မော်ဒယ်လ် တိုင်ရွန် တက်ရောက်အားပေးခဲ့တဲ့ ဖူးပွင့်ဝေ Cosmetics ဆိုင်သစ်ဖွင့်လှစ်

0
213

ထိုင်းနိုင်ငံထုတ် အလှကုန် ပစ္စည်းများကို အဓိကတင်သွင်းရောင်း ချသည့် ဖူးပွင့်ဝေ Cosmetics ဆိုင် သစ်ကို အောက်တိုဘာ ၂၁ ရက်က ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ အရှေ့ကုန်းလမ်းထိပ်တွင် ဖွင့်လှစ်ခဲ့ သည်။ အဆိုပါ ဆိုင်ဖွင့်ပွဲသို့ မော် ဒယ်လ်တိုင်ရွန်၊ မိတ်ကပ်ညီညီမောင် (စမ်းချောင်း)တို့ကလည်း တက် ရောက် ချီးမြှင့်ခဲ့ကြသည်။

”အရင်တုန်းက Online Shop တွေမှာသာဝယ်လို့ရတဲ့ ထိုင်းနိုင်ငံ ထုတ် Cosmetics ပစ္စည်းအစုံကို ဖူးပွင့်ဝေမှာ ဝယ်လို့ရနေပြီဆိုတော့ ကျွန်တော်က အနုပညာရှင်တစ် ယောက်အနေနဲ့ လာရောက်ပြီး Celebrate လုပ်တာပါ။ ဒီမှာက ကျွန်တော်တို့ ယောက်ျားလေး တွေ အတွက်က ပစ္စည်းအမျိုးအစား သိပ်မရှိပေမယ့် အမျိုးသမီးတွေ အ တွက်က တော်တော်လေး စုံလင်လှ တယ်။ ထိုင်းနိုင်ငံက တင်သွင်းတဲ့ ပစ္စည်းတွေကို ခွင့်ပြုချက်နဲ့အညီ တင်သွင်းထားတာဖြစ်တယ်။ တိုက် ရိုက်ရောင်းချတာဖြစ်တယ်။ ဖူးပွင့် ဝေ ဆိုင်ခွဲ ၃ ဆိုင် မြောက်ကနေ နောက်ထပ်ဆိုင်ခွဲများစွာ ဖွင့်လှစ် နိုင်ပါစေလို့ ကျွန်တော် ဆုတောင်း ပေးပါတယ်” ဟု တိုင်ရွန်က ပြော သည်။

လုပ်ငန်းတိုးချဲ့ချင်သည့် အ တွက် ယခုဆိုင်သစ်ကို ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း ဖူးပွင့်ဝေ၏ ပိုင် ရှင်ဖြစ်သူထံမှ သိရသည်။

”အခုနောက်ပိုင်း မိန်းကလေး တွေကြားထဲမှာ ဆံပင်တုတွေက ခေတ်စားတယ်။ အဲဒီအတွက်ကြောင့် ညီမက Cosmetics ရယ်၊ ဆံပင်ပိုင်း နဲ့ ပတ်သက်တာရယ် တိုးချဲ့ချင်တာ ကြောင့် ဒီဆိုင်လေး ဖွင့်ဖြစ်တာပါ” ဟု ၄င်းက ဖူးပွင့်ဝေ၏ ပိုင်ရှင်ဖြစ်သူ မကြည်ပြာဖူးက ပြောသည်။

p.069


LEAVE A REPLY

Please enter your comment!
Please enter your name here