‘၁၂ ရာသီ’Album ဟာ မြန်မာပြည်ဟစ် ဟော့ပ်လောကရဲ့ ပြောင်းလဲခြင်း အသစ်ဖြစ်မလား

0
228

အောက်တိုဘာ ၂၈ ရက်နေ့၊ ညပိုင်းက ရန်ကုန်မြို့၊ ဆာကူ ရာတာဝါ အထပ် ၂ဝ ရှိ Yangon Yangon Bar မှာ ကျင်းပခဲ့တဲ့ ‘၁၂ ရာသီ’ Album Launching Party ပွဲနဲ့အတူ မျိုးဆက်သစ် တွေဖြစ်တဲ့ Nay နဲ့ Reload တို့ နှစ်ဦးကနေပြီးတော့ သူတို့ရဲ့ မြူးဇစ်အသစ်တွေကို စတင်မိတ်ဆက်လိုက်ပါပြီ။

မြန်မာပြည်ဟစ် ဟော့ပ် ရေစီးကြောင်း စတင်သူတွေထဲက တစ်ယောက်ဖြစ်တဲ့ acid က အနဂ္ဂကိုယ်တိုင် ချီးကျူးခြင်းခံရတဲ့ Nay နဲ့ Reload တို့ရဲ့ ‘၁၂ရာသီ’ Album ဟာ မြန်မာပြည်ဟစ်ဟော့ပ်လောက ရဲ့ ပြောင်းလဲခြင်းအသစ်ဖြစ် မလားဆိုတာ စောင့်ကြည့်ရမှာပါ။

”ဒီ ၁၂ ရာသီ Album မှာ ကျွန်တော်နဲ့ Reload နဲ့ စလုပ်ကတည်းက သေသေချာချာလေး ကြိုးစားပြီး ဖန်တီးထားပါတယ်။ ဒီအထဲက အစအဆုံး ပံ့ပိုးကူညီပေးထားတဲ့သူတွေရော၊ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ နှစ်ယောက် သေသေချာချာလုပ်ထားပါတယ်။ အဲဒါကြောင့်မို့လို့ နိုဝင်ဘာ ၁ ရက် နေ့ကနေစပြီး ကျွန်တော်တို့ အခွေထွက်ပါပြီ။City Mart တွေ၊ နီးစပ်ရာဆိုင်တွေမှာ ဝယ်ယူလို့ရပါပြီ” လို့ Nay က အခွေနဲ့ ပတ်သက်ပြီး ပြောပါတယ်။ ဂီတလောကထဲ စတင်ဝင်ရောက်လာကြတဲ့ မျက်နှာသစ်တွေရဲ့ အခက်အခဲတွေ အပေါ်ကိုလည်း Reload က …

”အသစ်တွေအနေနဲ့က ဒီ Industry ထဲဝင်လာရတာ နည်းနည်းတော့ အခက်အခဲရှိတယ်။ အတိုက်အခိုက် တွေ ကြားထဲကနေလုပ်နေရတာတွေတော့ရှိတယ်။ လောလောဆယ်အခြေအနေ မှာလေ။ ကျွန်တော်တို့ကို ချစ်တဲ့သူတွေရှိသလို မုန်းတဲ့သူတွေလည်း ရှိတယ်ဗျာ။ တခြား အခက်အခဲကတော့ အများကြီး မရှိပါဘူး။ ကျွန်တော်တို့ အဆင်ပြေပါ တယ်”လို့ ပြောပြခဲ့ပါတယ်။

သတင်း၊

ဓာတ်ပုံ-မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here