ဇာတ်အဖွဲ့တို့ရဲ့တင်ဆက်မူအသစ်များနဲ့ပွင့်လင်းရာသီ ရန်ကုန်ပွဲခင်း

0
280

ပွင့်လင်းရာသီဆီ ရောက်ရှိပြီ ဖြစ်တဲ့အတွက် ဇာတ်အဖွဲ့တွေအနေ နဲ့ ရန်ကုန်ပွဲခွင်တွေကိုကပြဖို့ ပြင်ဆင် လုပ် ဆောင်နေကြပါပြီ။ ဆောင်းရာ သီကာလက ရန်ကုန်မှာ ဘုရားပွဲ တွေကျင်းပကြတဲ့ ကာလဖြစ်တာ ကြောင့် ဇာတ်အဖွဲ့တွေအနေနဲ့ အဆိုပါကာလမှာရန်ကုန်မှာ ပြန် ဆင်း လာတတ်ကြပါတယ်။ မိုးတွင်း ကာလမှာတော့ တချို့ဇာတ်တွေအ နေနဲ့ ပွင့်လင်းရာသီအတွက် ဇာတ် တိုက်နေကြသလို တချို့ဇာတ်တွေ ကတော့ မြန်မာပြည်အထက်ပိုင်းမှာ သွား ရောက်ကပြလျက်ရှိပါတယ်။ ရန်ကုန်ရဲ့ ဇာတ်သဘင်ပရိသတ်တွေ အနေနဲ့လည်း ပွင့်လင်းရာသီကာလကို မျှော်ကြရပါတယ်။ ဘာကြောင့်လဲဆို တော့ သူတို့ချစ်တဲ့ဇာတ်မင်းသား တွေ ရန်ကုန်ပွဲခွင်တွေကို ကပြဖို့ ဆင်းလာကြလို့ပါပဲ။ ဇာတ်သဘင် ပရိသတ်တွေကတော့ သူတို့အားပေး တဲ့ဇာတ် အဖွဲ့တွေကို ရန်ကုန်ရယ် မှမဟုတ်ဘဲ နယ်တွေအထိပါ လိုက်ပါ အားပေးကြတာ မျိုးတွေလည်း ရှိပါတယ်။

ဒါကလည်း မြန်မာမှုအနုပညာ တွေကို ချစ်မြတ်နိုး တာကြောင့်ရယ် ဇာတ်သဘင်ကို ချစ်မြတ်တာရယ် ကြောင့် လည်းဖြစ်ပါတယ်။ အခု ဆိုရင်လည်း ရန်ကုန်ပရိသတ်တွေ မျှော် နေရတဲ့အချိန်ရောက်ရှိလို့လာပါပြီ။ ဇာတ်အဖွဲ့ အသီးသီးကလည်း ရန်ကုန်ပရိသတ်တွေအတွက် အစွမ်း ကုန်ကပြကြဖို့ စိုင်းပြင်ပြီးလာနေကြ ပါပြီ။ မြို့ရွှေမန်း သားဖိုးချစ်တို့ ဇာတ်အဖွဲ့ဟာဆိုရင်လည်း ဒီဇင်ဘာ လထဲ မှာ ရန်ကုန်ပွဲခွင်တွေကပြမှာဖြစ် ပါတယ်။ သူဟာ ရန်ကုန်ပရိသတ် တွေအတွက် တင်ဆက်မှုအသစ်တွေ တင်ဆက် သွားဖို့စီစဉ်နေပြီး အော်ပ ရာတွေ ပြဇာတ်အသစ်တွေကို လည်း တင်ဆက်ကပြဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ သူက ရန်ကုန်ပွဲ ခွင်အပြီးမှာတော့ တနင်္သာရီတိုင်း ဘက် ကိုသွားရောက်ကပြမှာဖြစ် ပါတယ်။

