မန္တလေးပန်တျာ ကျောင်း ၆၅ နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားနှင့်ဆရာကန် တော့ပွဲ ကျင်းပ

0
462

မန္တလေးပန်တျာကျောင်း ၆၅ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနား နှင့် ဆရာကန်တော့ပွဲကို အောက်တို ဘာ ၂၈ ရက် နေ့ နံနက်ပိုင်းက အဆိုပါကျောင်း၌ ကျင်းပခဲ့ သည်။

”မန္တလေးပန်တျာရဲ့ ၆၅ နှစ် ပြည့်သွားတဲ့အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှုတစ်ခုလုပ်ကြဖို့ ပန်တျာ မောင်နှမတွေ ဆွေးနွေးတိုင်ပင်စု စည်းကြတဲ့ပွဲဖြစ်ပါတယ်၊ ပန်တျာ ကျောက်စာတိုင်လည်း စိုက်ထူမယ်၊ ဒါလေးက ၆၅ နှစ်အတွက် မှတ် မှတ်ရရဖြစ်သွားဖို့ပါ၊ နောက်ပြီးတော့ ဆရာကန်တော့ပွဲလုပ်မယ်၊ ဖျော်ဖြေ ရေးအစီအစဉ်လည်းပါမယ်။ တကယ် ဆို ဒီကဇာတ်ရုံမှာ ကျင်းပခွင့်ရဖို့ ဆိုတာ ကျွန်မတို့အတွက် ငွေကုန် ကြေးကျအများကြီးရှိပါတယ်၊ ဒါကို သက်ဆိုင်ရာတာဝန်ရှိ အကြီးအကဲ တွေက ခွင့်ပြုပေးလို့ အခုလိုကျင်းပသွားဖို့စီစဉ်နိုင်တာပါ။ ဟိုတုန်းက ပန်တျာမင်းသားမင်းသမီးကြီးတွေက နေ အခုမျိုးဆက်သစ်တွေစုပေါင်းကပြကြမယ့် အစီအစဉ်တွေပါပါတယ်၊ နှစ်ပါးသွား၊ ပြဇာတ်၊ ကဗျာလွတ် အက၊ နောက်ပိုင်းဇာတ်တော်ကြီး လည်းကပြမှာပါ” ဟု အခမ်းအနား ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ အ မျိုးသမီးဆိုင်းပညာရှင် တက္ကသိုလ် ခင်မြလွင်က ပြောသည်။

မန္တလေး ပန်တျာကျောင်း ၆၅ နှစ်ပြည့် အထိမ်းအမှတ် ကျောက်စာ တိုင်ကို မန္တလေးပန်တျာကျောင်း အုပ်ကြီးဟောင်း၊ စွယ်စုံအနုပညာရှင် ဦးဝင်းဖေနှင့် အနုပညာဦးစီးဌာနမှ တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးခသည်။

အဲဒီနောက် လေ့ကျင့်ရေး ဇာတ်ရုံထဲတွင် ဆရာကန်တော့ပွဲ ဆက်လက်ကျင်းပရာ ဆရာကြီး ဦးဝင်းဖေက သြဝါဒစကားပြောကြား ပြီး တက်ရောက်လာသူများက ဆရာ၊ ဆရာမများကို ရှိခိုးကန်တော့ကာ ကန်တော့ပစ္စည်းများ ပေးအပ်ခဲ့ကြ သည်။ ဖျော်ဖြေရေး အစီအစဉ်ကို အမျိုးသားဇာတ်ရုံ အတွင်း ဆက် လက်တင်ဆက်ကပြဖျော်ဖြေခဲ့ကြ သည်။

ပထမဆုံး မန္တလေးပန်တျာ ကျောင်းကို ကျောင်းအုပ်ကြီး ဦး စိန်ညွန့် ဦးဆောင်ကာ စောင်းနည်းပြ ဒေါ်ခင်မေ၊ အဆိုနည်းပြဆရာထူး၊ ပတ္တလားနည်းပြ ဦးဘကလေး၊ အမျိုး သမီး အကနည်းပြ ဒေါ်သြဘာ သောင်း၊ အမျိုးသားအကနည်းပြ ရွှေ ဒေါင်းညို၊ စီးပွားရေးပန်းချီနည်းပြ ဦးအေးကျော်၊ ရသပန်းချီနည်းပြ ဦး ဘသက်၊ ကြိုးတပ် တူရိယာနည်းပြ ဦးချစ်ထွေးတို့ဖြင့် ဖွင့်လှစ်တည် ထောင်ခဲ့ကြောင်းသိရသည်။ ထို့ နောက် နန်းရှေ့ အရှေ့ကျုံး၊ ၆၆ လမ်းပေါ်ရှိ လက်ရှိနေရာသို့ ၁၉၅၅ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် ပြောင်း ရွှေ့ခဲ့ပြီး မန္တလေးပန်တျာနှင့် ပန်းချီ ပန်းပုကျောင်းဟု ခေါ်တွင်ခဲ့ခြင်းဖြစ် သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here