အနုပညာအလုပ်တွေကို တာဝန်ကျေအောင်လုပ်ချင်သူ ထူးအောင်

0
276

မိန်းကလေးပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ သရုပ်ဆောင် ထူးအောင်ပါဝင်မယ့် ပုဂံမြို့သူဇာတ်လမ်းတွဲကိုတော့ မကြာမီထုတ် လွှင့်ပြသတော့မှာဖြစ်ပြီး ဒီဇာတ်လမ်းတွဲကတော့ သူ့ရဲ့ပထမဦးဆုံး ဇာတ်လမ်းတွဲပါ။ နှစ်ဘဝသရုပ်ဆောင်ရတာဖြစ်ပြီး ပထမဘဝမှာ ရှမ်း စော်ဘွားတစ်ယောက်အနေနဲ့ သရုပ်ဆောင်သလို ဒုတိယဘဝမှာတော့ လုပ်ငန်းရှင်တစ်ဦးအနေနဲ့ သရုပ်ဆောင်ထားတာကို မြင်တွေ့ကြရမှာပါ။ ဒီဇာတ်လမ်းတွဲအမှတ်တရတွေနဲ့ပတ်သက်ပြီး ထူးအောင်က . . .

”ပုဂံမြို့သူမှာတော့ အခက်အခဲဆိုတာတော့မရှိဘူး။ အကောင်းဆုံးကြိုးစားတယ်။ လိုအပ်ချက်တွေတော့ရှိတယ်။ ဒီနေ့ တစ်နေ့လိုအပ်ချက်တွေရှိတယ်ဆိုရင် Edit ခန်းထဲမှာ ပြန် ကြည့်တယ်။ နောက်ရက်တွေမှာ ပြန်ကြိုးစားတယ်။ ကိုယ့်စီနီယာတွေ တအားကောင်းတဲ့သရုပ်ဆောင်တွေလည်းပါတော့ သူတို့ဆီက ပညာတွေအများကြီးရတယ်။ သူတို့ကလည်း သင်ပေးပါတယ်။ အမှတ်တရတွေကအများကြီးပဲ။ ပုဂံမှာပဲနေတာ ၃လ လောက်ရှိတယ်။ မိသားစုလို ဖြစ်သွားတယ်။ ထမင်းစားရင် တစ်ယောက်နဲ့ တစ်ယောက် စောင့်ပြီးမှ စားကြတယ်။ စည်းစည်းလုံးလုံးနဲ့ ဖြစ်သွားပါတယ်”လို့ ပြောပါတယ်။ အခုဆိုရင် ပရိသတ်တွေ အခိုင်အမာ ရရှိလာပြီဖြစ်တဲ့ ထူးအောင်က သူ့အနေနဲ့ အနုပညာ အလုပ်တွေကို တာဝန် ကျေပွန်အောင် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်းကိုလည်း . . .

”ကျွန်တော်လုပ်နေတဲ့ အနုပညာအလုပ်က သေးသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ အဲဒီအရာတစ်ခုကို ကိုယ်တာဝန်ကျေအောင် ကြိုးစားမယ်။ ကိုယ့်မှာရှိနေတဲ့ အကောင်းဆုံးအရာတွေကို ပရိသတ်ကို ချပြသွားမှာပါ။ ကျွန်တော်လုပ်နိုင်တဲ့ ဘက်ခြမ်းကနေ၊ ရရှိလာတဲ့ အခွင့်အရေးတွေပေါ် မူတည်ပြီး အကောင်းဆုံး ကြိုးစားသွားမယ်။ ကျွန်တော့်ကို အားပေးတဲ့ပရိသတ်တွေ စိတ်ကျေနပ်မှု ရရှိတဲ့ ဇာတ်ကားတွေ ကြည့်ရှုရအောင် ကြိုးစားသွားမှာပါ”လို့ ပြောပြခဲ့ပါတယ်။

ခိုင်ဝေလွင်၊
ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here