သူစိတ်ချမ်းသာဖို့က အဓိက နံပါတ်တစ်ပဲ မယ်လိုဒီရဲ့ ခင်ပွန်းကိုသာကောင်း

0
467

ပရိသတ်တွေ ချစ်ခင်ကြတဲ့ သရုပ်ဆောင် မယ်လိုဒီဟာ ခင်ပွန်းဖြစ်သူ ကိုသာ ကောင်း၊ သားသား သိဒ္ဓိစစ်တို့နဲ့အတူ မိသားစုဘဝလေးကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေကြပါတယ်။ ပရိသတ်တွေ သဘောကျ၊ အားကျကြတဲ့ အနုပညာရှင် မိသားစုတွေထဲမှာ မယ်လိုဒီတို့ မိသားစုလည်း အပါအဝင်ပါပဲ။ ဇနီးဖြစ်သူ ဖြစ်ချင်တဲ့ အရာတိုင်းကို နားလည်ဖြည့်ဆည်းပေးနေတဲ့ ကိုသာကောင်းက မယ်လိုဒီ စိတ်ချမ်းသာဖို့သာ အဓိက နံပါတ်တစ်ပဲလို့ အခုလို ပြောပါတယ်။

”သူစိတ်ချမ်းသာဖို့က အဓိက နံပါတ်တစ်ပဲလေ။ ပြီးတော့ သူအနု ပညာလုပ်တာကလည်း ကျွန်တော်တို့ အိမ်ထောင်ရေးလည်း ဘာမှထိခိုက်စရာ မရှိတဲ့အတွက် သူပျော်ရွှင်တဲ့ အနုပညာအလုပ်ကို သူအဆင်ပြေအောင် လုပ်ဖို့ ပါပဲ။ သူပျော်နေတာမြင်ရင် စိတ်ချမ်းသာတယ်။ ရုပ်ရှင်ရိုက်ကူးတာလည်း သူ့ရဲ့ Professional အလုပ်ဖြစ်နေတဲ့အတွက် ကျွန်တော်က နားလည်ပေးတယ်။ အဲဒီဟာနဲ့ ပတ်သက်ပြီး သူ့အနုပညာအလုပ် လုပ်တာနဲ့ ပတ်သက်ပြီးတော့ နားလည်ပေးရမှာပေါ့ နော်။ တစ်ယောက်နဲ့ တစ်ယောက်နဲ့ ဒါဘယ်အိမ်ထောင်မှာပဲမဆို ယောက်ျားမိန်းမတွေမှာ တစ်ယောက် ရဲ့ Professional ကို တစ်ယောက် လေးစားပြီး တစ်ယောက်လုပ်နေတဲ့ ဟာကို ဖြည့်ဆည်းပေးရမှာပေါ့။ သူ့ကိုချစ်တဲ့အတွက် ကျွန်တော် ကတော့ အကုန်လုံးကို နားလည် ပေးရမှာပဲလေ။ ကိုယ်က သူ့ကို ချစ်နေတာကိုး။ ဒါကြောင့် သူ ဝါသနာပါတဲ့ အနုပညာအလုပ်ကို သူလုပ်နေတဲ့အတွက် ပျော်ရွှင် တယ်။ သူပျော်ရွှင်တဲ့အတွက် ကျွန်တော် ကျေနပ်တယ်။ သူ့ရဲ့ အနုပညာပိုင်းနဲ့ပတ်သက်ပြီး ကျွန်တော် နားမလည်ပေးမယ့် သူလိုအပ်တာရှိရင် ကျွန်တော် အကုန်လုပ်ပေးမှာပါ”လို့ ဇနီးသည် အပေါ် နားလည်မှုထားရှိပုံနဲ့ ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။

သဲစုလှိုင်၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here