ကလောင်ဖျားက ကားဖြစ်စေ..

0
90

ရဲခြင်း လွတ်ကင်းအောင် လမ်းပြဆောင်ပါမည်”ဆိုသော ‘နဂါး နီ’သီချင်းသံကို ကြားရတိုင်း ကျွန် တော်ဒေါမနဿမပွားမိဘဲ မနေနိုင် ပါ။ ‘ထီးဖြူဖိနပ်ပါး’အညတရစာရေး ဆရာဘဝပေကိုး။ အနန္တကျေးဇူးရှင် မွေးသဖခင်ကြီးက ကျွန်တော်အထက် တန်း ကျောင်းသားဘဝ ကလောင် သွေးနေခိုက် … ”မင်းကတော့ မွဲ ဆေးဖော်ရင်းနဲ့ လူညွန့်တုံးမယ့် အ ကောင်ပါကွာ”ဟု ချိုးချိုးဖဲ့ဖဲ့ တားမြစ် သတိပေးခဲ့ခြင်းကိုလည်း ကျွန်တော် ဂရုမစိုက်ခဲ့။ ထို့ကြောင့် ”ဖေဖေ့ စကားနားမထောင်၊ ကလောင်လည်း ကွဲ၊ လူလည်း မွဲ”ဟု စာစပ်ရမလိုဖြစ် ခဲ့ပါသည်။ ”ငတ်ပြတ်သော်လည်း ကလောင်စွဲ၍၊ တိုက်ပွဲဝင်မည်၊ ဘာ မထီဇာနည်ဘွား၊ ငါတို့စာပေသမား” ဟုတော့ ကျွန်တော်ြေ<ွကးကြော်ခဲ့ သည်။ ဤနေရာ၌ ‘တိုက်ပွဲ’ဟူသော ဝေါဟာရကို လူတန်းစားတိုက်ပွဲ Class Struggle ဘာညာနှင့် အတွေး မချော်စေချင်ပါ။ ကျွန်တော် ဆိုလိုချင်သည်က ‘နိမ့်တုံမြင့်တုံ’ ‘မှန်ကင်းတစ်လှည့် ထင်းတစ်လှည့်’ ဖြစ်တတ်သော လောကဓံတိုက်ပွဲသာ ဖြစ်သည်။

လောကဓံတိုက်ပွဲနှင့် လွတ်ကင်း နိုင်သူ အလွန်ရှားသည်။ ရှပ်အင်္ကျီ မှာ စိန်ကြယ်သီးတွေ တပ်ဆင်၍ ဝတ်ဆင်နိုင်ခဲ့သော အဆိုတော်စာ ရေးဆရာ ရုပ်ရှင်မင်းသား ‘ဝင်းဦး’ ပင်လျှင်။ အကျပိုင်းကာလရောက် တော့ အင်းလျားလမ်းရှိ တိုက်အိမ် ကြီးကို စွန့်ကာ ဘားလမ်းရှိ တိုက် ခန်းကလေးမှာ သွားကျိုးအဘိုးကြီး ဘဝဖြင့် အရိုးထုပ်သွားရရှာသည်။ သို့သော် ဝင်းဦးသည် စစ်မှန်သော အနုပညာရှင်ဖြစ်၍ လူသေသော် လည်း နာမည်ကား မသေပါ။

ကျွန်တော်တို့ ငယ်ငယ်က ‘ရှံ စားဒိန်းဒေါင်’ကာတွန်းဇာတ်လမ်း များ အဓိကထား၍ အောင်မြင်ခဲ့ သော ကာတွန်းဆရာကြီး ‘ကာတွန်း အောင်ရှိန်’သည် ကိုယ်ပိုင်ဂျစ်ကား ဝယ်စီးဖူးသည်ဟု ကြားဖူးသည်။ ကျွန်တော်အသက် ၃ဝ ကျော်လောက် မှာ ဆရာကြီးကာတွန်းအောင်ရှိန်ကို ပထမဆုံးအကြိမ် တွေ့မြင်ဖူးသည်။ ထိုအချိန်၌ ဆရာကြီးမှာ ကိုယ်ပိုင် ကားရှိဟန်မတူတော့ပါ။ (ဆရာကြီး ကို ကာတွန်းဆရာအဖြစ်သာမက ကိုယ်ပိုင်ဇာတ်လမ်း ဖန်တီးရေးသား သူဖြစ်၍ ကျွန်တော်က စာရေးဆရာ စာရင်းထဲသို့ လေးစား စွာနေရာသွင်း ပေးပါသည်။ သဘော မတူသူရှိပါက As You Like it(ရွှေစိတ်တော်ကြိုက် သလိုပ) ‘အရိုင်း’ဇာတ်ကောင်ဖန် တီးရှင် ဆရာ ‘ကာတွန်းသော်က’မှာ လက်ဖျားငွေသီးအောင် နာမည် ကျော်ပြီး ကာတွန်းပညာလည်း ထက် မြက်သူဖြစ်ပါသော်ငြားလည်း ဆရာ သော်ကသည် သေသာသွားရော .. ကိုယ်ပိုင်ကားမစီးနိုင်ခဲ့ရှာပါ။ သူ့အိမ် သို့ ရောက်ဖူးရာ၊ ကားမပြောနှင့် .. စက်ဘီးတစ်စီးတောင် မတွေ့မိပါ။

