ဓာတ်မကျဖို့ အားပေး ချင်ပါ တယ်။ အစ်မဆိုလည်း မြေကြီးပေါ်မှာလဲကျနေရတဲ့ ဘဝကနေ ပြန်ထလာ ရတာဆိုတော့ ကိုယ့်ဘဝနဲ့ နှိုင်းယှဉ်ပြီး အားလေး တစ်ခုရသွားရင် ကုသိုလ်ရ ပါတယ်” လို့ ခိုင်နှင်းဝေက ပြောပါတယ်။

ပရဟိတရော အနုပညာအလုပ် တွေရော တွဲပြီးလုပ်နေတဲ့ ခိုင်နှင်းဝေက အောက်တိုဘာလ ၂ဝရက်နေ့ မှာလည်း ဒေါပုံမြို့နယ်ကချို့တဲ့နွမ်းပါးတဲ့ အိမ်ထောင်စုတွေကို သွား ရောက်ထောက်ပံ့ လှူဒါန်းပေးခဲ့ပါတယ်။ အခုလို လှူဒါန်းတာနဲ့ပတ်သက်ပြီး ခိုင်နှင်းဝေက…

”လောကမှာ အိမ်ထောင်စုမရှိ ရင် မိန်းကလေးတော်တော်များများ က ပြိုလဲကြတာများတယ်။ အိမ်ထောင်ကွဲသွား တာပဲဖြစ်ဖြစ်၊ သေဆုံးသွားတာပဲဖြစ်ဖြစ်၊ အကြောင်းတစ် ခုခုကြောင့် စိတ်ဓာတ်တွေ ကျတတ် တယ်။ သားသမီးတွေရှိရင် ပိုဆိုးတယ်။ အရွယ်ငယ်တဲ့ အမျိုး သမီး တွေ ဆိုရင် လမ်းမှားရောက်သွား တတ် တယ်။ အဲဒါကြောင့်အစ်မလည်း ပိုက်ဆံတတ် နိုင်တဲ့လူမဟုတ်တဲ့အ တွက်နိုင်သလောက်၊ ကိုယ်လက်လှမ်းမီ သလောက်ကို ကူညီပေးနေပါတယ်” လို့ ပြောပါတယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here