နာမည်ကျော် အနုပညာရှင် တွေနဲ့ ခြိမ့်ခြိမ့်သဲသဲ ဖွင့်လှစ်ခဲ့တဲ့ရွှေနန်းတော် စိန်ရွှေရတနာ ဆိုင်ဖွင့်ပွဲ

0
414

ရွှေနန်းတော် စိန်ရွှေရတနာ ဆိုင်ကြီး၏ ၇ ဆိုင်မြောက် ဆိုင်ဖွင့် လှစ်ပွဲအခမ်းအနားကို ရန်ကုန်မြို့၊ လသာမြို့နယ်၊ မဟာဗန္ဓုလလမ်းနှင့် ၂၃လမ်းထိပ်ရှိ အဆိုပါဆိုင်တွင် အောက်တို ဘာလ ၂၃ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။ နာမည်ကျော် ထိတ်ထိတ်ကြဲ အနုပ ညာရှင်များလည်း တက်ရောက် ချီး မြှင့်ခဲ့သည့်အတွက် Customer များ၊ အနုပညာရှင်များကို လာ ရောက်အားပေးသူများနှင့် ကြက်ပျံမ ကျ စည်ကားခဲ့သည်။


”ကျွန်တော်တို့နဲ့ အနုပညာရှင် တွေကြားထဲမှာတော့ Relations က တအားကောင်းတယ်။ ဒီနေ့ဆိုရင် လည်း တက်ရောက်ပေးကြတဲ့ အနု ပညာရှင် ၁၂ယောက်မှာ ၅ယောက် က နယ်မှာ ကားရိုက်တွေ ရှိကြတယ်။ ပြောရမယ်ဆိုရင် မခိုင်ကြီး (ထွန်းအိန္ဒြာဗိုလ်)ကြောင့်လည်း ပါတာပေါ့။ နောက်ပြီး ကျွန်တော်တို့ ကိုယ်တိုင်ကလည်း ကြော်ငြာတွေ ရိုက်ကူးတဲ့အခါမှာ ဒီအနုပညာရှင် တွေနဲ့ အမြဲတမ်း လက်တွဲဖြစ်တယ်။ သူတို့နဲ့ ကျွန်တော်တို့ကြားထဲမှာ လည်း ကောင်းမွန်တဲ့ ဆက်ဆံရေးရှိ တယ်။ တကယ့်ကို ညီအစ်ကို မောင်နှမ တွေလိုပဲ။ ကိုယ်ကလည်း အနုပညာ ရှင်တွေကို ချစ်သလို အနု ပညာရှင် တွေကလည်း ကျွန်တော်တို့ ရွှေနန်းတော် မိသားစုကိုချစ်ပါ တယ်။ အဲဒါကြောင့် ကျွန်တော် တို့ပွဲတွေ ဆိုရင် ဒီအနုပညာ ရှင်တွေ ကိုယ်တိုင်က ဘယ်လောက်ပဲ အဝေး မှာ ရောက်နေနေ လာရောက် ချီးမြှင့် ပေးကြပါတယ်” ဟု ရွှေနန်း တော် ပိုင်ရှင်ဒေါက်တာအောင်ကျော်ဝင်း က ပြောသည်။


ရွှေနန်းတော်ဖွင့်ပွဲသို့ နေတိုး၊ ပြေတီဦး၊ မြင့်မြတ်၊ ဇေရဲထက်၊ ကျော်ထက် အောင်၊ ထွန်းအိန္ဒြာဗိုလ်၊ ခိုင်သင်း ကြည်၊ အိန္ဒြာကျော်ဇင်၊ ဝတ်မှုန်ရွှေရည်၊ ဖွေးဖွေး၊ အေးမြတ် သူ၊ အေးဝတ်ရည်သောင်း အစရှိ သည့် နာမည် ကြီး ထိတ်ထိတ်ကြဲ သရုပ်ဆောင်များ တက်ရောက် ချီးမြှင့်ခဲ့ကြပြီး တွေဖြစ်ပြီး အဆို ပိုင်းတွင် Rဇာနည်၊ ရွှေထူး၊ နေမင်း အိမ်၊ ဖြူဖြူကျော်သိန်း၊ နီနီခင်ဇော်၊Rose Quartz အဖွဲ့တို့၏ သီဆို ဖျော်ဖြေမှုများလည်း ပါဝင်ခဲ့ သည်။

မျိုးမောင်

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here