ရုပ်ရှင်ရိုက်ဖြစ်မယ်ဆိုရင် ဘယ်လိုပုံစံမျိုးကို ရိုက်ချင်သလဲ Lil’z

0
663

သူငယ်ချင်းဖြစ်တဲ့ ရွှေထူးကတော့ ရုပ်ရှင်ဇာတ်ကားတွေမှာပါဝင် သရုပ် ဆောင်ဖြစ်နေတယ်။ X.Box ဆိုရင်လည်း ရုပ်ရှင်ရိုက်ဖို့ရှိတယ်။ ထက်ယံက Special 9 နဲ့ ရုပ်ရှင် ရိုက်ဖြစ်နေပြီ။ ဆိုတော့ Lil’z အနေနဲ့ကော ရုပ်ရှင်တွေ ဘာတွေရိုက်ဖို့ စိတ်ကူးဖူးလားလို့ မေးတော့ …

”ရုပ်ရှင်က ရိုက်ချင်လားဆိုရင်တော့ ရိုက်တော့ ရိုက်ချင်တယ်။ ဒါပေမဲ့ ကျွန်တော်က နည်းနည်း ကြေးများတော့လေ ကိုယ်နဲ့လိုက်ဖက်မယ့်ပုံစံမျိုးကိုပဲ ကျွန်တော်က ရိုက်ချင်တယ်။ ဥပမာ ကိုယ်ရိုက်ချင်တဲ့ ကာရိုက်တာနဲ့ မကိုက် ညီရင်တော့ ရိုက်ဖြစ်လောက်မယ် မထင်ဘူး။ လုပ်တော့လုပ်ချင်တယ်။ ဒါပေမဲ့ ကိုယ်စဉ်းစားထားတဲ့ ဇာတ်ညွှန်းတို့ ဘာတို့နဲ့ပဲ ရိုက်ဖြစ်ဖို့များတယ်။ ရိုက်လာခဲ့ မယ်ဆိုရင်ပြောတာ။ မင်းသားလုပ်မယ်လို့ပြောတာမဟုတ်ဘူးနော်။ ဥပမာ- Documentary ဆန်တဲ့ပုံစံ မျိုးကို ရိုက်ချင်တာကို ပြောတာနော်။ မဖောက်ကြ ပါနဲ့လို့(ရယ်လျက်)” လို့ သူက ပွင့်ပွင့်လင်းလင်းပြောပြပါတယ်။

ဂီတဘက်မှာ နည်းနည်းငြိမ်နေတာက ထွက်ပြီးသား If Album ထဲက သီချင်းတွေရယ်၊ သီချင်းသစ်တွေ ရယ်ကို ရွေးချယ်ပြီး Music Video အနေနဲ့ ထွက်ရှိလာဖို့ စီစဉ်နေတာလို့ Lil’z က ပြောပါတယ်။ နောက်ထပ်ထွက်ရှိ လာမယ့် Lil’z ရဲ့ သီချင်းသစ်တွေက …

”လောလောဆယ် ကျွန်တော် လူငယ်တွေနဲ့ပေါင်းစုပြီးတော့ သီချင်းတွေလုပ်ဖို့ရှိတယ်။ ပြီးတော့ နောက်တစ်ခု က လူငယ်အတီးသမားအသစ်တွေနဲ့ ကျွန်တော် ပူးပေါင်းပြီးတော့ Music တွေလုပ်သွား ဖို့ရှိတယ်။ ကျွန်တော့်အခွေထဲမှာ လည်း အတီးသမားအသစ်တွေ ပါမှာပေါ့နော်။ နောက်ပြီးတော့ ကျွန်တော်သဘောကျတဲ့ Music Producer တွေနဲ့အတူလက်တွဲပြီးတော့ ကျွန်တော့်အခွေထဲမှာ လုပ်ထားတယ်ပေါ့နော်။ ကျွန်တော့်အခွေကလည်း Working in Progress ပါပဲ။ လုပ်နေတုန်းပဲ။ လာပါ့မယ်။ အခုလောလောဆယ် ကျွန်တော့်အခွေမထွက်တဲ့ စပ်ကြားမှာ တခြား ဒီ Industry ထဲ က Local Artist တွေကို Support လုပ်ပေးဖို့အတွက် မေတ္တာရပ်ခံချင်ပါ တယ်”လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here