သက်ပြင်းရှည်နဲ့ စီးမျောခဲ့တဲ့ “မီ”

0
301

”မီ” အထူးပွဲမှာ ထူးခြားတာ ကတော့ ဇာတ်ကားထဲမပါတဲ့ အနု ပညာရှင် အတော်များများ တက် ရောက်အားပေးခဲ့ကြတာရယ်၊ ဇာတ် ဆောင်တွေက ဇာတ်ကောင်စရိုက် အတိုင်း ဝတ်ဆင်ပြီး ပွဲတက်လာကြ တာရယ် (လန်ချားကုလားလုပ်တဲ့ ဇာတ်ပို့တွေက အစ)၊ လာကြည့်တဲ့ ပရိသတ်ကလည်း ၁၉၅ဝ ပြည့်နှစ် တွေက အခြေအနေကို ဈာန်ဝင်စား ခံစားရလာအောင် အဲဒီခေတ် ဖက် ရှင်တွေနဲ့ လာကြည့်ကြတာရယ်တွေ က ရုပ်ရှင်လောကရဲ့ ခေတ်သစ် Marketing ပညာနဲ့ ဈေးကွက်ထိုး ဖောက်မှုအသစ်တစ်ခုအဖြစ် မြင် တွေ့ရပါတယ်။


ဇာတ်ကားအနေနဲ့တော့ အ တော်သပ်ရပ်တယ်ဆိုတာ အနုပညာ ရှင်တိုင်း ပြောကြပါတယ်။ ဒါရိုက်တာ ဏကြီးဟာ သူ့ကိုယ်သူ နငယ်မဟုတ် ကြောင်း သေချာကြွားလိုက်နိုင်တဲ့ ကားပဲ။ စေ့စပ်မှုတွေ စေတနာနဲ့ ပညာရောစပ်မှုတွေကို လူငယ်တွေ လုပ်နိုင်တယ်ဆိုတာ သူက သက်သေ ပြပေးသွားတယ်။ ကိုယ်တွေအနေနဲ့ လည်း ၅ မိနစ် ဗီဒီယို Clip လေးတွေ လုပ်တာတောင် Team မဖြစ်တာ တွေ၊ မသပ်ရပ်နိုင်တာတွေ၊ မသုံးနိုင် တာတွေရှိတာမို့ ဒီဇာတ်ကားကို Negative Feedback နဲ့ မဝေဖန် ရဲဘူး။ လတ်တလော ကိုယ်ကိုယ်တိုင် က ကင်မရာကို စိတ်ဝင်စားနေချိန်မို့ ဇာတ်ကားရဲ့ Camera Work တွေ ကို အရသာခံရင်း ကြည့်ရတာကို အနှစ်သက်ဆုံးပါပဲ။


ပိုင်ဖြိုးသုအနေနဲ့တော့ သူဟာ ဇာတ်ရုပ်တွေကို ဘယ်လောက်တောင် ပိုင်နိုင်လဲဆိုတာ မှတ်ကျောက်တင်ခံ ချင်လို့ ဒီဇာတ်လမ်းကို သူတို့သား အမိရွေးခဲ့ကြတာလို့ထင်တယ်။ သုသု အလုပ်လုပ်ရင် ကြိုးစားထားမှန်းသိ သာစေတာအမြဲပဲ။ သူရတဲ့ အောင် မြင်မှုတွေရဲ့နောက်မှာ ရှိနိုင်တဲ့ သူ့ရဲ့ ပေးဆပ်မှုတွေ၊ နာကျင်မှုတွေကို လည်း ကြုံရင်တော့ မေးကြည့်ချင် သေးတယ်။ သုသုက ‘မီ’ဖြစ်နေချိန် ကြည့်ရတဲ့ သူတွေကလည်း ‘မီ’ဖက် ရှင်တွေနဲ့ဆိုတော့ ‘မီ’လိုက်ဖြစ်ကြ သလားဆိုတာလည်း စပ်စုချင်သေး တယ်။ ကိုယ်ကတော့ သက်ပြင်းချဖို့ မေ့မေ့နေလို့ ‘မီ’ကြောင့် သက်ပြင်း တစ်ခါချရင် အရှည်ကြီးချမိသွား တယ်။ သရုပ်ဆောင်တွေရဲ့ အဓိက အလုပ်ဖြစ်တဲ့ လူတိုင်း (ကိုယ့်ပရိ သတ်တင်မက)ကို ဆွဲဆောင်ထားနိုင်တဲ့၊ ယုံကြည်စေတဲ့ သရုပ်ဆောင် ဆို တာကို ဝင်စားပြီး ရိုရိုသေသေလုပ်ပြ သွားနိုင်တယ်။


