ဝတ္တုတစ်ပုဒ်ကြောင့်ထော်င်နန်းစံခဲ့ရတဲ့ ဗန်းမော်တင်အောင်

0
224

(တစ်)
ယနေ့ မြန်မာနိုင်ငံ ပြည်သူလူ ထုတို့၏ ဒီမိုကရေစီလူ့အခွင့်အရေး၊ ပြည်တွင်းငြိမ်းချမ်းရေးများအား ဖျက်ဆီးပိတ်ပင်ခြင်းခံနေရသည်နှင့် အတူ၊ ပြည်သူ့သားကောင်း၊ သမီး ကောင်းများ မြောက်မြားစွာသည် အာဏာပိုင်တို့၏ လုပ်ကြံမှုအား တရားရုံးတော်များနှင့် အကျဉ်း ထောင်များ၌ အမျိုးမျိုး စွပ်စွဲခံရ လျက်၊ အမျိုးမျိုးသော ရိုက်နှက်ညှဉ်း ပန်းခြင်းကို အော်ဟစ်ညည်းတွားခံ နေရသောအချိန်၌ ….

”ပြည်တော်သာရမည်”ဟူသော ကြွေံးကြော်သံကို ကြားနေရ၏။

ယနေ့မြန်မာနိုင်ငံတော်၌ ဗမာ လူမျိုးကြီးဝါဒ၏ ဖိနှိပ်ချုပ်ချယ်မှု၊ အာဏာရှင်ဆန်ဆန် ကျင့်ကြံမှုများ ကြောင့် လူနည်းစုများ ဖြစ်ကြသော ကရင်၊ မွန်၊ ရှမ်း၊ ပအိုင်း၊ ကချင်၊ ချင်း၊ ကယားနှင့် ရခိုင်အမျိုးသားတို့ သည် ¤င်းတို့ လွတ်မြောက်ရေးနှင့် ကိုယ်ပိုင်ဆုံးဖြတ်ပြဋ္ဌာန်းခွင့်အတွက် လူးလဲရုန်းကန်နေရသော အချိန်အခါ ၌ ‘ပြည်တော်သာရမည်’ ဟူသောြေ<ွကးကြော်သံကို ကြားနေရ၏။

ယနေ့မြန်မာနိုင်ငံတော်၌ နိုင်ငံ ရေးပါတီအဖွဲ့အစည်းချင်း ညီတူ၊ မျှ တမှုသဘောမထားဘဲ ဆိုးရွားသော အာဏာရှင်စနစ်ကျင့်သုံးမှုကြောင့် ရှည်ကြာလှပြီဖြစ်သော ပြည်တွင်း စစ်မီးတောက်လောင်နေသော အချိန် အခါ၌ ‘ပြည်တော်သာရမည်’ ဟူ သောြေ<ွကးကြော်သံကို ကြားနေရ၏။

 

(နှစ်)
ကျန်သည်တို့ကား အထက်ဖော် ပြရာ ‘ပြည်တော်သာ’ စာလုံးခံထား သော ဆရာဗန်းမော်တင်အောင်၏ ‘ပြည်တော်သာ ခင်ခင်ဦး’ ဝတÄုအ ကြောင်းရေးဖြစ်ရာ အကြောင်းရင်းခံ များ။

ဆရာဗန်းမော်တင်အောင်၏ ပြည်တော်သာ ခင်ခင်ဦးကား …

ဖဆဆိုရှယ်တို့၏ ဖ.ဆ.ပ.လ အရင်းရှင်ပါလီမန်ခေတ်ကာလ၊ နောက်ခံဝတ္တု။

ပြည်တော်သာ ခင်ခင်ဦးသည် ဖ.ဆ.ပ.လ အစိုးရ၏ ယင်းတို့ အာဏာတည်မြဲရေးအတွက် ပြည်သူ အားတိုက်ကျွေးသော ဆေးခါးကြီး ဖြစ်သော ပြည်တော်သာ စီမံကိန်း အား ဝေဖန်တိုက်ခိုက်ထားသည့် တစ်ချိန်သော တစ်ခါက ဝတ္တု။

ထိုစဉ်ကာလက၊ မိမိတို့အာဏာ တည်မြဲရေးအတွက် ‘ပြည်တော်သာ ရမည်’ဟု အစိုးရသည် ‘မစားရဝခ မန်း’ြေ<ွကးကြော်ခဲ့သော်လည်း၊ ပြည် သူတို့၏ဘဝများကား ပြည်တော် မသာဘဲ၊ ဖွတ်ကျောပြာစု၊ ခရု ဆံကျွတ်ဘဝ။

တစ်ခေတ်တစ်ခါ၏ ပါလီမန် ခေတ်ဟောင်းကာလ၊ ဖ.ဆ.ပ.လ အစိုးရလက်ထက်မှာ ဝတ္တုရးသူ စာရေးဆရာသည် သူရေးသောဝတ္တု များကြောင့် ထောင်နန်းစံရပါသည် ဆိုလျှင် ထိုစာရေးဆရာသည် ဆရာ ဗန်းမော်တင်အောင်။

