မင်းသွေးကို အောက်မေ့ သတိရခဲ့ကြတဲ့ ညတစ်ည

0
275

ဆရာတော်အရှင်ဆန္ဒာဓိကရဲ့ ဖြစ်ရပ်မှန် တရားတစ်ပုဒ်ကို ရိုက် ကူးထားတဲ့ ‘မုန်းစွဲ’ ရုပ်ရှင်ဇာတ်ကား အထူးပြသပွဲကို နိုဝင်ဘာ ၉ ရက်နေ့ ညနေ ၆ နာရီက JCGV(Junction City) ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့ပါတယ်။ ရုပ်ရှင်မပြသခင်မှာ ဒီဇာတ်ကားမှာ ပါဝင်ခဲ့ကြတဲ့ ကွယ်လွန်သူ မင်းသွေး နဲ့ ကင်မရာမန်း ကိုကျော်သန်းလွင်တို့ အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် အနေနဲ့ မတ်တတ်ရပ်ကာ တစ်မိနစ် ငြိမ်သက်ပြီး ဆုတောင်းပေးခဲ့ကြပါ တယ်။ ဒီဇာတ်ကားမှာ ကွယ်လွန်သူ မင်းသွေးရဲ့ သရုပ်ဆောင်မှုတွေကို ကြည့်ရှုပြီး အောက်မေ့သတိရခဲ့ကြ ကာ လွမ်းတသသဖြစ်ခဲ့ကြပါတယ်။


ဒီဇာတ်လမ်းကို လွန်ခဲ့ တဲ့ ၅ နှစ် ကတည်းက ဖတ်ခဲ့ရပြီး ဖန်တီးပုံ ဖော်ချင်ခဲ့တာပါလို့ဆိုတဲ့ ဒါ ရိုက်တာ သြရသက…”ဆရာတော်ရဲ့ အသေလှတဲ့ လူတရားစာအုပ်ထဲမှာ ပါတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ် ပါ။ ဒီတရားစာအုပ်ကို လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက ကျွန်တော်ဖတ်ဖြစ် တယ်။ ဒီဇာတ်လမ်းကို ကျွန်တော် တအားရိုက်ချင်တယ်။ ဒီထဲမှာ ဗုဒ္ဓ ဘာသာရဲ့ အနှစ်သာရတွေလည်းပါ တယ်။ သတိသံဝေဂရစရာတွေလည်း ပါတယ်။ မက်ဆေ့ခ်ျတွေလည်း ကောင်းတယ်။ မုန်းစွဲဆိုပေမယ့် သရ ဏဂုံရဲ့ ဂုဏ်ကျေးဇူးကို အထူးဖော် ညွှန်းထားတဲ့ ဇာတ်လည်း ဖြစ်တယ်” လို့ ပြောပါတယ်။


ရုံမတင်ခင်ကတည်းက ပရိ သတ်တွေနဲ့ အနုပညာရှင်တွေကြား အထူးအားပေးမှု ရရှိခဲ့တဲ့အပေါ်မှာ နေတိုးကလည်း …

”ပရိသတ်တွေ ကြားထဲမှာ တော်တော်လေးလည်း review ကောင်းကောင်းတွေ၊ Comment ကောင်းကောင်းတွေ ရ ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါ တယ်။ ရုပ်ရှင်ကို ရိုက်ကူးတဲ့အချိန်မှာ ရသပေါင်းမျိုးစုံတွေ၊ ဇာတ်ကားတွေ မျိုးစုံရိုက်ကူးရတယ်ဆိုပေမယ့် ဒီလို မျိုး review ကောင်းကောင်းရဖို့၊ ကိုယ့်ရုပ်ရှင်ပိုစတာရှေ့မှာ ဂုဏ်ယူ ဝင့်ကြွားစွာနဲ့ ဓာတ်ပုံရိုက်ချင်တဲ့စိတ် ဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး။ အခုလို မျိုးပရိသတ်တွေ အားပေးတဲ့ ဇာတ် ကားတစ်ကားမှာ ပါဝင်သရုပ်ဆောင် ခွင့်ရတာ ထုတ်လုပ်သူနဲ့အတူ ပရိ သတ်တွေကို ကျေးဇူးအထူးတင်ရှိပါ တယ်”လို့ ပြောပါတယ်။ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီးကို နိုဝင်ဘာ ၁၆ ရက်နေ့မှ စတင်ပြီး မြန်မာနဲ့ စင်ကာပူနိုင်ငံမှာ တစ်ပြိုင်နက်တည်း ရုံတင်ပြသသွားမှာဖြစ်ပါတယ်။

P-ဝ၆ဝ၊

ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here