ကျောက်ကပ်ဝေဒနာရှင် ကစ်ကစ်အတွက် အလှူငွေများ လိုအပ်လျက်ရှိ

0
481

ဟာသသရုပ်ဆောင် ကစ်ကစ် ဟာ ကျောက်ကပ်ဝေဒနာ ခံစားနေ ရတဲ့အတွက် နိုဝင်ဘာ ၂ ရက်နေ့က ရန်ကုန်မြို့ ခုတင် ၅ဝဝ ဆေးရုံသစ် ကြီးကို အရေးပေါ်တင်လိုက်ရပါ တယ်။ ကစ်ကစ်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး တေးရေး မင်းကိုတင် ထားတဲ့ ပို့စ်ကို ဖတ်လိုက်ရတဲ့ သရုပ် ဆောင်ခင်သဇင်က သူငယ်ချင်းဖြစ် သူတွေနဲ့အတူ သွားရောက် အလှူငွေ ပေးအပ်လှူဒါန်းသလို အခုအချိန် မှာလည်း အနားမှာ လိုအပ်တာတွေ ကို ဖြည့်ဆည်းပေးနေပါတယ်။ ကစ် ကစ်ဟာ ငယ်စဉ်က အချိုတွေတအား စားတဲ့အတွက် ကျောက်ကပ်ပျက်စီး သွားရတာ ဖြစ်တယ်လို့ သိရပါတယ်။ ကစ်ကစ်ရဲ့ ကျန်းမာရေးအခြေအနေ ကိုတော့ ခင်သဇင်က …

”မကစ်က အရေးပေါ်အခြေ အနေနဲ့ ဆေးရုံရောက်လာရတယ်။ သူအသားယားလို့ ကုတ်လိုက်တာမှာ အသားလေးနည်းနည်းပဲ့သွားတော့ အထဲက ရေတွေထွက်လာပြီ။ အဲဒီ ရေထဲမှာ ဆီးတွေပါ ပါလာပြီ။ သူ့ တစ်ကိုယ်လုံးက ဖောရောင်ပြီး လက် တွေဆို ပေါက်ပြဲထွက်တော့မယ်။ မနက်ပိုင်းမှာ မကစ်ရဲ့ဆေးစာရွက် ကို ဓာတ်ပုံရိုက်ပြီး ဖေ့စ်ဘွတ်ခ်တင် လိုက်တယ်။ မကစ်ရဲ့ ကံတအား ကောင်းပါတယ်။ US က ဆရာဝန် တွေကပါ ဇင့်ကို ဆက်သွယ်လာပြီး တော့ မကစ်ကို ဆေးရုံတင်ပါလို့ ဝိုင်းပြောကြတယ်။ အခုတော့ ဆေးရုံ တင်ထားပြီးတော့ မကစ်က ၂ လ ၃ လတန်သည် ဆေးနေရမယ်။ ဆေးပြီး ရင် ကျောက်ကပ်အလှူရှင်ကို ရှာရ မယ်။ တူတဲ့သူရှိမယ်ဆိုရင် အစားထိုး ကုသမှုခံရမယ်။ မဟုတ်ဘဲနဲ့ ဒီ အတိုင်းပဲ ဆက်နေမယ်ဆိုရင် မကစ် ကို အသက်ပါ မကယ်နိုင်ဘူးဖြစ်သွား မယ်။ မနက်ကဆို အမောပါဖောက် နေပြီ။ မကစ်ကလည်း စိတ်ဓာတ်ကျ တာပေါ့။ သူ့မှာ ယောက်ျားကလည်း ဆုံးသွားပြီ။ သမီးလေးကလည်း တစ်ယောက်ပဲ ရှိတယ်။ ဆွေမျိုးသား ချင်းကလည်း မရှိဘူး။ သမီးလေး ကလည်း အခုမှ ၁ဝ တန်းပဲ ရှိသေး တယ်။ နှလုံးရောဂါလည်း ရှိတော့ တစ်ချိန်လုံးမူးလဲနေတယ်။ အားကိုး လို့ မရဘူးပေါ့” လို့ ပြောပါတယ်။

အခုလက်ရှိမှာ ခင်သဇင်က အလှူ ငွေ ကျပ် ၁ဝ သိန်းလှူဒါန်းသလို တခြားစေတနာရှင်များရဲ့ လှူဒါန်း ငွေ အပါအဝင် စုစုပေါင်း ကျပ် သိန်း ၃ဝ ရရှိထားတယ်လို့ သိရပါတယ်။ ကျောက်ကပ်ဆေးတာကို တစ်ပတ် ၂ ကြိမ်ပြုလုပ်ရမှာဖြစ်ပြီး တစ်လကို ၈ သိန်းကျပ်ဝန်းကျင် ကုန်ကျမှာဖြစ် တဲ့အတွက် အခုလက်ရှိအလှူငွေဟာ ၃ လစာလောက်ပဲ ရှိတယ်လို့သိရပါ တယ်။ ကစ်ကစ်ကို လှူဒါန်းချင်သူ တွေအနေနဲ့ ခင်သဇင်ရဲ့ KBZ MBANKING- 239301239001 07301 KHIN THAZIN ကို ထည့် ဝင်လှူဒါန်းနိုင်မှာဖြစ်ပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here