ရွှေထူး အတွက် မင်္ဂလာဆုတောင်းစကားဆိုခဲ့ကြတဲ့Oasix နဲ့Y.zet

0
323

ရွှေထူးလို့ဆိုလိုက်ရင် Oasix ရယ်၊ Y.zet ရယ် သူငယ်ချင်းနှစ်ယောက်ကိုပါ တွဲမြင်ကြမှာပါ။ ၂ဝ၁ဝ ပြည့်နှစ် လောက်ကတည်းက သူတို့စခဲ့တဲ့ ဂီတခရီးမှာ ရွှေထူး၊ Oasix, Y.zet ရဲ့ ‘မမေ့ဆေး’ သီချင်းက လူငယ်တိုင်း ကြိုက်နှစ်သက်တဲ့သီချင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ အဲဒီကနေစပြီး သီချင်းတွေ ဆိုလာလိုက်တာ သူငယ်ချင်း တွေ တစ်အိမ်တည်း အတူနေကြ တယ်။ ရှိုးတွေအတူဆိုကြတယ်။ တတွဲတွဲပါပဲ။ အခုတော့ သူတို့ ၃ ဦးထဲမှာ ရွှေထူးက အရင်ဆုံးမင်္ဂလာဆောင်သွားခဲ့ပြီ။ အချစ်ဆုံးသူငယ်ချင်းကြီးရဲ့ မင်္ဂလာဦးဆွမ်း ကျွေးကိုတက်ရောက်လာတဲ့ Oasix နဲ့ Y.zet သူငယ်ချင်းနှစ် ယောက်ကို အင်တာဗျူးဖြစ်တဲ့အခါ . . .

”ကျွန်တော်တို့နှစ်ယောက်က လူပျိုကိုး။ အိမ်ထောင်ကျသွားပြီးရင် ဘာတွေစီ စဉ်ရမယ်၊ ဘယ်လိုနေထိုင်ရမလဲမသိဘူး။ ဒါပေမဲ့ ယူပြီးသွားရင်တော့ ရွှေထူးကို မေးမှဖြစ်မယ်”ဆိုပြီး ရယ်ရယ်မောမောပြောပြပါတယ်။ ရွှေထူးအတွက် ချစ်သူငယ်ချင်း Oasix ရဲ့ မင်္ဂလာဆုတောင်း စကားက. . .

”အခုအိမ်ထောင်သည် ဖြစ်သွားပြီပေါ့လေ။ အိမ်ထောင်သည်ဖြစ်သွားပြီဆိုတော့ သူ့စိတ်ကူးထဲက ပုံဖော်ထားတဲ့ အိမ်ထောင်သည်ဘဝ နဲ့လျှောက်ရမယ့် လက်တွေ့နဲ့ ထပ်တူကျပါစေလို့ ဆုတောင်းချင်ပါတယ်” လို့ ပြောပါတယ်။ Y.zet ကတော့ . . .

”သူပြောထားသလိုပဲပေါ့နော်။ တစ်သက်လုံးချစ်မိသွားပါ စေလို့ ဆုတောင်းပေးပါတယ်”လို့ မင်္ဂလာဆုတောင်းစကား ပြောပေးခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here