ပခုက္ကူခရိုင်အသင်း(ရန်ကုန်)၏ စုပေါင်းဘုံကထိန်

0
182

ပခုက္ကူခရိုင်အသင်း(ရန်ကုန်)အ စည်းအဝေးအမှတ် ၁/၂ဝ၁၈ ကို နိုဝင် ဘာ ၁ဝရက်နေ့က ရန်ကုန်မြို့၊ ရွှေ တိဂုံဘုရားမြောက်ဘက်မုခ်ရှိ ပခုက္ကူ ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးကို ဥက္ကဋ္ဌမှအမှာ စကားပြောကြားခြင်း၊ နာယကများမှ မိတ်ဆက်စကားပြောကြားခြင်း၊ မြို့ နယ်အသီးသီးမှ ဥက္ကဋ္ဌ၊ အတွင်းရေး မှူးနှင့် အမှုဆောင်များက မိတ်ဆက် စကားပြောကြားခြင်း၊ ခရိုင်အသင်း ဖွဲ့စည်းရေး လိုအပ်ချက်များကို ရှင်း လင်းတင်ပြခြင်း၊ နှစ် ၆ဝ အကြို ပခုက္ကူခရိုင်အသင်း မဂ္ဂဇင်းထုတ်ဝေ ရေးကိစ္စအား ရှင်းလင်းတင်ပြခြင်း၊ အမှုဆောင်အဖွဲ့ ဖွဲ့စည်းခြင်းစသည့် အစီအစဉ် ၆ခုဖြင့် ပြုလုပ်ခဲ့သည်။


နာယကကြီးများ၊ မြို့နယ်အသီးသီး မှဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် အမှု ဆောင်များစုံစုံညီညီ တက်ရောက် လာကြသည့်အတွက် ကျေးဇူးတင်ပါ ကြောင်း၊ ယခုအချိန်သည် ပခုက္ကူ ခရိုင်အသင်းဖွဲ့စည်းရန် အချိန်သင့် ပြီဟု ယူဆကြောင်း၊ မိမိအနေဖြင့် မူလတာဝန်ယူစဉ်ကပင် ပခုက္ကူခရိုင် အသင်းဖြစ်ရန် ဆန္ဒရှိကြောင်း၊ ခရိုင် အသင်းကို တရားဝင်မှတ်ပုံတင်နိုင် ရန် အများဆန္ဒနှင့်အညီ ဖွဲ့စည်းရန် လိုကြောင်း၊ ဓမ္မာရုံပြင်ဆင်နိုင်ရန် ကြိုးစားနေကြောင်းစသည်ဖြင့် အ သင်းဥက္ကဋ္ဌ ဦးကျော်ကျော်လှိုင်က အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ပခုက္ကူခရိုင်အသင်း (ရန်ကုန်)၏ဥက္ကဋ္ဌအဖြစ် ဦးကျော် ကျော်လှိုင်အပြင် ဒုဥက္ကဋ္ဌများ၊ အ လုပ်အမှုဆောင်များကို ရွေးချယ်ခဲ့ပြီး နာယက ၂၁ဦးကိုလည်း ရွေးချယ်တင် မြှောက်ခဲ့ကြသည်။

ပခုက္ကူခရိုင်အသင်း(ရန်ကုန်)၏ ဘုံကထိန်ကို လည်းနိုဝင်ဘာ ၁၈ ရက်နေ့က ရန်ကုန်မြို့၊ ပခုက္ကူဓမ္မာရုံ တွင် ကျင်းပခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here