တစ်ကိုယ်တော် အခွေထွက်ရှိဖို့စီစဉ်နေတဲ့ဂျေမောင်မောင်

0
380

အဆိုတော်ကြီးဂျေမောင်မောင် က တစ်ကိုယ်တော် စီးရီးခွေထွက်ဖို့ ပြင်ဆင်နေပါပြီ။ သူ့အနေနဲ့ တစ် ကိုယ်တော်စီးရီးခွေကို ၂ဝ၁၆ ခုနှစ်ကတော့ ဇော်ဝင်းထွဋ်စီစဉ်တဲ့ လမ်းပေါ်မှာ အသည်းမခွဲနဲ့ အခွေကို နောက်ဆုံးထွက်ရှိထားပြီး အဲဒီ နောက်မှာတော့ မထွက်ဖြစ်တော့ဘဲ အတွဲခွေတွေမှာပဲ ပါဝင်သီဆိုဖြစ်နေ ပါတယ်။

”တစ်ကိုယ်တော်စီးရီးခွေထွက် ဖို့ ကျွန်တော်ကြိုးစားနေပါတယ်။ အခွေသွင်းဖြစ်ဖို့လည်း လုပ်နေပါ တယ်။ နောက်နှစ်ထဲတော့ ဖြစ်ရင် ဖြစ်လာမှာပါ” လို့ အခွေနဲ့ပတ်သက် လို့ သူက ပြောလာပါတယ်။ ဂျေ မောင်မောင်ရဲ့ သီချင်းတွေတော် တော်များများက အောင်မြင်တဲ့ သီချင်းတွေများပါတယ်။ သူ့အနေနဲ့ ကလည်း အခုလက်ရှိအထိ သီချင်း တွေ ရေးဆိုနေသေးတဲ့အတွက် သူ့ သီချင်းတွေအားလုံးထဲကမှျြေအနမ- စငနခန လို့ သတ်မှတ်ရမယ့် သီချင်း မျိုးကို သတ်မှတ်လို့ မရသေးပါဘူးလို့ ပြောပါတယ်။

”အသက်ရှင်နေတဲ့ကာလ အတွင်းမှာတော့ သူ့ရဲ့အကောင်း နိုင်ဆုံးက မပြီးသေးဘူးလို့ ကျွန်တော် ထင်ပါတယ်။ ဘာမှမလှုပ်ရှားနိုင် တဲ့အချိန်ကျမှပဲ သူ့ရဲ့ Masterpiece ဆိုတာ ဘယ်ဟာဆိုပြီးပြောလို့ ရမယ်လို့ ထင်ပါတယ်။ ကျွန်တော် အခုအချိန်အထိ လှုပ်ရှားနိုင်တုန်း ရှိပါသေးတယ်” လို့ Masterpiece နဲ့ ပတ်သက်လို့ ဂျေမောင်မောင်က ပြောပြပါတယ်။

သူကပရိသတ်တွေနဲ့ ပတ်သက် လို့လည်း သိပ်ကိုတန်ဖိုးထား လေး စားသူပါ။ သူ့ကိုအရင်ကတည်းကနေ အခုအချိန်အထိ အားပေးနေကြတဲ့ ပရိသတ်တွေကို သူကလည်း အသည်းနှလုံးထဲကနေ လှိုက်လှိုက်လှဲ လှဲကျေးဇူးတင်ကြောင်း ပရိသတ်တွေ အနေနဲ့ သူ့ကိုနောက်ပိုင်း မှာလည်း ဆက်လက်အားပေးနေမယ်လို့ ယုံ ကြည်ပါကြောင်း ပြောပါတယ်။

အဆိုတော်ဂျေမောင်မောင်တို့ မိသားစုက ဂီတမိသားစုလို့တောင် ပြောလို့ရပြီး ညီဖြစ်သူ ဂျေညီညီနဲ့ ညီမဖြစ်သူ ဂျေညီမလေး၊ သမီးဖြစ် သူ သီရီဂျေမောင်မောင်တို့ကလည်း ဂီတလောကမှာ အောင်မြင်တဲ့ အနု ပညာရှင်တွေပဲ ဖြစ်ပါတယ်။

 

လင်းအက္ခရာ

ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here