ထက်ထက်မိုးဦး ရုပ်ရှင် ပြန်ရိုက်ဦးမှာလား

0
732

သရုပ်ဆောင် အကယ်ဒမီ ထက် ထက်မိုးဦး ပျောက်နေတယ်။ ပျောက် နေတယ် ဆိုပြီး ပြောနေကြတဲ့ ပရိသတ်တွေအတွက် တောင်ငူမြို့ တည်နန်းတည် ၅ဝ၈ နှစ်ပြည့်ပွဲတော် မှာတွေ့ရတဲ့ ထက်ထက်မိုးဦးကို မေး ဖြစ်တော့…..

”တွေ့တော့ တွေ့ရ ပါတယ်။ သွားတော့ သွားပါတယ်’ လို့ သူက ပြောပါတယ်။ တောင်ငူ ပွဲမှာ သူ ပါဝင်တဲ့ အခန်းကဏ္ဍ က….

”ထက်က တောင်ငူပွဲမှာ ကျော်ကျော်ဗိုလ်နဲ့ အတူတူ ဘုရင်နဲ့ မိဖုရားအဖြစ်ပါဝင်ပါတယ်။ မနှစ်က ကိုရဲအောင်နဲ့ပါ။ ဘဝမှာ မဖြစ် နိုင်တာတွေ လုပ်ရတာ ဆိုတော့ ပီတိဖြစ်တာပေါ့။ ဆုလည်းဆုတောင်း ပါတယ်” လို့ ထက်ထက်က ပြောပါ တယ်။

ဇာတ်ကားရိုက်လည်း သိပ်မ တွေ့ရတော့ဘူး။ ပျောက်လည်း ပျောက်နေတယ်။ ထက်ထက်မိုးဦး ကတော့ ပရိသတ်တွေ အတွက် အမြဲတမ်း ညစဉ်တိုင်း မေတ္တာ ပို့ပေးတယ်လို့ ဆိုပါတယ်။ ရုပ်ရှင် ပြန်ရိုက်ဖို့ကတော့ …

”အခု လောလောဆယ်တော့ ကားရိုက်မရှိ သေးပါဘူး။ ကိုယ်နဲ့ အံဝင် ခွင်ကျ ဖြစ်မယ့် ဥစ္စာ၊ ကိုယ့်အတွက်လည်း ကျန်ခဲ့မယ့် ဥစ္စာ၊ ပရိသတ်တွေ အတွက်လည်း တစ်ခုခု ကျန်ခဲ့မယ့် ဇာတ်လမ်း၊ ဇာတ်အိမ် ကောင်း ကောင်း မျိုးဆိုရင် ထက်ထက် ရိုက် မှာပါ’ လို့ ထက်ထက်မိုးဦးက ပြော ပါတယ်။ ပရိသတ်တွေကိုလည်း သူက … ‘ပရိသတ်တွေ အားလုံး ကို ထက် ကျေးဇူးတင်ပါတယ်။ အမြဲတမ်းလည်း မေတ္တာ ပို့ပေးပါ တယ်။ အားလုံးလည်း ငြိမ်းငြိမ်းချမ်း ချမ်း ဖြစ်ပါစေလို့ ဆုတောင်းပါတယ်’ လို့ ပြော ပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here