မန္တလေး ပန်းချီ၊ ပန်းပုကျောင်း ၊ ကျောင်းသား/သူ ဟောင်းများ၏ တတိယအကြိမ်မြောက် အာစရိယပူဇော်ပွဲကျင်းပ

0
182

မန္တလေးပန်းချီ၊ ပန်းပုကျောင်း ၏ တတိယအကြိမ်မြောက် အာစရိယ ပူဇော်ပွဲကို နိုဝင်ဘာလ ၃ ရက်နေ့နံ နက်ပိုင်းတွင် ပန်းချီ၊ ပန်းပုကျောင်း ပန်းချီခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပန်းချီ ဆရာ ကြီး ဦးဇော်ဝင်း(သစ်ထွင်း)၊ ပန်းချီ ဆရာကြီး ဦးခင်မောင်စန်း၊ ပန်းချီ ဆရာကြီး ဦးမာလာနှင့် ကန်တော့ခံ ဆရာကြီးများက ကျောင်းသား၊ ကျောင်းသူဟောင်းများနှင့် မျိုးဆက် သစ်ကျောင်းသား၊ ကျောင်းသူသစ် များအား ပန်းချီ၊ ပန်းပုအနုပညာ သမားများ၏အကြောင်းတို့ကို မုဒိ တာစကားပြောကြားခဲ့သည်။ ထို့ နောက် ကန်တော့ခံဆရာကြီးများ အား ကျောင်းသား၊ ကျောင်းသူ ဟောင်းများနှင့် မျိုးဆက်သစ်ကျောင်း သား၊ ကျောင်းသူသစ်များက ကန်တော့ခံ ပစ္စည်းများဖြင့် ကန်တော့ခဲ့ ကြသည်။

”၁၉၅၃ခုနှစ် မန္တလေးပန်းချီ ပန်းပုကျောင်း စတင်တည်ထောင်ခဲ့ သည့်နှစ်မှ ယခုအချိန်တိုင် သင်ကြား ပို့ချခဲ့တဲ့နည်းပြဆရာကြီးများ၊ ကျောင်း အုပ်ကြီးများနဲ့ ပြင်ပမှလာရောက် ဟောပြောပို့ချပေးခဲ့တဲ့ ဆရာကြီးများ အားလုံးကို ပူဇော်ကန်တော့မှာ ဖြစ်ပါတယ်။ ပူဇော်ပွဲအစီအစဉ်များကို နှစ်စဉ်အလိုက် ကြီးစဉ်ငယ်လိုက် အစီအစဉ်တကျ ပြုလုပ်ပါတယ်။ သက်ရှိ ထင်ရှားမရှိတော့တဲ့ ဆရာကြီးများ အားရည်စူးပြီး ဆွမ်းကပ်တရားနာ အမျှဝေပူဇော်ပါတယ်”ဟု အာစရိယ ပူဇော်ပွဲဖြစ်မြောက်ရေးအဖွဲ့မှ ပန်းချီ ဆရာစိုးမောင်ကပြောသည်။

ပန်းချီ၊ ပန်းပုကျောင်း တတိယ အကြိမ် အာစရိယပူဇော်ပွဲအမှတ် တရပန်းချီ၊ ပန်းပုပြပွဲတွင် ဆီဆေး ပန်းချီကား ၂ဝ ရေဆေးပန်းချီကား ၆၆ ကားနှင့် ပန်းပုရုပ် ၇ ရုပ်တို့ကို ပြသထားရှိကာ ပြပွဲကို နိုဝင်ဘာ ၁ ရက်မှ ၃ ရက်အထိ သုံးရက်တိုင် နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ပြသခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here