ငါတို့မြို့ကြီးမှောင်ထုတွေကြီးစိုးနေတယ်

0
236

မှိုင်းဝတဲ့ မီးပုံးပျံလို ငါတို့မြို့ ကြီးဟာ
အတွင်းမှာ မည်းပြီး
အပြင်မှာပဲ စည်ကားနေတယ်
ဒါ တို့တိုင်း တို့ပြည် တဲ့
လက်တစ်ဆုပ်စာမြေကို
တိုင်းတစ်ပါးသားတွေဆီက
ကိုယ့်မြေကို ပြန်ဝယ်နေရပြီ။
ကာဗွန်ဒိုင်တွေ အဆိပ်ခတ်ခံရပြီး
အိုဇုန်းလွှာရဲ့
ခပ်ယဲ့ယဲ့ အသက်ရှုသံအောက်
ခင်ဗျားတို့ ကျုပ်တို့တွေ
ကပ်ဆိုး ဆိုက်ခံရဖို့
သိပ်မလိုတော့ဘူး။
မန္တလေးကျုံးဘေးနားက လေကို
ရွှေတိဂုံစေတီတော်က လေကို
အင်းလျားကန်က လေကို
ရှူထား ဝအောင်ရှူထား၊
အခုတောင် အလကားရတဲ့ လေကို
ရဲရဲ မရှူရတော့ဘူး
ဆောင်ထားျြေုတွေလည်း
များများဆောင်ထား။
ခေတ်ဆိုးအဆက်ဆက်
မျိုးသုဉ်းလာတဲ့ သယံဇာတ
ဘယ်ဘဝရောက်ရောက် မမေ့ကြနဲ့
ရေနံဆီများတဲ့နိုင်ငံမှာ ဖယောင်းတိုင်က
ရောင်းအားအကောင်းဆုံး ဖြစ်ခဲ့တာလည်းမမေ့နဲ့။
၂၁ ရာစုမှာ အနော်ရထာကို သတိရကြ
ဒုဋ္ဌာဂါမဏိကို အောက်မေ့ကြ
ဘာသာတရားကျရှုံးဖို့
လက်တစ်လုံးတောင် မလိုတော့ဘူး
ကိုယ့်သမီးကို လုံအောင်ထိန်းကြ
အဖေကိုတောင် စိတ်မချရတော့ဘူး
Social Internet
ပွင့်လင်းမြင်သာတဲ့ ခေတ်မှာ
တဏှာမုဆိုးရဲ့သားကောင်ဟာ
အရွယ်မရောက်သေးတဲ့
ကလေးတွေ ဖြစ်လာခဲ့တယ်
ပန်းကောင်းတွေကို ဝန်းရံကြ
ခင်ဗျားတို့မြို့ ကြီးကို သိမ်းဖို့
ကျည်တစ်ထောင့်မဖောက်ဘဲ
ပြေးဝင်လာတဲ့ လောဘသားကောင်
ကာမခေါင်းဆောင်တွေရဲ့ စက်ကွင်းကနေ
ကာကွယ်ဖို့ အသင့်ပြင်ထားကြ
မျိုးချစ်တွေလည်း မပေါ့ကြနဲ့
ဒီမိုကရေစီအသံတွေလည်း မတိုးစေနဲ့
စည်းစည်းလုံးလုံး နေကြ
အရေးကြုံလာရင်
အိမ်ကြက်ချင်း ခွပ်တာတွေရပ်ပြီး
ကိုယ့်မျက်နှာက အိုးမည်းကို
စင်အောင် သုတ်ထားကြ
ချောင်းနေတဲ့ မြေခွေးဟာ
သတ်ကွင်းမရွေးဘူး
ကိုယ့်မြို့ကို ပြန်ယူဖို့
နပိုလီယံ မလိုဘူး
ကိုဖီအာနန် မလိုဘူး
ဟစ်တလာ မလိုဘူး
မြန်မာပြည်ရဲ့ အသက်ဟာ
သူများလက်ထဲမှာ
တစ်ချိန်က ထီးနန်းစံခဲ့တာတွေ
တသသဖြစ်နေရမယ့်
