ဒီအချိန်မှာ မင်းသွေးကို အရှိစေချင်ဆုံးပဲ အေးဝတ်ရည်သောင်း

0
317

အနုပညာလောကထဲ တစ် ကျော့ပြန်ဝင်လာတဲ့ အေးဝတ်ရည် သောင်းက ‘မုန်းစွဲ’ရုပ်ရှင်ဇာတ် ကားမှာ မကြာဥအနေနဲ့ ပီပြင် အောင် ကြိုးစား သရုပ်ဆောင်သွား ခဲ့ပါတယ်။ ဒီဇာတ်ကားကို ဂန့် ဂေါမြို့မှာ သွားရောက်ရိုက်ကူးထား တာဖြစ်ပြီး အမှတ်တရတချို့နဲ့ ရယ် စရာ အဖြစ်အပျက်တွေလည်း ကြုံ တွေ့ခဲ့ရပါတယ်။ ဒီဇာတ်ကားမှာ အေးဝတ်ရည်သောင်းက အတတ်နိုင် ဆုံး ကြိုးစားသရုပ်ဆောင်ခဲ့တဲ့ အပိုင်း တွေနဲ့ ပတ်သက်ပြီး . . .

”ပေါက်စီသေနတ်နဲ့ ပစ်ခံရတဲ့ အခန်းဆိုရင် အဲဒီအချိန်ကို အဲဒီ နေရောင်ပြန်ရဖို့အတွက်ကို ၅ရက် လောက်စောင့်ပြီး ရိုက်ကူးခဲ့ရတယ်။ ကိုနေတိုးဆိုရင်လည်း ဆံပင်အရှည် နဲ့ကို အရင်ရိုက်ကူးတယ်။ ပြီးတော့မှ ကတုံးတုံးပြီး ရိုက်ကူးတယ်။ ဒီဇာတ် ကားက ဖောက်ဖောက်ပြီး ရိုက်တာ မဟုတ်ဘူး။ ဇာတ်လမ်းအစကနေ အဆုံးထိ ရိုက်တာဆိုတော့ အစီအ စဉ်အတိုင်းလေး ရိုက်ကူးသလိုဖြစ်နေ တယ်။ အဲဒီအတွက်ကြောင့် နောက် ကြောင်းကို ပြန်တွေးတာ တို့ဆိုရင် ခံစားချက်က ပိုပြီး အဆင်ပြေတယ်။ သရုပ်ဆောင်ရတာ ပိုကောင်းတာ ပေါ့” လို့ ပြောပါတယ်။

ရိုက်ကွင်းပေါ်မှာ မင်းသွေးနဲ့ဆုံ ခဲ့ကြတဲ့အတွက် မင်းသွေးရဲ့ ဆေးထိုး မှုတွေကိုလည်း ခံခဲ့ရပါတယ်။ အခု အချိန် ပြန်ကြည့်တဲ့အခါမှာ မင်း သွေးကို ရှိစေချင်တယ်လို့ဆိုတဲ့ အေး ဝတ်ရည်သောင်းက…


”ကိုယ်က ဗိုက်ကြီးကြီးနဲ့ မိတ် ကပ်ကလည်း မလိမ်းဘူး။ နေတွေ ကလည်း လောင်ထားတယ်။ မင်း သွေးက တစ်ချိန်လုံး ဆေးထိုးတဲ့ ဓာတ်ပုံတွေရိုက်တယ်။ ကိုယ်ဝန်ကြီး နဲ့ ပေါက်စီပုံစံကြည့်ရတာ နေရထိုင်ရ ခက်လိုက်တာတဲ့။ အဲဒီပုံတွေကို ဆေးထိုးပြီး လိုင်းပေါ်တင်ရမလား ဆိုပြီး တစ်ချိန်လုံးနောက်နေတာ။ သူပို့ထားတဲ့ ဗိုက်ကြီးသည်ပုံတွေက ပေါက်စီဆီမှာ အများကြီးပဲ။ သူက လွတ်လွတ်လပ်လပ်နေတတ်တယ်။ ချုပ်ချယ်တာသိပ်မကြိုက်ဘူး။ စကား ပြောရင်လည်း ပွင့်ပွင့်လင်းလင်းပဲ။ ပျော်ပျော်လည်း နေတတ်တယ်။ အလုပ်ထဲမှာတော့ တအားကြိုးစား တယ်။ သူ့ရဲ့ကာရိုက်တာ သူ့ရဲ့ အဝတ်အစားအတွက် တအား Serious ဖြစ်တယ်။ အလုပ်ထဲမှာ တအားပြင်ဆင်တာတော့ တွေ့ခဲ့ ရတယ်။ ပေါက်စီ သူ့ကို နှမြောလည်း နှမြောတယ်။ ဒီအချိန်မှာ သူ့ကို အရှိချင်ဆုံးပဲ” လို့ ပြောပြခဲ့ပါတယ်။


ခိုင်ဝေလွင်

၊ ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here