အစ်မဖြစ်သူ ဝါဆိုမိုးဦး ကလည်း အများကြီး သင်ပေးတယ်သဉ္ဇာ

0
287

ချစ်စဖွယ်မျက်နှာကလေးနဲ့ သွက်လက်တဲ့သူ့ရဲ့ ပုံစံလေးတွေ ကြောင့် ပရိသတ်တွေ အချစ်ပိုပြီး အားပေးနေရသူကတော့ သရုပ် ဆောင် ဝါဆိုမိုးဦးရဲ့ ညီမ သဉ္ဇာပါ။ သဉ္ဇာက အခုလတ်တလောမှာတော့ ကြော်ငြာတွေနဲ့ မဂ္ဂဇင်းကာဗာတွေ ရိုက်ကူးဖို့ရှိတယ်လို့ သိရပါတယ်။ အနုပညာကို အလွန်ဝါသနာပါတဲ့ သဉ္ဇာကို အစ်မဖြစ်သူ ဝါဆိုမိုးဦး ကလည်း သရုပ်ဆောင်ပိုင်းနဲ့ ပတ် သက်ပြီး သင်ပေးတယ်လို့ အခုလို ဆိုပါတယ်။

”ကြော်ငြာတွေစရိုက်တဲ့အချိန်တုန်းက သဉ္ဇာက ကင်မရာတွေကိုမ ကြည့်ဘဲနဲ့ ဟိုဘက်ကြည့်လိုက်၊ ဒီ ဘက်ကြည့်လိုက်နဲ့ လုပ်တော့ ဒါရိုက် တာက ကင်မရာကို တည့်တည့်ကြည့် ပါဆိုပြီး ပြောယူရတယ်။ ပထမဆုံး ကြော်ငြာတွေ စတင်ရိုက်ကူးတုန်းက အခက်အခဲတွေကတော့ အများကြီး မရှိဘူး။ သဉ္ဇာက အနုပညာအလုပ်ကို ဝါသနာပါတော့ ကင်မရာရှေ့ ရောက်ရင် အိုက်တင်တွေက သူ့အလို လိုလုပ်တတ်သွားတယ်။ ပြီးတော့ သဉ္ဇာ့ရဲ့ အစ်မဖြစ်သူ ဝါဆိုမိုး ဦးကလည်း အများကြီး သင်ပေး တယ်” လို့ သဉ္ဇာက ပြောပြပါတယ်။

အနုပညာအလုပ်ကို အစ်မဖြစ် သူကိုကြည့်ပြီး ဝါသနာပါခဲ့တာလား ဆိုတာကိုတော့…

”အစ်မဝါဆိုက လေးတန်း လောက်ကတည်းက သူအနုပညာအ လုပ်စလုပ်တာ။ သဉ္ဇာအဲဒီတုန်းက တအားကြီးတော့ဝါသနာမပါသေး ဘူး။ အဲဒီတုန်းကလည်းသဉ္ဇာက တော်တော်ငယ်သေးတယ်။သိပ် ပြီးတော့  အနုပညာဆိုတာဘာမှန်းမ သိသေးဘူး။ သဉ္ဇာအနုပညာအလုပ် ကို စတင်သိလာတာက ၅တန်း၆တန်း လောက်မှာုဏသစတွေက တအား ခေတ်စားလာပြီ။ ကိုရီးယားကောင် မလေးတွေ သရုပ်ဆောင်တာ၊ သီချင်းဆိုတာကိုကြည့်ပြီး သဉ္ဇာ အနုပညာပိုးပါခဲ့တယ်ထင်တယ်။ သဉ္ဇာ အဲဒီမှာစပြီး အနုပညာ အလုပ်ကို ဝါသနာပါခဲ့တာပါ” လို့ သဉ္ဇာက ပြောပြခဲ့ပါတယ်။

အခုနောက်ပိုင်းမှာ သဉ္ဇာက သရုပ်ဆောင်တစ်ယောက်အနေနဲ့ ‘Wedding Photo တွေလည်း ရိုက် ကူးနေရတာ ဖြစ်ပါတယ်။ အဲဒီလို ရိုက်ကူးတဲ့အခါ ဘယ်လိုမျိုး ခံစား ရလဲဆိုတာကို သဉ္ဇာက ဆက်လက် ပြောပြပါသေးတယ်။

”အခုဝါကျွတ်ပြီဆိုတော့ သဉ္ဇာ ‘Wedding Photoတွေ ရိုက်ကူးလာ ရတဲ့အခါ ကိုယ့်ကိုယ်ကိုယ် အသက် ကြီးလာမှန်း သိလာတယ်။ အရင် တုန်းကဆို သဉ္ဇာက ကြည့်ပြီးအား ပေး အားကျနေရတာလေ။ မြန်မာ ချိတ်ထဘီလေးနဲ့ ဝတ်ပြီးလမ်း လျှောက်ရတာကို သဉ္ဇာတအား သ ဘောကျခဲ့တာ။အခုကိုယ်တိုင် ‘Wedding Photoတွေ ရိုက်ကူးရတဲ့ အခါပီတိလည်းဖြစ်တယ်။ ပျော် လည်း ပျော်ပါတယ်။ ငါ တကယ်လို့ အသက်ကြီးလာရင် ဘယ်လိုမျိုးလေး ဝတ်မယ်ဆိုပြီး ကြည့်ပြီး အားကျ နေရတယ်။ ဒါပေမဲ့ သဉ္ဇာက အခု အသက်ငယ်သေးတဲ့အတွက် အဲဒီ ဘက်ကိုတော့ တအားကြီး မစဉ်းစား ဖြစ်သေးပါဘူး” လို့ပြောပြခဲ့ပါတယ်။

 

ခိုင်ဝါဝင်း၊

ဓာတ်ပုံ- အောင်ကျော်သန့်


LEAVE A REPLY

Please enter your comment!
Please enter your name here