အိမ်ထောင်တစ်ခု တည်မြဲဖို့က နားလည်မှုတွေရှိဖို့ လိုတယ်မယ်လိုဒီ

0
348

သရုပ်ဆောင် မယ်လိုဒီကတော့ လတ်တလောမှာ အနုပညာနဲ့ပတ်သက်ပြီး ရုပ်ရှင်ဇာတ်ကားတွေ၊ ကြော်ငြာတွေရိုက်ကူးဖြစ်နေသလို သူ့ရဲ့ စီးပွားရေးပိုင်းမှာလည်း လစ်ဟာမှုမရှိအောင် အလုပ်တွေ ကြိုးစားနေတယ်လို့ သိရပါတယ်။ သားလေးတစ် ယောက်နဲ့ ပျော်ရွှင်တဲ့မိသားစုကို ပိုင်ဆိုင်နေတဲ့ မယ်လိုဒီကို အိမ် ထောင်တစ်ခုတည်မြဲဖို့ ဘာတွေလိုအပ်သလဲဆိုတဲ့အကြောင်း မေးမြန်းကြည့်တဲ့အခါမှာတော့ မယ်လိုဒီက…

”အိမ် ထောင်တစ်ခုတည်မြဲဖို့က တစ်ယောက်ကို တစ် ယောက် အပြန်အလှန် နားလည်မှုတွေရှိဖို့ လိုတယ်။ သည်းခံတဲ့စိတ်ရှိဖို့လည်း လိုတယ်ပေါ့နော်။ ယောက်ျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် ကိုယ့်ကို နားလည်တယ်။ ကိုယ့်ကိုသည်းခံ တယ်ဆိုရင် ပိုတိုးပြီး ချစ်လာတာထက် ပိုပြီး လေးစားမှုတွေ ဖြစ်လာတာပေါ့နော်။ ချစ်တာ ကတော့ တိုးတာလျော့တာ မရှိတတ်ဘူးလား လို့လေ။ သံယောဇဉ်လည်း ပိုရှိလာတယ်။ ပို လည်း နားလည်လာတယ်။ မျိုးက ကျတော့ တအားအားကိုးတတ်တယ်။ အားကိုး တတ်တဲ့အချိန်ကျတော့ တချို့ စာရိုက်တဲ့ သေးသေးလေးတွေ တောင်မှ ခါတိုင်းဆို ကိုယ့် ဘာသာ အားစိုက်ပေမယ့် အခုအားမစိုက်ဘူး။ သေး သေးလေးက အစ မှီခို တတ်တယ်ပေါ့နော်။ အဲဒီလို အများကြီးပါပဲ။ အချက်တွေ ပါပဲ။ မျိုးက နည်းနည်း ဆရာလုပ်တတ်တဲ့အကျင့် ရှိတော့ သူက ကိုယ့်ကိုဦး ဆောင်နိုင်တဲ့ ယောက်ျားမျိုး ၁ဝဝ ရာခိုင်နှုန်း မရှိပါဘူး။ နည်းနည်းတော့ ကလန်ကဆန်လုပ် တာရှိတယ်။ ပြီးတော့လည်း ကိုယ်လုပ် တာမဟုတ်မှန်းသိတော့ နားထောင်ရ တာပါပဲ (ရယ်လျက်)”လို့ ပြောပါတယ်။

သားလေး အဖော်ရအောင် နောက် ထပ်ရင်သွေးယူဖို့ အစီအစဉ်များရှိမလား လို့ မေးကြည့်တဲ့အခါမှာတော့ မယ်လိုဒီ က….

”ကုန်ဈေးနှုန်းတွေကျပြီး ကျောင်း စရိတ်သက်သာရင် နောက်တစ် ယောက်မွေးမှာပါ (ရယ်လျက်)။ နောက်တစ်ခုကမျိုး အမြင် တစ် ယောက်တည်းကျတော့ အထီးကျန် တယ်ဆိုတာ ဖြစ်ကောင်းဖြစ်နိုင်ပါ တယ်။ တချို့ကျတော့လည်း သူတို့မှာ ညီအစ်ကို မောင်နှမရှိတာကို မကြိုက် ဘူး။ အဲဒီလိုမျိုးလည်း ရှိတယ်ဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ခံစားချက် က မတူဘူးလေ။ သားအတွက် ဘဝက အပေါင်းအသင်းတွေ ရှိလာမှာပါ”လို့ ပြောပြခဲ့ပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here