အဘိုးဖြစ်သူ ဦးမြင့်သိန်းဖေရဲ့ အကြံဥာဏ်တွေကိုလိုက်နာတဲ့ခိုင်ဇင်သက်

0
269

လာလာကြည့်က ရိုက်ကူးမယ့် ‘သစ္စာချည်တိုင်’ ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ဖို့အတွက် သရုပ် ဆောင်သစ်ရွေးချယ်ပွဲမှာ မျက်နှာသစ်သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ ခိုင်ဇင်သက်က ရွေးချယ်ခံခဲ့ရပါတယ်။ ခိုင်ဇင်သက်ကတော့ စကားဝါသရုပ်ဆောင်သင် တန်းဆင်းထားသူတစ်ဦးပါ။ အနုပညာမျိုးရိုး အနေနဲ့ အဘိုးဖြစ်သူက မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌဟောင်းတစ်ဦးဖြစ်တဲ့ ဦးမြင့် သိန်းဖေပဲဖြစ်ပါတယ်။ အဘိုးဖြစ်သူက အနု ပညာအလုပ်တွေကိုလုပ်တဲ့အခါ အကြံÓဏ် ပေးတယ်လို့ဆိုတဲ့ ခိုင်ဇင်သက်က …

”မြေးအရင်းဆိုတော့ အဘိုးကတော့ အရင်တုန်းက အိုက်တင်မငြိမ်သေးတာ တွေကို သေချာပြောတယ်။ အိုက်တင်တွေ လိုသေးတယ်ကျင့် ဦးဆိုပြီးပြောတယ်။ အရင်တုန်းက အိုက်တင်တွေခါတာကို သူ ပြောပြတဲ့အတွက် လေ့ကျင့်ရင်းလေ့ကျင့်ရင်းနဲ့ ငြိမ် သွားပါတယ်”လို့ ပြောပါတယ်။ ရုပ်ရှင်လောကမှာ နေရာလေးတစ်ခုရအောင် ကြိုးစားသွားမှာဖြစ်ပြီး သူ့ဘက်ကလည်း အစွမ်းကုန်ကြိုးစားမှာပါလို့ ဆိုပါ တယ်။ သရုပ်ဆောင်အသစ်တစ်ယောက်ဖြစ်တဲ့ ခိုင် ဇင်သက်က ကိုယ့်ကိုယ်ကိုယ်တော့ အားရကျေနပ်မှု မရှိသေးပါဘူး။ စီနီယာသရုပ်ဆောင်တွေကို လိုက် ကြည့်ပြီး အတုယူဖြစ်နေသူပါ။

”အိုက်တင်ပိုင်းတွေက အကြီးတွေလောက်မလုပ်နိုင်သေးဘူး။ အန်တီဇာ ကြီးတို့ဆိုရင် အရမ်းကောင်းတယ်။ အကြည့်တွေ ရော၊ စကားပြောတဲ့ ဖလိုးတွေရော အတုယူရတယ်။ အသစ်အနေနဲ့ကျတော့ အန်တီဇာကြီးတို့ကို မမီသေး ဘူးပေါ့။ သူတို့ကို အတုယူ၊ သင်ပေးတာကိုလိုက်ပြီး လေ့ကျင့်ရပါတယ်” လို့ ပြောပါတယ်။ ခိုင်ဇင်သက်က လာလာကြည့်က ထုတ်လုပ်ရိုက်ကူးတဲ့ ‘သစ္စာချည်တိုင်’ ဇာတ်လမ်းတွဲကို အလင်းရောင်၊ နန်းဆုဦး၊ စံရတီမိုး မြင့်တို့နဲ့အတူ ပထမဦးဆုံးပါဝင် သရုပ်ဆောင်ထား ပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here