အဆိုတော် ဝိုင်းလေးအတွက် အမှတ်တရ ဖြစ်စရာ သီတင်းကျွတ် လပြည့်ညလေး

0
242

ဒီနှစ်သီတင်းကျွတ်ကတော့ ဝိုင်းလေးအတွက် အမှတ်တရဖြစ်စရာတွေအပြည့်နဲ့ ထူးခြားနေပါတယ်။ မြူးဇစ်ပိုင်းကို ပြောမယ်ဆိုရင် ‘သီတင်းကျွတ်ညလေးတစ်ည’ ဆိုတဲ့ သီချင်းဟောင်းလေးကို ပြန်လည်သီဆိုပြီး အွန်လိုင်းကနေ ဖြန့်ဖြစ်ခဲ့တယ်။ ဒီနှစ်ကတော့ Music Video ရိုက်ကူးဖို့ မမီတော့တဲ့အတွက် နောက်နှစ်ကျမှ ရိုက်ကူးဖြစ်မယ်လို့လည်း ဝိုင်းလေးက ပြောပါတယ်။ သီချင်းလေးကတော့ ဝိုင်းလေးရဲ့ အသံချိုချိုလေးနဲ့ တစ်မျိုးတစ်ဘာသာ နားထောင်လို့ ကောင်းနေ ပါတယ်။ နောက်တစ်ခုက သီတင်းကျွတ် လပြည့်နေ့ညပိုင်းမှာ ရွှေတိဂုံစေတီ တော်မြတ်ကြီး ရင်ပြင်တော်ကို တံမြက်စည်းလှည်းပြီး ကုသိုလ်ယူခဲ့ကြတာပါပဲ။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဝိုင်းလေးက…

”ဝိုင်းလေးတို့ သူငယ်ချင်းတွေနဲ့ အတူတူ ရွှေတိဂုံဘုရားမှာ ည ၁ဝ နာရီလောက်ကနေစပြီး ရင်ပြင်မှာ သန့်ရှင်းရေးတွေလုပ်ကြတယ်။ တံမြက်စည်းတွေလှည်း ကြတယ်။ ည ၁၂ နာရီနောက်ပိုင်းကျတော့ ဘုရားရင်ပြင်တော်ပေါ်မှာ ကျန်တဲ့ ဂေါပက အဖွဲ့တွေရော၊ ဘုရားမှာရှိတဲ့ သူတွေရော အားလုံး အားလုံးအတွက် စတုဒိသာကျွေးဖို့ဆိုပြီးတော့ ပြင်ဆင်ကြတယ်။ ည ၂ နာရီလောက်အထိ ကို ဘုရားရင်ပြင်တော်ပေါ်မှာ ရှိနေဖြစ်ကြတယ်။ တအားကို အမှတ်တရ ဖြစ်တဲ့ သီတင်းကျွတ်လပြည့် ညလေးဖြစ်ခဲ့ပါတယ်” လို့ ပြောပြပါတယ်။

ဝါကျွတ်မှာတော့ ကိုယ်တိုင် က မကျွတ်သေးပေမယ့် စွံကြ၊ ကျွတ်ကြတဲ့ သူငယ်ချင်းတွေရဲ့ မင်္ဂလာပွဲတွေမှာ သတို့သမီးအရံလုပ်ပေးနေတာ ၃ ခေါက်တောင် ကျော်သွားပါပြီလို့ သူက ဆက်လက်ပြောပါတယ်။ ဒါဆို သတို့သမီးအရံ ၃ ခါလုပ်ပေးလို့ ကျော်သွားရင် အပျိုကြီးဖြစ် မလားဆိုတဲ့အပေါ်ကို ဝိုင်းလေးက ရှက်ရယ်ရယ်လို့နေပါတယ်။ ပွင့်လင်း ရာသီ ဝိုင်းလေးရဲ့ အနုပညာလှုပ်ရှားမှုတွေက…

”ဝိုင်းလေးအနေနဲ့ ထွက်တာ ၄ပုဒ်ပဲရှိသေးတယ်ပေါ့နော်။ အဲဒီ အပေါ်မှာ ပရိသတ်တွေရင်ထဲကိုလည်း ရောက်တယ်ဆိုတော့ နောက် ထပ်လုပ်ဖို့အတွက် တအားတာဝန် ကြီးတယ်လို့ ခံစားရတယ်။ အဲဒီအတွက် သေသေချာချာလေးလုပ် နေပါတယ်။ မကြာခင် Single Song အနေနဲ့ ထပ်ပြီးတော့ လာပါမယ်။ ဝိုင်းလေးရဲ့ ဒုတိယမြောက် တစ်ကိုယ်တော် အခွေဖြစ်တဲ့ ‘Wyne’ Audio CD Album လေးအတွက် Music Video ရိုက်ကူးနေပါ တယ်။ အဲဒီ Album လေး ပရိသတ်လက်ထဲကို ပေးဖို့ရှိပါတယ်” လို့ သူက ပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here