မြန်မာသံစဉ်ကို ထိန်းသိမ်းသင့်တယ်ဆိုတာ ပြချင်တဲ့အတွက် မြန်မာသံသီချင်းတွေကိုပဲ သီဆိုနေသူ အဆိုတော် ညီညီသန့်ဇင်

0
207

အသက် ၆ နှစ်ကတည်းက သီချင်းဆိုပြိုင်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုတွေ ရရှိထားသူကတော့ အဆိုတော် ညီညီသန့်ဇင်ပဲဖြစ်ပါတယ်။ သူက အခုအချိန်မှာတော့ အသက်၂ဝ အရွယ် အဆိုတော် ကောင်လေးတစ်ယောက် အဖြစ်ကို ရောက်ရှိလို့ လာပါပြီ။ သူက သူ့ညီမ လေးဖြစ်တဲ့ ရှင်းသန့်ဇင်ကိုလည်း ဂီတလောကထဲကိုလက်တွဲခေါ်ရင်း ဂီတလောကမှာ မောင်နှမနှစ်ယောက် ကြိုးစားနေကြပါတယ်။ သူဟာ တစ်ကိုယ်တော်အခွေသိပ်ကို ထွက်ချင်ခဲ့ပေမယ့် လို့ အခွေရဲ့ ကုန်ကျစရိတ်တွေ မတတ်နိုင်သေးတဲ့အတွက် မထွက်ဖြစ်သေးပါ ဘူး။ ရှိုးပွဲတွေ သီဆိုရင်းရရှိလာတဲ့ အနုပညာကြေးတွေကို စုဆောင်းကာ အခွေ ထွက်ရှိဖို့ ကြိုးစားနေပါတယ်။

“အခွေလုပ်ဖို့က အခုခေတ်က ပိုက်ဆံတွေ အများကြီးကုန်ကျတယ်လေ။ ကျွန်တော်တို့ကလည်း တအား အဆင်ပြေတဲ့ အထဲမှာမပါဘူး။ အခုကတော့ အခွေအတွက် ငွေစုနေပါပြီ” လို့ ညီညီသန့်ဇင်က အခွေထွက်ရှိဖို့ အခက်အခဲနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။ သူက ငယ်စဉ်ကတည်းက မြန်မာသံစဉ်ချစ်မြတ် နိုးခဲ့ပြီး စတီရီယိုလိုင်းကို သီဆိုချင်ပေမယ့်လည်း မြန်မာသံဘက်မှာ သီဆိုသူ နည်းပါးတဲ့အတွက် သူ့အနေနဲ့ မြန်မာသံကိုပဲ အဓိက သီဆိုဖြစ်နေတာလို့ ပြောပြပါတယ်။

“ကျွန်တော့်အသံက ကရုဏာ အသံပါတော့ မြန်မာသံနဲ့ ပိုလိုက်တယ်လို့ ပြောကြတယ်။ အဲဒီတော့ မြန်မာသံစဉ်ပဲ သီဆိုဖြစ်ဖို့ များပါတယ်။ စတီရီယို လည်း သီဆိုချင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အရွယ်တွေမှာ မြန်မာသံစဉ်ကို သီဆိုကြတာ ရှားတယ်လေ။ ပြီးတော့မြန်မာသံစဉ်ကို ထိန်းသိမ်းသင့်တယ် ဆိုတာကိုလည်း ပြချင်တဲ့အနေနဲ့ မြန်မာသံစဉ်ကို ငယ်ငယ်လေးကတည်းက သီဆိုခဲ့တာပါ။ မြန်မာသံစဉ်ထဲမှာလည်း နည်းနည်းမြူးကြွတာလေးတွေ ရှိပါတယ်။ အဲဒီ သီချင်းလေးတွေလည်း သီဆိုဖြစ်တယ်”လို့ မြန်မာသံစဉ်နဲ့ ပတ်သက်ပြီး အဆိုတော်ညီညီသန့်ဇင်က ပြောပြပါတယ်။

လင်းအက္ခရာ

LEAVE A REPLY

Please enter your comment!
Please enter your name here