သမီးလေးရဲ့ ဆန္ဒတွေကို ဦးစားပေးဖြည့်ဆည်းနေကြတဲ့ ကိုခန့်နိုင်နဲ့ ခိုင်သင်းကြည်တို့ ဇနီးမောင်နှံ

0
231

ကိုခန့်နိုင်နဲ့ သရုပ်ဆောင်ခိုင် သင်းကြည်တို့ရဲ့ အချစ်ခရီးဟာဆိုရင် နှစ်ပေါင်းမနည်းတော့ပါဘူး။ ပရိသတ်တွေ အားကျရတဲ့ ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင် ရေးတစ်ခုကို ပိုင်ဆိုင်ထားတဲ့ ခိုင်သင်းကြည်တို့ ဇနီးမောင်နှံက ချစ်သူ သက်တမ်း ၈ နှစ်ကြာခဲ့ပြီး မင်္ဂလာ သက်တမ်းက ၁၆ နှစ်တိုင်ခဲ့ပါပြီ။ အခု လက်ရှိမှာ အောင်မြင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်နေတဲ့ ဇနီးဖြစ်သူ အတွက် အမြဲတမ်းဂုဏ်ယူနေပြီး အမြဲတမ်းလည်း ချစ်သွားမှာပါလို့ ခင်ပွန်းဖြစ်သူကိုခန့်နိုင်က ဆိုပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်နားလည်မှု တွေရှိကြပြီး ဇနီးဖြစ်သူရဲ့ဆန္ဒကိုပဲ အမြဲဦးစားပေး တတ်ကြောင်းကိုတော့ ခိုင်သင်းကြည်က . . .

”သူကတော့ Lady First ပေါ့။ ဘာမဆို အစ်မဆန္ဒကို ဦးစားပေး တာများတယ်။ ဒါပေမဲ့ အခုကျတော့ သမီးလေးရလာတော့လည်း သမီး လေးကို ပိုပြီး ဦးစားပေးရတာပေါ့။ နောက်ဆုံး ဘာရယ်မဟုတ်ဘူး။ တစ်ခုခုသွားစားမယ်ဆိုရင်တောင်မှ ဦးခန့်နိုင်က မိန်းမသဘော၊ မိန်းမ ဘာစားချင်လဲ။ ကိုယ်ကလည်း သမီးလေး သဲလေးက ဘာစားချင်လဲ။ ညနေတိုင်း မိသားစု ၃ယောက် သွားစားကြတာ များတယ်။ နောက်ဆုံးကျတော့ ကိုယ့်သမီးလေး ဆန္ဒပဲပေါ့။ သူ့အကြိုက်ကိုပဲ ဦးစားပေးတာ များပါတယ်”လို့ ပြောပါတယ်။

အခုဆိုရင် ကိုခန့်နိုင်နဲ့ ခိုင်သင်း ကြည်တို့ရဲ့ သမီးလေးကလည်း ကြော်ငြာတွေ ရိုက်ကူးနေပြီး ပရိသတ်တွေရဲ့ အချစ်တွေကိုလည်း ရရှိထားသူလေးပါ။ သမီးဖြစ်သူကို အခုအချိန်မှာ အနုပညာတစ်ခုတည်းကိုပဲ စိတ်ဝင်စားသွားမှာ စိုးရိမ်နေတဲ့ ဖခင်ဖြစ်သူ ကိုခန့်နိုင်က . . .

”အနုပညာအလုပ်ရယ်လို့ မဟုတ်သေးဘူး။ သူဝါသနာပါတာလေးကို တစ်ခါတလေ သူ့အမေကလည်း လုပ်သင့်တယ်ဆိုတာကို ပြောပြတော့ ကိုယ်က နည်းနည်းပါးပါးခွင့်ပြု ပေးတာပေါ့။ အဓိကတော့ ပညာရေးက ပိုအရေးကြီးတာပေါ့။ နောက်ပိုင်းကျမှ သူဝါသနာပါတာလေးကို တဖြည်းဖြည်း ပံ့ပိုးပေးရမှာပေါ့။ အခုအချိန်မှာတော့ ပညာရေးက အရေးကြီးဆုံးပဲ။ အခုအချိန်မှာ အောင်မြင်သွားရင်လည်း အသက်က ငယ်ငယ်လေးပဲရှိသေးတော့ ကိုယ့် ကိုယ်ကိုယ်ထိန်းနိုင်မယ့် အနေအထားမရှိသေးဘူးလေ။ အမြဲတမ်းတော့ မရိုက်ခိုင်းပါဘူး” လို့ပြောပါတယ်။ သမီးဖြစ်သူရဲ့ဝါသနာနဲ့ ပတ်သက်ပြီး ခိုင်သင်းကြည်က . . .

”ဦးခန့်နိုင်က ထိပ်ထိပ်ကို အနုပညာအလုပ်တွေ သိပ်မလုပ် စေချင်သေးဘူး။ ထိပ်ထိပ်က ရုပ်ရှင်ဇာတ်ကားရိုက်ဖို့ လာကမ်းလှမ်းရင် ရိုက်ချင်တယ်။ ကိုယ်ကသာ သမီး ဒီအလုပ်က လုပ်တိုင်းလည်း ဘယ်သူမှ မအောင်မြင်ဘူး။ တကယ်လည်း ဝါသနာပါမှ။ ကံ၊ ဥာဏ်၊ ဝီရိယ၊ စန်းလည်း ပါသွားပြီ။ သူ့အ ဖေက စိတ်ပူတာပေါ့။ အခုအချိန်မှာ ကျောင်းစာကို အမှတ်လေးတွေလည်း ကောင်းစေချင်တော့ သူ့အဖေက ဇာတ်ကားတွေမရိုက်စေချင်ဘူး” လို့ ပြောပါတယ်။

ခိုင်ဝေလွင်၊ ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here