ဝေဖန်မှုကို လက်ခံပါတယ်နေခြည်ဦး

0
115

‘မီ’ ရုပ်ရှင်ဇာတ်ကားကြီး Red Carpet Show ကို ခေတ်နောက်ပြန် ဖက်ရှင်နဲ့တက်ရောက်လာတဲ့ နေခြည်ဦးက မီ မင်းသမီး ပိုင်ဖြိုးသုကို ဂုဏ်ပြုပေးချင် လို့ပါလို့ဆိုပြီး သူ့ရဲ့ ဖက်ရှင်ကတော့ ၁၉၅ဝ ပြည့်နှစ် ဝန်းကျင်က ပုံစံမျိုးမဟုတ်ဘဲ ၁၉၈ဝ ပြည့် နှစ်လောက်က ပုံစံမျိုးပါလို့လည်း နေခြည်ဦးက ပြောပါတယ်။ ကိုယ်တိုင် ကလည်း မင်းသမီးလုပ်နေပြီ။ နေခြည်ဦးရဲ့ ပထမဦးဆုံး ပွဲဦးထွက် ‘ရန်သူ’ဇာတ်ကားက ဒီဇင်ဘာထဲမှာ ရုံတင်ပြသတော့ မယ်။ ရင်တွေခုန်လိုက်တာလို့လည်း သူက ဆိုပါတယ်။ ‘ရန်သူ’ ဇာတ် ကားကို ကြိုတင်ကြည့်ရှုပြီးပြီဆိုတော့ ကိုယ့်ရဲ့အားနည်းချက်၊ အားသာချက် တွေအကြောင်း နေခြည်ဦးကို မေးဖြစ်တော့ …

”အားသာချက်၊ အားနည်းချက်ကလေ။ အဲဒီကားထဲမှာ နေခြည်ကာရိုက် တာလုံးဝပြောင်းသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီမှာ နည်းနည်းဝတယ်။ ပြီးတော့ နှာခေါင်းက မပြင်ရသေးဘူး။ အဲဒီတော့ အဲဒီမှာ ရုပ်တစ်မျိုးထွက်နေ တာပေါ့နော်။ အဲဒီတော့ နေခြည်ပရိသတ်တွေကတော့ ကြိုက်မယ်ထင်ပါတယ်။ နေခြည်ကိုယ်တိုင်ကလည်း ကာရိုက်တာရအောင် ပြောင်းထားတဲ့ဟာကို ပြောင်းသွားတယ်လို့ နေခြည် ခံစားရပါတယ်” လို့ သူက ပြောပါတယ်။

အတူတွဲသရုပ်ဆောင်ပြီး အပြိုင်ကြဲထားကြတဲ့ ဝတ်မှုံရွှေရည်နဲ့ အဆုံ ခန်းတွေအပေါ်ကိုကော ချီချီဘယ်လိုမြင်လဲလို့ဆိုတော့ …

”မကစ်နဲ့ အဆုံခန်းတွေ အကုန် လုံးကလေ တစ်ယောက်နဲ့တစ် ယောက်က ကာရိုက်တာ လုံးဝမတူ ဘူး။ မကစ်ကလည်း အဲဒီမှာ လုံးဝ ယောက်ျားလျာ ကာရိုက်တာကို ရအောင်ယူတယ်။ မိန်းကလေး ပြောင်းသွားရင်လည်း မိန်းကလေး ကာရိုက်တာကို ရအောင်ယူတယ်။ နေခြည်ကလည်း ဒီအထဲမှာရှိတဲ့ မိန်း ကလေးတစ်ယောက်ရဲ့ ကာရိုက်တာကို လုံးဝ ရအောင်ယူထားတဲ့အတွက် နေခြည်တို့ ၂ ယောက်ရဲ့ အဆုံခန်းတွေလည်း တအားကြည့် လို့ကောင်းတယ်လို့ နေခြည်ကတော့ မြင်တာပဲ။ ကိုယ့်ကား ကိုယ်မို့လို့ ပြောတာမဟုတ်ဘူးနော်။ ဒါပေမဲ့ ကြည့်လိုက်လို့ရှိရင် နေခြည်ဦးကို အကုန်လုံးက Beauty Blogger လို့ပဲ သိထားတာလေ။ အခုတော့ ပိတ်ကား ပေါ်မှာ ပထမဦးဆုံးမြင်တွေ့ရမယ့်အချိန်မှာ နေခြည့်အနေနဲ့ကတော့ လုံးဝ အမှတ်မလျော့စေရဘူးလို့ နေခြည်ပြောချင်ပါတယ်။ ဒါပေမဲ့ နေခြည့်ကို ဝေဖန်ပေးပါ။ ချစ်လို့ဖြစ်စေ၊ မုန်းလို့ဖြစ်စေ နေခြည်ဝေဖန်မှုကို လက်ခံပါ တယ်” လို့ နေခြည်ဦးက ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here