ဆရာဗန်းမော်တင်အောင်သည် သူရေးထုတ်သော ပြည်တော်သာ ခင် ခင်ဦး ဝတ္တုအပြင်၊ ပြည်တွင်းစစ်၊ သူ ပုန်ကြီး၊ အမေဝတ္တုများကြောင့်လည်း ထောင်ကျခဲ့ရ၏။ ဆရာဗန်းမော်တင် အောင်သည် ခေတ်စနစ်၏ မညီမျှ၊ မမှန်ကန်၊ ဖိနှိပ်မှုများကို ပြည်သူ့ ဘက်မှ ရပ်ကာ၊ နယ်ချဲ့စနစ် ဆန့် ကျင်ရေး၊ အာဏာရှင်စနစ်ဆန့်ကျင် ရေး၊ လူတန်းစားတိုက်ပွဲ၏ လူတန်း စား ပဋိပက္ခများမှာ အခြေခံလူ တန်း စား ဆင်းရဲသားများ ဘဝလွတ် မြောက်ရေးဘက်မှ ရပ်တည်ရေးသား သော ပြည်သူ့တပ်ဦးမှ ကလောင်ရှင် စာရေးဆရာ။

မည်သို့ပင်ဖြစ်ဖြစ်၊ ပြောရလျှင် တစ်ချိန်သော တစ်ခါက ကျွန်တော် တို့၏ မြန်မာစာပေလောကသည် အနှစ်သာရအပြည့်အဝရှိသည့် ပြည် သူ့စာပေအခြေခံဂန္တဝင်ဝတ္တုကာင်း များ ထွက်ရှိခဲ့သည်မှာ အမှန်ပင်။

သြော် သက်ရွယ် ၆ဝ တန်း ကျော်လာပြီဖြစ်သော ကျွန်တော်တို့ သည်ကား ရှေ့သိပ်မကျန်တော့သည့် ဘဝအပိုင်းအခြားအား သိပ်မတွေး ဖြစ်တော့ဘဲ အတိုင်းအတာတစ်ခု အထိ ရှည်လျားဖြတ်သန်းခဲ့သည့် အတိတ်ဟောင်းနှင့် ထိုအတိတ် ဟောင်း၏ စံတင်ခဲ့သော ဂန္တဝင်စာ များအား သတိရ ‘ဖြစ်’သည်မှာ သက် လွန်တန်းပြုစဖြစ်သည့် လူကြီးတန်း အရွယ်တစ်ယောက်၏ ချင်ခြင်းတပ် အာဟာရ။

သည်နေရာမှာ ကျွန်တော်သည် အလျဉ်းသင့်၍ မြန်မာနိုင်ငံ တောင် သူလယ်သမားများ ဖိနှိပ်ခံရ၍ ”ဖိ လျှင် ကြွ၊ ထိလျှင်ချ” ဖြစ်ရသော ဆရာစံအရေးတော်ပုံနောက်ခံ၊ဆရာ ဗန်းမော်တင်အောင်၏ ‘ငသြ’ ဝတ္တု အားလည်း အနည်းငယ်တင်ပြလိုသည်။ ဆရာရေးသားခဲ့သည်မှာ ငသြဆို သောအမည်နှင့် ငသြဆိုသော လယ် သမားသူပုန်ကြီးတစ်ယောက်အ ကြောင်းကို ဝတ္တုတစ်ပုဒ်ရေးရန် ကျွန်တော်အား လှုံ့ဆော်တိုက်တွန်း ပြောကြားသူမှာ သာယာဝတီခရိုင်၊ သုံးဆယ်နယ်သား ကျွန်တော်နှင့် အမည်တူ ကိုတင်အောင်ဆိုသူဖြစ် သည်။ သို့သော် ငသြအကြောင်းကို ကား တော်တော်နှင့် ကျွန်တော်မရေး ဖြစ်နိုင်ခဲ့။

ဗိုလ်ချုပ်နေဝင်း၏ ၁၉၅၈ ခုနှစ် ကြားဖြတ်အစိုးရလက်ထက်မှာ ကျွန်တော့်အား ဖမ်းဆီးထောင်ချခြင်း ပြုပြန်သောအခါ ထောင်ထဲမှာအချိန် များစွာရရှိလာခဲ့သဖြင့် ‘ငသြ’အမည် ရှိ ဝတ္တုအား ကျွန်တော်ရေးသားနိုင် ခြင်းဖြစ်တော့သည်။ ယင်းကား ‘ငသြ’ ဝတ္တုအဖွင့်မှာ ဆရာဗန်းမော် တင်အောင် ရေးသားခဲ့ခြင်း။ ငသြ ဝတÄုမှာ ‘ရည်ညွှန်းချက်’လည်း ပါ၏။ ယင်းမှာ …

”လွတ်လပ်ရေးရတယ်သာ ဆို ပေမယ့် ကနေ့အထိတော့ တို့တစ် တွေဟာ မျောက်လောင်းက မျောက် လောင်းပါပဲကွာ …”

