သဘင် စည်းမျဉ်း၊ စည်းကမ်းများအား အကောင်အထည် ဖော်နိုင်ရေးအတွက် သဘင့်ဝါဏိဇ္ဇ ဖြေရှင်းရေး ကော်မတီ (ဗဟို)ဖွဲ့စည်း

0
274

မြန်မာနိုင်ငံ သဘင်အစည်း အရုံး(ဗဟို)၏ စီမံခန့်ခွဲမှုတွင်ရှိသော သဘင်အနုပညာရှင်၊ အတတ်ပညာရှင်၊ ဘဘင်လုပ်ငန်းရှင်များ၏ သဘင့်ဝါ ဏိဇ္ဇကိစ္စများနှင့် သဘင့် စည်းမျဉ်း၊ စည်းကမ်းများအား တိတိကျကျ အကောင် အထည် ဖော်နိုင်ရေးလိုက်နာ ဆောင်ရွက်နိုင်ရေးတို့အတွက် သဘင့်ဝါဏိဇ္ဇ ဖြေရှင်းရေးကော်မတီ (ဗဟို)ကို နိုဝင်ဘာလ ၅ရက်နေ့က ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

အဆိုပါကော်မတီတွင် ဦးမိုးဝင်း- ဥက္ကဋ္ဌ၊ စိန်မြအောင်-ဒုတိယ ဥက္ကဋ္ဌ၊ ဦးနေဝင်း – အတွင်းရေးမှူး၊ ဦးဝင်းနောင်-တွဲဖက်အတွင်းရေးမှူး (၁)၊မြန်မာပြည် ကျောက်စိမ်း-တွဲဖက်အတွင်း ရေးမှူး ၂၊ ဦးမြစည်သူ-အဖွဲ့ဝင်၊ ဦးသီရိမောင်မောင်- အဖွဲ့ဝင်၊ ဦးဌေးလွင်- အဖွဲ့ဝင်စသဖြင့် တာဝန်အသီးသီး ပေးအပ်ကာ ဖွဲ့စည်းလိုက် ကြောင်းသိရသည်။ လက်ရှိတွင် မြန်မာနိုင်ငံသဘင် အစည်းအရုံး (ဗဟို)အနေဖြင့် မြို့နယ်သဘင်အစည်းအရုံးများအား ပိုမိုကျစ် လျစ်ပြီး အင်အားတောင့်တင်းသော အဖွဲ့အစည်းများဖြစ်စေရန် မြို့နယ်သဘင် အစည်းအရုံးများအား သဘင်(ဗဟို)အလုပ်အမှုဆောင်အဖွဲ့များက လိုက်လံ ဖွဲ့စည်းလျက်ရှိသည်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here