အဆိုတော်လင်းလင်းရဲ့ဖခင်စိတ်ထား

0
417

အဆိုတော် လင်းလင်းကတော့ ဇနီးဖြစ်သူ ချစ်သုဝေ၊ အမြွှာသမီး လေး ၂ ယောက်ဖြစ်တဲ့ မေမြန်မာ ခေတ်၊ မေမြန်မာသစ်တို့နဲ့အတူ ပျော်ရွှင်ချမ်းမြေ့ဖွယ် မိသားစုဘဝကို ပိုင်ဆိုင်ထားသူပါ။ ဖခင်တစ်ယောက် အနေနဲ့ သမီးလေးတွေကို ဘယ်လို ဆုံးမသွန်သင်မှုတွေ လုပ်ဖြစ်သလဲလို့ မေးကြည့်တဲ့အခါမှာတော့ လင်းလင်း က …

”လူတိုင်းလူတိုင်း ကိုယ့်ရဲ့ ကလေးတွေကို အဆိုးတွေကို ဖယ်ပြီး အကောင်းတွေကို ရွေးထုတ်ပြီးတော့ မှ ကလေးတွေကို ကျွန်တော်တို့က ပြန်မျှဝေရတာပေါ့နော်။ ပြန်မျှဝေတဲ့ အခါမှာ မိခင်စိတ်က ကျတော့ တစ် မျိုး ဖြစ်မယ်။ ဖခင်စိတ်ကကျတော့ တစ်မျိုးဖြစ်မယ်။ ဒါကတော့ သဘာဝ တရားကြီးက အဲဒီအတိုင်းပဲဆိုတော့ မိန်းမသားမိခင်စိတ်ကတော့ အမြဲ တမ်း နူးညံ့ပျော့ပျောင်းနေတယ်။ ယောက်ျားသား ဖခင်စိတ်ကျတော့ သိတဲ့အတိုင်းပဲပေါ့ (ရယ်လျက်)။ အဲဒီလိုသဘောမျိုးလေးတွေကို ကျွန် တော်တို့ဟာ ကိုယ်လုပ်နိုင်သလောက် လေးတွေ ဆုံးမသွန်သင်ကြ တာပေါ့ နော်။ဘာပဲပြော ပြောပါ သမီးလေး ပဲဖြစ်ဖြစ်၊ သားလေး ပဲဖြစ်ဖြစ် မိဘတိုင်းကတော့ အကောင်းဆုံးပဲ ဖြစ်ချင်တာပေါ့နော်။ ဘယ်သူ့ကိုပဲ မေးမေး ကိုယ့်သား သမီးကိုတော့ အကုန်လုံးတော် တဲ့သူပဲ ဖြစ်ချင်တာ ပေါ့”လို့ ပြောပါ တယ်။

လတ်တလောမှာ လင်းလင်းက သူ့ရဲ့ ‘နောက်ဆုံး’ တေးစီးရီးခွေထဲက သီချင်းတွေကို ပရိသတ်တွေဆီအကြို သဘောမျိုးနဲ့ နားဆင်စေတဲ့အခါ ပရိသတ်တွေက အလွန်နှစ်သက်အား ပေးခဲ့ကြပါတယ်။ အဲဒီတေးစီးရီး အတွက် ဘယ်လိုပြင်ဆင်မှုတွေ လုပ် ထားသလဲဆိုတဲ့အကြောင်းလည်း လင်းလင်းကို မေးမြန်းကြည့်ခဲ့ပါ တယ်။

”ကျွန်တော်ဒီနောက်ဆုံးခွေက ကျွန်တော့်ဘဝမှာ ပထမဦးဆုံး စီးရီး ခွေလို့ ထင်ရလောက်အောင် ကျွန် တော့်ကို စိတ်ခံစားမှုပေါင်းစုံနဲ့ ပြင် ဆင်ထားတဲ့အခွေပေါ့နော်။ ထွက် လာတဲ့အချိန်ကျရင် နားထောင်ပေးဖို့ ကျွန်တော် မျှော်လင့်ပါတယ်”လို့ လင်းလင်းက ပြောပြခဲ့ပါတယ်။

သဲစုလှိုင်၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here