မင်းသွေး၊ ညီမင်းခိုင်၊ သားငယ်တို့ရဲ့ သုံးယောက်တွဲအခွေ ဘယ်အချိန်ထွက်ရှိလာမလဲ

0
290

တေးရေး တေးဆို ညီမင်းခိုင်က သူငယ်ချင်းတွေဖြစ်တဲ့ သရုပ်ဆောင်မင်းသွေး၊ အဆိုတော် သားငယ်တို့နဲ့ သုံးယောက်ပေါင်းပြီး သီချင်းခွေ တစ်ခွေထုတ်ဖို့ ပြင်ဆင်ထားခဲ့ပေမယ့် မင်းသွေးက ရုတ်တရက် ကွယ်လွန် သွားခဲ့ပါ တယ်။ ဒါကြောင့် အဲဒီသီ ချင်းခွေနဲ့ပတ်သက်ပြီး ဘယ်လိုဆက်လုပ်သွားဖို့ရှိလဲလို့ မေးကြည့်တဲ့အခါမှာတော့ ညီမင်းခိုင်က အခုလို ပြောပါတယ်။

”အခွေမှာက တစ်ယောက်ကို သီချင်း ၃ ပုဒ်စီပေါ့နော်။ သုံးယောက် ပေါင်း တစ်ပုဒ်ပါတယ်။ အကုန်လုံး ၁ဝ ပုဒ်ပေါ့ နော်။ ၁ဝ ပုဒ်မှာ မင်းသွေးကတော့ အစ်ကို့သီချင်းတစ်ပုဒ်ကို အပြီးဆိုသွားတယ်။ နောက်တစ်ပုဒ်ကိုကျတော့ ကြမ်း ချောလေးပေါ့။ ကြမ်း၊ ချောဆိုတာက ထည့်ရင် လည်း ရတာပေါ့။ အမှတ်တရအနေနဲ့ ထည့် မှာပေါ့။ နောက်ပြီး သုံးယောက် သီချင်းကို လည်း သူဆိုသွားပါတယ်။ ဖော်ကာရဲ့ သီချင်းတစ်ပုဒ်ပဲ သူမဆို ဖြစ်လိုက်ဘူး။ အဲဒီအခွေလေးက သူရှိတုန်းကတော့ ၁၂ လပိုင်း နောက်ဆုံးထားပြီး ထွက်ဖို့ စီစဉ် ထားတယ်။ သူမရှိတော့တဲ့ အချိန်ကျ တော့ နောက်ကို နည်းနည်း ဆုတ် သွားလိမ့်မယ်ထင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အခုအချိန်မှာ အစ်ကိုတို့ သီချင်းဆို ဖို့လည်း အဆင်မပြေသေးဘူးဆိုတော့ လုပ်ရကိုင်ရတာတွေ နည်းနည်းတော့ခက် နေတယ်” လို့ သူငယ်ချင်းသုံးယောက် ထွက်ရမယ့် အခွေအကြောင်းနဲ့ ပတ်သက် ပြီး ညီမင်းခိုင်က ပြောပါတယ်။

နိုဝင်ဘာ ၃ ရက်နေ့မှာ သရုပ်ဆောင် မင်းသွေး ကွယ်လွန်တာ ၁ လ ပြည့်ခဲ့ပြီပဲ ဖြစ် ပါတယ်။ ကွယ်လွန်သွားတဲ့ သူငယ်ချင်းနဲ့ပတ် သက်ပြီး ဘယ်အချက်တွေကို သတိရနေလဲလို့ မေးကြည့်တဲ့အခါမှာတော့ ညီမင်းခိုင်က…

”သူ့သတင်းကြားကတည်းက တအားကို ထုံသွား တာ။ ငိုလို့ မရဘဲဖြစ်နေတာ။ အခု ထက်ထိလည်း တစ် ယောက်တည်းဆိုရင် သူ့အကြောင်းတွေ တွေးဖြစ်နေတယ်။ သူနဲ့ သွားလာခဲ့တာ၊ ပျော်ရွှင်ခဲ့တာတွေကိုပဲ ပြန်တွေးဖြစ် နေတယ်။ အခုထိ မမေ့နိုင်သေးဘူး”လို့ မင်းသွေးနဲ့ပတ် သက်ပြီး အမှတ်တရတွေကို ပြောပြခဲ့ပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here