ဖြူဖြူစင်စင်နဲ့ ပိုက်ဆံရှာရတာတအားခက်တယ် လင်းဇာနည်ဇော်

0
336

သရုပ်ဆောင် လင်းဇာနည်ဇော်က Single Mom တစ်ယောက်အနေနဲ့ ရပ်တည်နေပြီး တစ်ဦးတည်းသော သမီးလေး မြူလင်းကိုကို ကိုစောင့်ရှောက်နေသူပါ။ သမီးလေးက သြစတြေးလျနိုင်ငံမှာ ကျောင်းတက် ရောက် ပညာသင်ယူနေသူဖြစ်ပြီး အနေအေးသလို တစ်ယောက်တည်း ရုန်းကန်ရှာဖွေနေရတဲ့ မိခင်အပေါ် ကိုလည်းသိတတ်နားလည်သူလို့ ပြောရမှာပါ။ သမီးလေးနဲ့ ပတ်သက်ပြီး လင်းဇာနည်ဇော်က…

”သမီးလေးက အဆိုးကြီးထဲမှာ တော့ မပါဘူး။ လိမ္မာတယ်လို့တော့ မပြောချင်ပါဘူး။ ဘယ်မိဘမဆို ကိုယ့်သားသမီး ဘာလုပ်လုပ် အပြစ် က မြင်မှာမဟုတ်ဘူး။ ကျောင်းစာ တွေနဲ့ ပတ်သက်ရင် ဘာမှ လိုက်လုပ် ပေးစရာမလိုဘူး။ သူ့ကိုယ်သူ ကြိုး စားတယ်။ ဟိုးငယ်ငယ်လေးကနေ အခုထိ အစ်မ သူ့ကျောင်းပိုင်းနဲ့ ပတ်သက်လို့ ဘာမှမပူရဘူး။ တစ်ခုပဲ သူ့ကို အစ်မက သြစတြေးလျမှာ ကျောင်းထားထားတဲ့ အခါကျတော့ ကိုယ်က ကိုယ့်တစ်နိုင်အားလေးနဲ့ ရုန်းကန်ပြီး လုပ်ရတဲ့အခါကျတော့ ရှာတတ်အောင် ရှာရတာလေးတစ် ခုပဲ။ အဲဒီရှာရတာလေးကိုလည်း သူက သိရှာပါတယ်။ တစ်ခါတလေ ကျရင် မုန့်ဖိုးကစလို့ ဝယ်စရာခြမ်း စရာလေးတွေ ရှိရင်တောင် အစ်မကို လုံးဝ မပူဆာဘူး။ သူမပူဆာပေမယ့် လည်း မိဘဆိုတော့ သိတာပေါ့လေ။ ကိုယ့်သားသမီးလေးကို ကြည့်ပြီး သူများတွေ လုပ်ပေးသလို ကိုယ် လည်း လုပ်ပေးချင်တယ်။ ဒါပေမဲ့ ဘယ်လိုလုပ်မလဲ ဖြူဖြူစင်စင်နဲ့ ပိုက်ဆံရှာရတာ တအားခက်တယ်။ ပင်လည်း တအားပင်ပန်းတယ်။ ဒါပေမဲ့လည်း ကိုယ့်သားသမီးအတွက် ရအောင်တော့ ရုန်းမှာပဲလေ။ မိဘ တာဝန်ကတော့ အတတ်နိုင်ဆုံး ကျေ အောင်လုပ်မယ်။ ကျန်တဲ့အပိုင်းက တော့သူ့ကိစ္စပဲ” လို့ ဆိုပါတယ်။ အနု ပညာရှင်မိဘနှစ်ပါးက မွေးဖွားလာ တဲ့သမီးလေးဖြစ်တဲ့ မြူလင်းကိုကို ကလည်း အနုပညာကို ဝါသနာပါ သူပါ။ အခုအချိန်မှာတော့ ပညာ ရေးကိုပဲ ဦးစားပေးလုပ်စေမှာ ဖြစ်ပြီး နောက်ပိုင်းမှာတော့ သမီးရဲ့ ဝါသနာပေါ်မူတည်ပြီး ပံ့ပိုးပေးမှာ ဖြစ်ကြောင်းကိုလည်း လင်းဇာ နည်ဇော်က . . .

”သူက အနုပညာအလုပ်တွေ တအားဝါသနာပါတယ်။ ဒါကြောင့် အစ်မသူ့ကို ဒီမှာ O Level ဖြေပြီး ကတည်းက၊ A Level တောင် ဆက်မဖြေခိုင်းဘူး။ ဒီမှာနေနေလို့ ရှိရင် ဟိုကခေါ်၊ ဒီကခေါ်နဲ့ သူလုပ် ချင်သွားမယ်။ ပညာရေးတစ်ပိုင်း တစ်စနဲ့ ဒီဘက်ကိုရောက်လာမယ်။ ဒီဘက်ကိုရောက်လာရင် အောင် မြင်မလား၊ မအောင်မြင်ဘူးလား ဆိုတာ ဗေဒင်တွက်လို့မရဘူး။ ကံ ပေါ်မှာ အများကြီးမူတည်တယ်။ အဓိကက သူပညာရှိနေမှ၊ ပညာ တတ်နေမှ နောက်ပိုင်းကိစ္စကိုယ် လုပ်ချင်တာကိုယ် လုပ်လို့ရမယ်လေ” လို့ပြောပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here