ဟု ထိုရွာသို့ ရောက်တိုင်း ဆီး၍ ဆီး ၍ ပြောလေ့ရှိသော ပဲခူးခရိုင်၊ ထန်း တောကြီးကျေးရွာမှ အဘဖြိုးအောင် နှင့် သားချင်းများသို့ …။

ယခုစာစု၏ စာစုအဖွင့်အစ၊ ပြည်တော်သာခင်ခင်ဦးဘက် ကျွန် တော်တို့ တစ်လှည့်ကြည့်ဦးစို့။ ပြော ရလျှင် ပြည်တော်သာခင်ခင်ဦးဝတ္တု အား ဆရာဗန်းမော်တင်အောင် အ ဆုံးမသတ်နိုင်ခဲ့။

အဘယ့်ကြောင့်ဆိုသော် …

ပြည်တော်သာ ခင်ခင်ဦးဇာတ် သိမ်းခန်းကို ရေးသားနေစဉ်မှာဆရာ ဗန်းမော်တင်အောင် ထောင်တွင်း အကျဉ်းကျ၍ သွားသောကြောင့် ပုလိပ်အရာရှိများ၊ ဆရာဗန်းမော်တင် အောင်အား ဖမ်းဆီးစဉ်မှာ အတူကြုံ ဆုံခဲ့ရသော ထုတ်ဝေ သူ၏ ပြော စကားဖြင့် ယခုစာစုအား ကျွန်တော် နိဂုံးပြုလို၏။

‘နိဂုံးအားဖြင့် ပုလိပ်အရာရှိများ ဖမ်းဆီးနေသည့်ကြားမှပင် ဆရာဗန်း မော်တင်အောင်သည် သူ့ ခင်ခင်ဦး ကိုသာ စိတ်စောနေသေးသည်။
”ပြည်တော်သာ ခင်ခင်ဦး နည်း နည်းပဲ ကျန်တော့တယ် မဟုတ်လား …” ဟု မေးလာပြီး …

”ကိစ္စမရှိဘူး။ ကျွန်တော် ညကျ ရင် ပြည်တော်သာခင်ခင်ဦးကို အပြီး သတ်ရေးမယ် …” ဟု ကြုံးဝါးကာ …

”မနက်စောစော ဇာတ်သိမ်း လက်ကျန် ကော်ပီလာယူလှည့်ဗျာ …” ဟု ထုတ်ဝေသူအားမှာ ကြား နေပြန်၏။ ဖမ်းဆီးသော ပုလိပ် အရာရှိဘက်သို့ လှည့်၍လည်း …
”အချုပ်ခန်းထဲမှာ စာရေးလို့ ရတယ် မဟုတ်လား” ဟု မေးလိုက် သေး၏။

”ရပါတယ် ..” ဟူသောအဖြေ ကို နှစ်သိမ့်စွာကြားနာပြီး သူအလွန် စုံမက်သော ပြည်တော်သာခင်ခင်ဦး၏ ရုပ်ပုံလွှာမျက်နှာဖုံးပုံလေးကို ယုယု ယယ လိပ်၍ လွယ်အိတ်ထဲထည့်လိုက် ပြီး ပုလိပ်အရာရှိများ ခေါ်ဆောင်ရာ အချုပ်ခန်းသို့ လိုက်ပါသွားလေ၏။

ဆရာဗန်းမော်တင်အောင်အား အချုပ်ခန်းထဲမှာ ပြည်တော်သာခင် ခင်ဦး ဇာတ်သိမ်းခန်း ရေးခွင့်ပေး မပေးတော့ မသိ။
သိရသည်မှာကား ထိုနေ့မှစကာ ဆရာဗန်းမော်တင်အောင်အား မတွေ့ရတော့ခြင်းပင်။ ဆရာဗန်း မော်တင်အောင်သည် ၁၉၇၈ ခုနှစ်၊ အောက်တိုဘာလအတွင်းမှာ ကွယ် လွန်ခဲ့သည်ဖြစ်၍ …

ယခု ၂ဝ၁၈ ခုနှစ်၊ အောက်တို ဘာလထဲမှာ ကွယ်လွန်ခြင်း နှစ် ၄ဝ ပြည့်မြောက်ခဲ့ပါပြီ။

နိုင်ငံနှင့် ပြည်သူတို့အတွက် ဦး ထိပ်ပန်ဆင်ပြီး စာပေအနုပညာဖြင့် ခေတ်ဆိုးစနစ်ဆိုးတို့အား သံမဏိ ကလောင်အစွမ်းထက်ထက်နှင့် အမှန် တရား မြတ်နိုးသူအဖြစ် သေသည် အထိ ရပ်တည်ပြသွားခဲ့သည့် ဆရာ ကြီး ဗန်းမော်တင်အောင်၏ စာပေ ဂုဏ်ကျေးဇူးအား အောက်မေ့သိမြင် ကာ ဤဆောင်းပါးဖြင့် စာရေးသူကန် တော့ပန်းဆင်လိုက်ရပါတော့သည်။

စည်သူမြသန်း


LEAVE A REPLY

Please enter your comment!
Please enter your name here