ဒိုတီဝတ်စုံဝတ်ထားတဲ့ ဟိန္ဒူ တွေလည်း ရုပ်ရှင်ကြည့်နေကြတာ တွေ့တယ်။ အဲဒီအထဲက ‘ဆွာမိ’ဆိုတဲ့ လူကိုမေးကြည့်တော့ ‘နေတိုး’လို မင်း သားကြီးနဲ့ တစ်ကားထဲမှာပါရလို့ ပျော်တာပေါ့တဲ့။ ကျွန်တော်တို့ကို ရိုက်တုန်းက ဇာတ်ကား အချိတ်အ ဆက်တွေ ဘယ်လိုလုပ်မှာ ပါလိမ့်လို့ စိတ်ဝင်စားခဲ့တာ ခုလိုပြန်ကြည့် တော့ တအားလှတဲ့ ဇာတ်ကွက်တွေ ပဲလို့ ကြည်ကြည်နူးနူး ပြောပြတယ်။


ဒီဇာတ်ကားအပြီးမှာ ဘာသင် ခန်းစာရလဲဆိုတာကိုလည်း နောင် ရုံ တင်ရင် ပရိသတ်တွေကို မေးသင့် တယ် ထင်တယ်။ ကိုယ့်အနေနဲ့တော့ ဒီလိုမိန်းကလေးမျိုး၊ မီရဲ့ ဘဝဖြတ် သန်းမှုမျိုးတွေနဲ့ စိမ်းပါတယ်။ အဲဒီ လို မိန်းကလေးတွေ မများပါစေနဲ့လို့ ကျိတ်ဆုတောင်းမိတယ်။ လူတစ် ယောက်ရဲ့ ဘဝကို နစ်နာသွားအောင် လုပ်မိလိုက်တာဟာ အခိုက်အတန့် လေးပေမယ့် အကျိုးဆက်က တစ် ဘဝလုံးကို သယ်ဆောင်သွားတတ် တာတွေ၊ စော်ကားလိုက်တာ တစ် ယောက်တည်းပေမယ့် ‘မီ’လို အခြေ အနေမျိုးထဲမှာ တဝဲလည်လည် ဖြစ် ပြီး ပြန်မထွက်နိုင်ဘဲ ဆင့်ပွား ပြဿ နာတက်သွားတဲ့ လူတွေ အများကြီးရှိ နိုင်တာ သတိထားကြရမှာပါ။
ထုတ်ဝေသူ၊ ဒါရိုက်တာ၊ သရုပ် ဆောင် မိသားစု (Dr နွယ်ဦး၊ သမီးနဲ့ သမက်)ရဲ့ အနုပညာအပေါ် မြတ်နိုး မှုတွေကို ဒီဇာတ်ကားမှာ ထင်ထင် ရှားရှားတွေ့ရတာမို့ နောင်ကို မတူ တဲ့ ဇာတ်တွေနဲ့ Innovative Creative ဖြစ်တာတွေ ထပ်ကြည့် ချင်ပါသေးကြောင်း ..

ငွေသော်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here