အချိန်မဟုတ်တော့ဘူး
အမြင့်က ပြုတ်ကျတဲ့ ဒဏ်က
ပိုနာတယ်ဆိုတာ သိထား
သမိုင်းတွေကောင်းခဲ့သလောက်
အခုဆို ခင်ဗျားတို့မြို့ ကြီး
မြောင်းထဲရောက်တော့မယ်
နှောင်းလူတွေပြောတဲ့
သမိုင်းရဲ့တရားခံ မဖြစ်ဖို့
ကိုယ့်မြို့ကို ချစ်ကြ
ကိုယ့်မြို့ကို ဖေးမကြ
ကိုယ့်မြို့ကို ဖက်ထားကြ။
နောင်ဆယ်နှစ်ကြာရင်
မြို့လယ်က ဘုရားတွေအစား
ကွန်ဒိုတွေ ကြီးစိုးတော့မှာ
အခုကတည်းက ဝအောင်ဖူးထားကြ
စိတ်ဓာတ်တွေ အောက်တန်းကျနေသရွေ့
မြန်မာဟာ မြန်မာပဲဖြစ်နေဦးမှာ
ဘယ်တော့မှ
စင်္ကာပူဖြစ်လာဦးမှာမဟုတ်ဘူး။
နှစ်ပေါင်းများစွာ အိပ်ပျော်နေတဲ့ ရောင်းရင်းတို့
နိုးထကြလော့
စာတွေဖတ်ကြလော့
မျက်စိကို ဖွင့်ထားကြ
နားကို စွင့်ထားကြလော့
ငါတို့မြို့ ကြီး အဖက်ဖက်က ယိုင်နဲ့နေပြီ
အားသစ်လောင်းကြရအောင်
နိုးထကြလော့။
လူငယ်တွှေနထအကြောင်းပဲ
တွေးမနေကြနဲ့
လမ်းသရဲဆန်တာတွေ ရပ်ကြတော့
မင်းမဲ့စရိုက်ဆန်တာတွေ ရပ်ကြတော့
အချင်းချင်းရန်လိုတာတွေ ရပ်ကြတော့
တိုင်းပြည်ရဲ့ အင်အားဖြစ်ဖို့
ကြိုးစားထားကြ
အောင်ဆန်းရဲ့စိတ်ဓာတ်တွေ မွေးကြ
ငါတို့မြို့ ကြီး အမှောင်ထုတွေ
ကြီးစိုးနေတယ်။
ဘာသာကို ချစ်ပါ
မြို့ကို ချစ်ပါ
မြန်မာလို့ ပြောလိုက်တာနဲ့
စုတ်ပြတ်သတ်နေတဲ့
နိုင်ငံငယ်တစ်ခုလို
မြင်နေတဲ့အမြင်တွေကို
ပြောင်းလဲကြရအောင်
လာပါ ငါတို့နဲ့အတူ
သမိုင်းသစ်ရေးရအောင်
စိတ်ထားလေးတွေ
အဖြူရောင် ဆိုးထားပါ
ရှေးအစဉ်အဆက် ယဉ်ကျေးမှုကို
ပြန်သွားရအောင်
ငါတို့မြို့ကို ငါတို့ ကယ်တင်ရအောင်
ငါတို့နိုင်ငံကို ငါတို့ ချစ်ရအောင်
လက်တွေတွဲပြီး ရှေ့ဆက်ကြရအောင်
ဒီရေဒီမြေက မင်းတို့ကို ချစ်သလို
ဒီမြေဒီရေကို မင်းတို့ ပြန်ချစ်ပါ
အကြာကြီး မနေရတဲ့ဘဝမှာ
လူငယ်တွေအတွက်
မှတ်တိုင်တစ်ခု စိုက်ထူခဲ့ရအောင်
ငါတို့မြို့ ကြီးကို
အလှဆုံးဖြစ်အောင် ဆေးခြယ်ကြစို့။

မာဧသု


LEAVE A REPLY

Please enter your comment!
Please enter your name here