တစ်ကိုယ်တော် စီးရီးခွေမှာ ကိုယ်တိုင်ရေးသီချင်းတွေကိုပါ သီဆိုမယ့်ဇော်ကြီး

0
186

Myanmar Idol Season 3 မှ အဆိုတော် ဇော်ကြီးကတော့ သီချင်းတွေ သီဆိုနေတဲ့အပြင် တီဗီကြော်ငြာတွေ မှာပါ ပါဝင်သရုပ် ဆောင်နေပြီလည်းဖြစ်ပါတယ်။ ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်တဲ့အတွက် နယ်ပွဲလေးတွေ လိုက်ဆိုဖြစ်နေတဲ့ ဇော်ကြီးက တစ်ကိုယ်တော်စီးရီးခွေထွက်ရှိဖို့လည်း ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ တစ်ကိုယ်တော်စီးရီး ခွေမှာ ကိုယ်တိုင် ရေးစပ် ထားတဲ့ သီချင်းတွေကိုပါ ထည့်သွင်းသီဆိုမယ့် ဇော်ကြီးက…

”တစ်ကိုယ်တော်စီးရီးခွေက အခုမှ စလုံးရေစဆို ပြီးတော့ လုပ်နေတုန်းပဲ ရှိပါသေးတယ်။ သီချင်းလေးတွေ ရှာဖွေနေ တယ်။ စုနေတယ်။ ကျွန်တော်ရေးတဲ့ သီချင်းလေးတွေလည်း ပါဖြစ် အောင် ကြိုးစားနေပါတယ်။ ကျွန်တော့်ဦးနှောက်ကလည်း သီချင်း တွေထွက်အောင် ကျွန်တော်ထုတ်နေပါတယ်” လို့ ပြောပါတယ်။

အခုအချိန်ထိ ချစ်သူမရှိသေးတဲ့ ဇော်ကြီးက ဘယ်လိုမိန်းကလေးမျိုးကို ချစ်သူအဖြစ် ရွေးချယ်မလဲဆိုတာကလည်း စိတ်ဝင်စားစရာပါပဲ။ ဇော်ကြီး သဘောကျတဲ့ မိန်းကလေး ပုံစံက ဘယ်လိုမျိုးလဲဆိုတာကိုတော့….

” ချစ်သူမိန်းကလေးထားတော့ မယ်ဆိုရင် မြန်မာဆန်ဆန် အနောက်ဟန် တအားမနှောတဲ့ ပုံစံမျိုးလေးကို လို ချင်တယ်။ မိန်းကလေးက ဆံပင်ရှည် တာ ပိုပြီးတော့ ကောင်းတာပေါ့ နော်။ မိန်းမတို့ဘုန်း ဆံထုံးဆို တော့၊ မြန်မာဆန်ဆန်လေးဆို ပိုပြီးတော့ အဆင်ပြေတယ်။ အဲဒီလို ပုံစံမျိုးလေး လိုချင် ပါတယ်။ အခုလောလော ဆယ်တော့ ချစ်သူမရှိသေး လို့ အိမ်ထောင်ပြုဖို့ အစီ အစဉ်ကတော့ အဝေးကြီး လိုပါသေးတယ်” လို့လည်း ဇော်ကြီးက ပြောပြခဲ့ပါတယ်။

ပရိသတ်ကြီးအတွက် အကောင်းဆုံး ကြိုးစား နေတာမို့ ဆက်လက်အား ပေးကြပါဦးလို့လည်း ဇော်ကြီးက ပြောပြခဲ့ပါသေးတယ်။

ခိုင်ဝါဝင်း

ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here