တရုတ် မဂ္ဂဇင်းတစ်ခုရဲ့ မျက်နှာဖုံးမှာဖော်ပြခြင်း ခံရသူ ပိုးကြာဖြူခင်

0
353

ဆိုင်းမိုင်လို့ လူသိများနေတဲ့ သရုပ် ဆောင် ပိုးကြာဖြူခင်က ကမ္ဘာတစ်ဝန်း လုံးကိုဖြန့်ချိလျက်ရှိတဲ့ တရုတ်မဂ္ဂင်း တစ်ခုရဲ့ မျက်နှာဖုံးမှာ ဖော်ပြခြင်းခံခဲ့ ရပါတယ်။ ဒီမဂ္ဂဇင်းကတော့ ကျန်း မာရေးနဲ့ တရားဘာဝနာနဲ့ပတ်သက် တဲ့အကြောင်းတွေကို ဖော်ပြပေးနေ တဲ့ မဂ္ဂဇင်းတစ်ခုပါ။ ဒီမဂ္ဂဇင်းမှာ ဖော်ပြခံရတဲ့အတွက်လည်း တရုတ်၊ စင်ကာပူ၊ မလေးရှားနဲ့ ကနေဒါနိုင်ငံများမှ ပရိသတ်တွေရဲ့ အားပေးခြင်းလဲခံခဲ့ရပါတယ်။ အခုလိုဖော်ပြခံခဲ့ရပုံကိုတော့ ပိုးကြာဖြူခင်က . . .

”ညီမ ဒီမဂ္ဂဇင်းမှာ ရိုက်ဖြစ်တဲ့အကြောင်းကတော့ သူက ကနေဒါအခြေစိုက်ဆရာတော်ဂျင်ဘောဓိရဲ့ နိုင်ငံတ ကာမှာရှိတဲ့ တရားစခန်းတွေ၊ မြန်မာနိုင်ငံမှာလည်း တရားစခန်းတွေရှိတယ်။ အဲဒီတရားစခန်းကို ညီမ မိသားစုနဲ့သွားရောက်ပြီး တရားစခန်းဝင်ဖြစ်တယ်။ မြန်မာနိုင်ငံဘက်ကနေ တရုတ်အခြေ စိုက် Volunteer တွေကနေ ဟို ဘက်ကို လှမ်းပြီးသတင်းပို့ တယ်။ ဒီမှာနာမည်ကြီးတဲ့ မင်း သမီးတစ်ယောက် သူတို့ဆီမှာ တရားစခန်းဝင်တယ်ပေါ့။ အဲဒါ ဆိုရင် အခုထွက်မယ့် မဂ္ဂဇင်း မျက်နှာဖုံးအတွက်ကို ဒီ မင်းသမီးနဲ့ သုံးချင်တယ် ပေါ့။ ဒါပေမဲ့ သူတို့မင်း သမီးဆိုတာမျိုးမလိုချင်ဘူး။ တ ကယ်တရားဓမ္မမှာ မွေ့လျော်ပြီးတော့ ငြိမ်းချမ်းတဲ့မိန်းက လေးပုံစံမျိုးပဲလိုချင်တယ်တဲ့။ အဲဒါကြောင့် ဆံပင်ကိုလည်း ဘာမှမလုပ်ခိုင်းဘူး။ မိတ်ကပ်က အစ သဘာဝဆန်တဲ့ ပုံစံကိုရွေးချယ်ပြီးတော့ တရုတ်ပြည်ကလူတွေ မြန်မာ နိုင်ငံမှာလာ ရိုက်သွားတာပါ။ မရိုက်ခင်ကတည်းက တအားရင်ခုန်တယ်။ ကိုယ့်အတွက် အတွေ့အကြုံအသစ်ကြီးပေါ့။ တစ်ကမ္ဘာလုံးကိုဖြန့်တဲ့ မဂ္ဂဇင်း ဆိုတော့ ကိုယ်လည်း တအားပေါက်တယ်။ ဆရာတော်ဘက်က အသိမှတ်ပြုပြီး ကမ်းလှမ်းတဲ့အတွက်လည်း ဝမ်းသာပါတယ်”လို့ ပြောပြခဲ့ပါတယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here