အဲဒီကို မသွားခင်သူ့ရဲ့ ရန်ကုန်ပရိသတ်တွေအတွက် စိတ် ကျေနပ်မှု အပြည့် ပေးခဲ့မှာပဲ ဖြစ်ပါတယ်။ တင်မောင်ဆန်းမင်းဝင်း တို့ ရွှေ မန်းသဘင်ကလည်း ဒီဇင်ဘာ လကစတင်ပြီး ရန်ကုန်ပွဲခွင် တွေကို စတင်ကပြမှာဖြစ်ပါတယ်။ တင် မောင်ဆန်းမင်းဝင်းတို့ ရွှေမန်း သဘင်အနေနဲ့လည်း မိုးရာသီဖျော် ဖြေပွဲက ပြီး စီးခဲ့တာ သိပ်မကြာသေး ပေမယ့်လည်း ရန်ကုန်ပရိသတ် တွေကလည်း ပြန်ပြီးမျှော်လင့်နေကြတာပဲဖြစ်ပါတယ်။ သူတို့အနေ နဲ့လည်း ရန်ကုန်ပရိသတ်ကို အ ကောင်းဆုံး တင်ဆက်ပြသနိုင်ရေး အတွက် ကြိုးစားသွားမှာဖြစ်ပြီး မင်း ရွှေရောင်တင်ကလည်း ကျောင်းအား ရင်အားသလို ဖခင် ဖြစ်သူနဲ့အတူတူ ကပြသွားမှာဖြစ်ကြောင်းလည်း သိရ ပါတယ်။

ဒီလိုပဲ ဟန်ဇာမိုးဝင်း စံပြ သဘင်အနေနဲ့ကလည်း ရန်ကုန်ပွဲ ခွင်ကို နိုဝင်ဘာလကုန်ကစပြီးဝင် ရောက်လာ တော့မှာပဲဖြစ်ပါတယ်။ စံပြသဘင်အနေနဲ့ဒီနှစ် ရန်ကုန် ပွဲခွင်ကို မတူတဲ့တင်ဆက်မှုတွေနဲ့ တင်ဆက်တော့မှာပါ။ ဘာကြောင့် လဲဆိုရင် အရင်ကမောင်နှမသုံး ယောက် ကပြရာကနေအခုအချိန် မှာတော့ ဟန်ဇာမိုးဝင်းတစ်ယောက် တည်းကပြမှာ ဖြစ်ပေမယ့်အသစ် အသစ်သော တင်ဆက်မှုတွေကိုမြင် တွေ့ရတော့မှာပဲဖြစ်ပါတယ်။ ဟန် ဇာမိုးဝင်းရဲ့တစ်ယောက်တည်း တင် ဆက်မှုတွေနဲ့အတူအားဖြည့်တင် ဆက်ကြမယ့် အနုပညာညီအစ်ကို တွေ ပူးပေါင်းပါဝင်မှုက ရန်ကုန်ရဲ့ စံပြသဘင်ပရိ သတ်တွေအတွက်က စောင့် မျှော်ရကျိုးနပ်စေမှာပဲဖြစ်ပါတယ်။ အော်ပရာ၊ ပြဇာတ်၊ နှစ်ပါးသွားအသစ်တွေကို တင်ဆက်သွားမှာဖြစ်တယ်လို့ လည်းသိရပါတယ်။ ဒါကြောင့်လည်း ရန်ကုန်ပရိသတ်တွေ အနေနဲ့ အရင်နှစ်တွေနဲ့မတူ တမူထူးခြားတဲ့ တင်ဆက်မှု တွေနဲ့ တင်ဆက်လာကြမယ့် ဇာတ်အဖွဲ့တွေကို ပွဲကြည့် သူရင်ခုန်သံဖွဲ့စောင့်မျှော်ရင်း ပွင့်လင်းရာသီရဲ့ပွဲတော် ကာလတွေဟာ ပျော်ရွှင်ခြင်းကာလ ညချမ်းချိန်ခါတွေ ဖြစ်နေပါလိမ့်မယ်လို့ ယုံကြည်မိပါတော့တယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here