တောင်ငူ ကေတုမတီ ၅ဝ၈ နှစ်ပြည့်ပွဲတော်ကို ယခင်နှစ်များကထက် ခမ်းနားကြီးကျယ်စွာ ပြုလုပ်မည်

0
211

တောင်ငူကေတုမတီ ၅ဝ၈ နှစ် ပြည့်ပွဲတော်ကို နိုဝင်ဘာလ ၂၂ ရက်နေ့မှာ ကျင်းပ ပြုလုပ်မည်ဖြစ်သည်။ နိုဝင်ဘာလ ၂၁ ရက်နေ့ အဖိတ်နေ့တွင် မြန်မာနိုင်ငံတွင် အကြီးဆုံးဖြစ်သည့် သီတဂူ ဗုဒ္ဓတက္ကသိုလ်ကိုလည်း ခမ်းနားသိုက်မြိုက်စွာ ဖွင့် လှစ်မှာ ဖြစ်ပြီး နိုဝင်ဘာ ၂၂ ရက်နေ့တွင် ဆင်ယင်ကျင်းပ မည့် ဝင်းခင်းသဘင်တွင် ယခင်နှစ်များနှင့်မတူ ထူးခြား စွာဖြင့် တောင်ငူမင်းဆက် အားလုံး၏ အတ္တုပ္ပတ္တိနှင့်တကွ ယိုးဒယားနှင့်စစ်ခင်းခဲ့သော တိုက်ပွဲမြင်ကွင်းများကို သရုပ်ဖော် တင်ဆက်မည် ဖြစ်သည်။

ဝင်းခင်းသဘင်တွင် ဘုရင်မင်းကြီးညိုအဖြစ် အကယ်ဒမီရဲအောင်၊ မိဖုရားအဖြစ် အကယ်ဒမီ မေသဉ္ဇာဦး၊ တပင်ရွှေထီးအဖြစ် မိုးယံဇွန်၊ မိဖုရားအဖြစ် မိုးပြည့်ပြည့်မောင်၊ မင်းရဲသိင်္ခ သူအဖြစ် နေမျိုး အောင်၊ မိဖုရား အဖြစ် မေကဗျာ၊ ဘုရင်မင်းခေါင်အဖြစ် ထွန်း ထွန်း၊ မိဖုရားအဖြစ် အေးဝတ်ရည်သောင်း၊ ဘုရင့်နောင်အဖြစ် နေဒွေး၊ မိဖုရားအဖြစ် လှအဉ္ဇလီတင့်၊ မင်းရဲသီဟသူအဖြစ် နေထက်လင်း၊ မိဖုရားအဖြစ် ဖူးစုံ၊ နတ်သျှင်နောင်အဖြစ် ကျော်ကျော်ဗို၊ မိဖုရားအဖြစ် ထက်ထက်မိုးဦး၊ သမီးတော်အဖြစ် ရွှေသမီးနှင့် အကယ်ဒမီ စိုးပြည့်သဇင် စသည်ဖြင့် ပါဝင်သရုပ်ဆောင်ကြမည်ဖြစ်သည်။

ဝင်းမခင်းမီ တောင်ငူခေတ်မင်းခမ်းမင်းနားဇာတ်လမ်းသရုပ်ဖော်ရာတွင် မင်းရဲသီဟသူ အဖြစ် နေထက်လင်း၊ နတ်သျှင်နောင်အဖြစ် ဖိုးချစ်၊ ယိုးဒယားဘုရင် နရဲစွမ်အဖြစ် မင်းရာဇာ၊ သူထူးစံ၊ မင်းညီ စသည့် ရုပ်ရှင်သရုပ်ဆောင်များစွာဖြင့်သရုပ်ဖော် တင်ဆက် မည်ဖြစ်သည်။ နိုဝင်ဘာလ ၂၁ ရက်နေ့ သီတဂူဗုဒ္ဓတက္ကသိုလ်ဖွင့်ပွဲနှင့် ညဖျော်ဖြေရေးအစီ အစဉ်တွင် စိုးစန္ဒာထွန်း၊ နီနီခင်ဇော်၊ မိုးပြည့်ပြည့်မောင်၊ အိအိချွန်၊ ပွင့်၊ ထက်ထက်မိုးဦး၊ မမြင့်မြင့်သန်း ညီအစ်မခုနစ်ဖော်တို့က ပါဝင်သီဆိုဖျော်ဖြေကာ ကုသိုလ်ပြုကြမည်ဖြစ်သည်။ နိုဝင် ဘာလ ၂၂ ရက်နေ့ည မိုင်ဒါကွင်းတွင် မြို့ရွှေမန်းသားလေး ဖိုးချစ်တို့ကတဲ့ဇာတ်အလှသဘင်က မိုးအလင်းတင်ဆက် ကပြမည်ဖြစ်ပြီး ညဘက်အလှပြဖျော် ဖြေရေးယာဉ် အစီအစဉ်ပိုင်းတွင် ရဲအောင်၊ မေသဉ္ဇာဦး ၊ ကျော်ကျော်ဗို၊ အေးဝတ်ရည်သောင်း၊ ရွှေသမီး၊ ထွန်းထွန်း၊ မိုးပြည့်ပြည့် မောင်၊ ပွင့်၊ နေထက်လင်း ၊နေမျိုးအောင်၊ ယွန်းရွှေရည်၊ ခရစ္စတီးနား၊ နေဒွေး၊ မိုးထက်မြင့်၊ မင်းရာဇာ၊ ဖူးစုံ၊ မိုးယံ ဇွန်၊ မေကဗျာ၊ ဂျေညီညီ၊ ကက်သရင်းမီးမီး၊ သူထူးစံ၊ ပွင့်နဒီ မောင်၊ မင်းညီတို့က ပါဝင်သရုပ်ပြဖျော်ဖြေမည်ဖြစ်သည်။

ဗဟိုစင်မြင့်တွင်လည်း Sound Square Music Band နှင့်အတူ စိုင်းစိုင်းခမ်းလှိုင်၊ သာဒီးလူ၊ အောင်ထက်၊ ကလုံး၊ ဇော်ပိုင်၊ သားငယ်၊ ဇော်ပိုင်၊ စိုးပြည့်သဇင် ၊ ပိုပို၊ Jewel၊ အိုင်ရင်းဇင်မာမြင့် ၊ ဘီလီလမင်း အေး၊ Lဆိုင်းဇီတို့မှ ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်သည်။

နှစ် ၅ဝဝ ပြည့်မှစတင်၍ တောင်ငူခေတ်၏မင်းခမ်းမင်းနား ပုံရိပ်များကို တောင်ငူခေတ်ကို ပြန်လည်ရောက်ရှိသွားသကဲ့သို့ အကြီးကျယ်အခမ်းနားဆုံးဖြစ် အောင် နိုင်ငံကျော်အနုပညာရှင်များစွာဖြင့် ကျင်းပလာခဲ့ရာယခုနှစ်ပွဲကိုလည်း ယခင်နှစ်များထက် ပိုမိုကြီးကျယ် ခမ်းနားစွာ ဆင်ယင်ကျင်းပမည်ဖြစ် ကြောင်းသိရ သည်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here