အွန်လိုင်းပေါ်မှာ ဟာသဗီဒီယိုတွေတင်ဆက်နေတဲ့ အရာတော်သားလေး ဖိုးထောင်

0
320


လူမှုကွန်ရက်ပေါ်မှာ ဟာသ ဗီဒီယိုတွေကို ဖန်တီးနေတဲ့ အရာ တော်သားလေးဖိုးထောင်က မြန်မာ့ ရိုးရာဆံရစ်ဝိုင်းနဲ့ မြန်မာ့ရိုးရာပုံစံ လေးကို ပရိသတ်ကသဘောကျ နှစ်ခြိုက်တာကြောင့် ဆံရစ်ဝိုင်း ထားပြီး မြန်မာဆန်ဆန်အင်္ကျီလေး တွေဝတ်ဖြစ်တယ်လို့ ပြောပါတယ်။

”ကိုရင်ဖိုးထောင် မြန်မာဆန် ဆန် ပုံဆန်လေးတွေဝတ်ဖြစ်တာက တော့ မြန်မာ Myanmar Idol မှာ အရာတော် က ဖိုးထောင်ဆိုတဲ့ကောင်လေးတစ် ယောက်လာပြိုင်တယ်ပေါ့။ အဲဒီမှာ ပရိသတ်က လက်ခံလာတယ်ပေါ့။ ပရိသတ်လက်ခံတဲ့ နာမည်ဖိုး ထောင်ဆိုတဲ့ Character ကို ယူ လိုက်တယ်။ အဲဒီကနေစပြီး မြန်မာ ဆန်ဆန်အင်္ကျီလေးတွေ ဝတ်ဖြစ် တယ်။ ဆံပင်ကိုဆံရစ်ဝိုင်းလေး ထားဖြစ်တယ်။ အဲဒီနောက်ပိုင်းမှာ ပရိသတ်အားပေးမှုပိုရှိတယ်။ ပရိ သတ်ကလည်း သဘောကျတယ်။ မြန်မာ့ရိုးရာ ဆံရစ်ဝိုင်းနဲ့ မြန်မာ့ရိုးရာ ပုံစံလေးကို ပရိသတ်ကလည်း ပိုပြီး သဘောကျနှစ်ခြိုက်တာနဲ့ ကိုရင်ဖိုး ထောင်က ထားဖြစ်တာပါဗျ” လို့ အရာတော်သားလေးဖိုးထောင်က ပြောပြခဲ့သည်။

ကိုရင်ဖိုးထောင် Facebook သုံးတဲ့အခါ Online ပေါ်မှာ ပေါ်ပြူ လာဖြစ်နေတဲ့ Video File လေးတွေ သတင်းလေးတွေကိုအခါ အားလျော် စွာ ဘယ်လိုသင့်တော်အောင်လုပ် မလဲ ဖြစ်အောင်လုပ်မလဲ။ ဘယ်လိုအပြုသဘောဆောင်ပြီးလုပ် မလဲ။ စဉ်းစားပြီးတော့ Video File လေးတွေကို ဖန်တီးဖြစ် ပါတယ်လို့ ပြောပြပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here