၂ဝ၁၈ မှာ ကတိမတည်သလိုဖြစ်ခဲ့တယ်လို့ ဝန်ခံလိုက်တဲ့သျှီ

0
182

 

၂ဝ၁ဝ ပြည့်နှစ်မှာ ‘ဂန္တဝင် စကား’ဆိုတဲ့ တစ်ကိုယ်တော်အခွေ နောက် ဆုံးထွက်ရှိခဲ့ပြီးနောက်ပိုင်း တစ်ကိုယ်တော်အခွေမထွက်တော့တဲ့ သျှီက ၂ဝ၁၉ ခုနှစ်ထဲမှာ တစ်ကိုယ်တော် အခွေထွက်ဖို့ပြင်ဆင်နေပါပြီ။ ၂ဝ၁၈ အတွက် ကတိ မတည်သလိုဖြစ်ခဲ့တယ်လို့ဆိုတဲ့ သျှီက ….

”အခုတော့ အခွေပြန်လုပ်နေ တယ်။ ပွဲတချို့လည်း ဆိုဖြစ်ပါတယ်။ အခွေက အမှန်တော့ ၂ဝ၁၈ ထဲမှာ ထွက်မယ် ဆိုပြီးတော့ တစ်ကိုယ်တော် Own Tune အခွေလုပ်နေတာပေါ့။ အဲဒါက ကိုယ်က ဟိုဟာ လျှာရှည်၊ ဒီဟာ လျှာရှည်ရင်းနဲ့ သိတဲ့အတိုင်းပဲ အဆုံးသတ်လို့မရဘဲ ဖြစ်နေတာ။ အဲဒီတော့ ၂ဝ၁၉ ထဲ ရွှေ့ရမှာပေါ့။ ၂ဝ၁၈ မှာ ကတိ မတည်သလိုဖြစ်သွားတာပေါ့။ အဲဒါလေး အဆုံးသတ်နေပါပြီ” လို့ ပြောပါတယ်။ နှစ်တွေကြာ၊ ခေတ်ကာလပြောင်း၊ Music တွေလည်း ပြောင်း လာတော့ သျှီရဲ့ အကြိုက်တွေ ပြောင်းသွားပြီလား။ တစ်ကိုယ်တော်အခွေ ထဲမှာကော အရင်သျှီရဲ့ပုံစံတွေ မြင်တွေ့ရဦးမှာလားလို့ဆိုတော့…

”အရင် သျှီရဲ့ စတိုလ်လည်းတွေ့ရမှာပါ။ ဒါပေမဲ့ အနည်းအကျဉ်းတော့ လည်း အပြောင်းအလဲလေးတွေ ရှိတာပေါ့။ သျှီကပေါ်လာတာ ၂၁ နှစ်ရှိပြီ လေ။ ကိုယ့်အကြိုက်လေးတွေလည်း ပုံစံတစ်မျိုးလေးတွေဖြစ်လာတာလည်း ရှိတယ်။ ဒါပေမဲ့ Rock ကို ကြိုက်တာကတော့ ကြိုက်တုန်းပါ” လို့ သူက ပြောပါတယ်။ ပြောင်းလဲလာတဲ့ခေတ်မှာ အွန်လိုင်းကနေလည်း တင်ကြတာ များတော့ သျှီကော ဘယ်လိုပုံစံနဲ့သွားဖြစ်မလဲလို့မေးမြန်းတဲ့အခါ …

”အစ်မ ဇန်နဝါရီလတုန်းက ‘မိုးနဲ့မြေ’ ဆိုပြီး အွန်လိုင်းတစ်ပုဒ်ထွက်ရှိထားတယ်။ ဖြန့် ချိဖို့ရှိသေးလားဆိုတော့ အခုခေတ်ကကျတော့ အဲဒီလိုပဲ သွားရမှာပဲ။ လုပ် တော့လုပ်ရမှာပဲပေါ့။ အဲဒါလည်းလုပ်ရမယ်။ အွန်လိုင်းပေါ်မှာလည်း Digital Sales လည်းလုပ်ရမယ်။ နောက်ပြီးတော့ ဒီအတိုင်း အခွေအချပ်တွေ ရောင်း တာလည်း လုပ်မယ်ပေါ့”လို့ သျှီက ပြောပြခဲ့ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here