စီးပွားရေးလုပ်ငန်းတွေကြောင့် ရုပ်ရှင်ဘက် မလှည့်နိုင်သေးတဲ့ မိုးစက်ဝိုင်

0
260

‘ပက်ပက်စက်စက်ညှို့’ရုပ်ရှင်ဇာတ်ကားပြီးတဲ့နောက် မိုးစက်ဝိုင်တစ်ယောက် ရုပ်ရှင်ထပ်ရိုက်ဖို့ ငြိမ်နေတယ်။ ရုပ်ရှင်ဘက်ကို လှည့်ဖြစ်မှာလား၊ ရိုက်ဖြစ်တဲ့အခါ ဘယ်လိုပုံစံမျိုးကို စဉ်းစားထားလဲလို့ မိုးစက်ဝိုင်ကိုမေးတော့ …

”ရှိတော့ရှိပါ တယ်။ ဒါပေမဲ့ မရောက်သေးတာပေါ့။ မိုးစက်စိတ်ကူးယဉ်ထားတဲ့ ဇာတ်လမ်း ဆိုရင် မိုးစက်က သမိုင်းဇာတ်ကားတွေကို နဂိုကတည်းက စိတ်ဝင်စားတယ်။ ဒီခေတ်က အချစ်ဇာတ်ကားတွေထက်ပေါ့နော်။ ရှေးခေတ်တစ်ခုခုကို ပြန်လည်ဖော်ပြတဲ့ဇာတ်ကားတွေဆိုလို့ရှိရင် ကိုယ်တိုင်လည်း တအားကြည့်ချင်တယ်ပေါ့နော်။ ဘယ်နိုင်ငံရဲ့သမိုင်းပဲဖြစ်ဖြစ်ပါ။ ဖြစ်ရပ်မှန်တစ်ခုခုကို အခြေခံပြီးတော့ ပြန်တည် တဲ့ဇာတ်ကားတွေမျိုးဆိုလို့ရှိရင် တအားသဘောကျတယ်။ ကိုယ်ကိုယ်တိုင်လည်း ကြည့်ချင်တယ်။ တကယ်လို့ အဲဒီလိုမျိုး ဇာတ်ကားတွေမှာ ပါဝင်ခွင့်ရမယ်ဆိုရင် တော့ ပိုကောင်းတာပေါ့နော်”လို့ သူက ပြောပါတယ်။

စီးပွားရေးဘက်မှာတော့ Moezy Cosmetics ကို အခြေတကျလုပ်ကိုင်ဖြစ်နေတဲ့ မိုးစက်ဝိုင်က စီးပွားရေး သက်တမ်းနုနေသေးတဲ့အတွက် ကိုယ့် Brand လေးအောင်မြင်အောင်၊ သုံးစွဲသူ တွေနှစ်သက်အောင် ကြိုးစားနေဆဲပါလို့ဆိုပါတယ်။ စီးပွားရေးလုပ်တဲ့အခါ ကြုံရတဲ့အခက်အခဲတွေက…

”အများကြီး ကြုံတွေ့ပါတယ်။ ကိုယ်ကိုယ်တိုင် အရင်ကမသိခဲ့တဲ့ ဟာတွေ ပေါ့။ Marketing လုပ်တဲ့အခါတွေမှာလည်း သိသာတယ်။ တစ်ခါတလေကျလို့ရှိရင် ကိုယ်က ထင်တာ ဒီဟာက ကောင်းမယ်ထင်တယ်။ ဒါပေမဲ့ လုပ်လိုက်တဲ့အခါမှာ ပိုက်ဆံကုန်သွားတာပဲ အဖတ်တင်တယ်။ အခြေအနေသိပ်မကောင်းဘူး။ အဲဒီလို မျိုးဖြစ်တာတွေလည်းရှိတယ်။ ပြီးတဲ့အခါမှာ သူများတွေနဲ့ ညှိနှိုင်းရတာပေါ့။ ပစ္စည်းတွေထုတ်မယ်ဆိုရင် နိုင်ငံခြားနဲ့ ညှိနှိုင်းတဲ့အခါတွေမှာ တစ်ခါတလေ ကျလို့ရှိရင် ကိုယ့်ဘက်က လိုသွားတာတွေလည်းရှိတယ်။ အဲဒီတော့ ခံလိုက်ရ တာပေါ့နော်။ ကိုယ်မတွက်ထားတှဲ့Suprise တွေအများကြီးပဲ။ ဒီလို မျိုးဟာ တွေကို ကိုယ်ကတစ်ခုပြီးတစ်ခုဖြေရှင်းလာရတယ်။ ခေါင်းစားလာရတယ်။ ဒီလိုမျိုးတွေတော့ ကြုံလာပါတယ်”လို့ ရွှေထူးက ပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-အောင်ဇော်မင်


LEAVE A REPLY

Please enter your comment!
Please enter your name here