အချစ်နဲ့ပတ်သက်ပြီးရင့်ကျက်လာတဲ့စည်သူဝင်း

0
213

‘မိုးကောင်းကင်အိပ်မက်’ဇာတ်လမ်းတွဲအောင် မြင်မှုနဲ့အတူ အဲဒီဇာတ်လမ်းတွဲထဲက သရုပ်ဆောင်စည် သူဝင်းကိုလည်း ပရိသတ်တွေကတော်တော်လေးသိ နေကြပါပြီ။ စည်သူဝင်းက အခုလက်ရှိမှာတော့ သူ့ ရဲ့အချစ်ရေးက ထွေထွေထူးထူးမရှိဘဲ ပရိသတ်တွေ ကိုပဲ တစ်ဝကြီးချစ်သွားဦးမယ်လို့ဆိုပါတယ်။ ဖူးစာရှင် ကို ဘယ်လိုပုံစံဖြစ်ရမယ်လို့ သတ်မှတ်ထားတာမျိုးမရှိ ဘဲ အချစ်တွေနဲ့အတူ ကိုယ်လိုချင်တဲ့ပုံစံအတိုင်း ပြုပြင် ပြောင်းလဲယူလို့ရပြီး ကိုယ်တကယ်ချစ်ဖို့ပဲလိုပါတယ်လို့ စည်သူဝင်းက ပြောပါတယ်။ လူငယ်တိုင်းကတော့ အချစ်နဲ့ဆုံတွေ့ဖူးတာများကြပါတယ်။ အသက်အရွယ် ပြောင်းလဲလာတဲ့အခါမှာ အချစ်နဲ့ပတ်သက်ပြီး ရင့် ကျက်လာတယ်ဆိုတဲ့ စည်သူဝင်းက. . .

”ကျွန်တော်က ပုထုဇဉ်လူသားပဲ။ ကျွန်တော်ရည်း စားတော့ထားခဲ့ဖူးတာပေါ့။ အသက်ကြီးလာတော့ လည်း ကျွန်တော့်အတွေးတွေက ရင့်ကျက်လာတာပေါ့။ အရင့်အရင်တုန်းက ကျွန်တော်ကြိုက်တဲ့ မိန်းကလေး ပုံစံဆိုတာရှိတယ်။ အခုဆိုရင် ကျွန်တော်ကြိုက်တဲ့ မိန်း ကလေးပုံစံမျိုး မထားတော့ဘူး။ ကျွန်တော့်အချစ် တွေနဲ့ ပြုပြင်မယ်ဆိုတာမျိုးက ကျွန်တော်ပြောင်းလဲ လာတဲ့အချက်တွေပဲပေါ့။ ကျွန်တော့်ဖူးစာရှင်ကို ရဲရဲကြီးလက်ခံနိုင်လာတယ်။ ကိုယ့်ရဲ့ကန့်သက် ချက်တစ်ခု ကိုယ့်ရဲ့သတ်မှတ်ချက် တစ်ခုပေါ်မှာ ဘောင်မသွင်းဘူး။ ကိုယ်ချစ်တဲ့လူက ရုပ်ဆိုးချင်လည်း ဆိုးနေလိမ့်မယ်။ ဒါကိုမှ ကိုယ်က ချောတာလိုချင်လို့ရမှ မရတာ။ ကိုယ့်ရဲ့အချစ်တွေနဲ့ပဲ ပြောင်းလဲပေးမယ်။ ဘယ်သူပဲလာလာ လက်ခံပေးမယ်” လို့ စည်သူဝင်းက ပြောပြပါတယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here