စက်ဘီးဆို၍စက်ဘီးနှင့် ပတ်သက်စရာ ကလေးအချို့သတိရ လာသည်။ ဆရာကြီး ‘မဟာဆွေ’ သည် လုံ့လဝီရိယကောင်းလှ၊ စည်း ကမ်းရှိလှသောကြောင့် စာမှန်မှန် ရေးနိုင်ခဲ့ပြီး သူ့ခေတ်က ဝင်ငွေ ကောင်းခဲ့ပါသည်။ သို့သော် ကားမစီး နိုင်။ စက်ဘီးမျှသာ စီးနိုင်သည်။ သူ့ ခေတ်က စက်ဘီးတစ်စီး၏ တန်ဖိုး မှာ မနည်းလှပါချေ။ စက်ဘီးပေါ်ကာ စခေတ်မှာ စက်ဘီးစီးနိုင်သော ဆရာကြီးမဟာဆွေအတွက် ကျွန် တော်ဂုဏ်ယူမိပါသည်။

စက်ဘီးနှင့် ပတ်သက်၍ မမေ့ နိုင်သော မှတ်သားချက်ကလေးတစ် ချက်ရှိပါသေး၏။ ကိုယ့်အမျိုးသား တွေ တိုးတက်ကြီးပွားစေဖို့ ‘တက် ကျမ်း’များစွာ ရေးသားထုတ်ဝေခဲ့ပြီး ယနေ့အထိလည်း သူ၏ တက်ကျမ်း များ ရောင်းနေရဆဲဖြစ်သော ဆရာ ကြီး ‘ပီမိုးနင်း’မှာ ဆင်းရဲနွမ်းပါးလှ သည်။ ကားမပြောနှင့် စက်ဘီးတစ် စီးတောင် ဝယ်မစီးနိုင်ခဲ့ရှာပါ။ ဆရာ ကြီးပီမိုးနင်းခမျာ စက်ဘီးဝယ်မစီးနိုင် သော်လည်း စက်ဘီးအတိုက်ခံရသော ကြောင့် ရရှိသည့်ဒဏ်ရာဖြင့် ရေတိမ် နစ်ကွယ်လွန်ခဲ့ရရှာပါသည်။

‘စံရွှေမြင့်’ ဇာတ်ကောင်ဖြင့် နာ မည်ရခဲ့သော စာရေးဆရာ၊ ကာတွန်း ဆရာ ‘ကာတွန်းမြင့်သိန်း’သည်လည်း ဂျစ်ကားဝယ်စီးနိုင်သူ စာရေးဆရာ ကာတွန်းဆရာဖြစ်သည်။ နောင်နှစ် များစွာကြာသော် ကာတွန်းမြင့်သိန်း ၏ ဇနီး၊ မဂ္ဂဇင်းအယ်ဒီတာ ‘တူးတူး မြင့်သိန်း’က ဇိမ်ခံဆလွန်းကားကြီးကို ကိုယ်တိုင်မောင်းနေကြောင်း တွေ့ မြင်ခဲ့ရပါသည်။

တစ်ခေတ်တုန်းက ‘ပြာလောင်’ ဇာတ်ကောင်ကို ဖန်တီးခဲ့သော ‘ကာ တွန်း တင်အောင်နီ’သည် အလွန် အောင်မြင်ခဲ့ပါသည်။ သူကားဝယ်စီး နိုင်ပါသည်။ သို့သော် တင်အောင်နီ ကိုယ်ပိုင်ကားဖြင့် သွားလာသည်ကို မတွေ့ခဲ့ရဖူးပါ။ တင်အောင်နီအတွက် ‘ပြာလောင်’ ဇာတ်လမ်းတွေ ဖန်တီး ပေးသော စာရေးဆရာနှင့်ကျွန်တော် အလွန်ရင်းနှီးသည်။ထိုခေတ် (၁၉၈ဝ တစ်ဝိုက်)က ထိုစာရေးဆရာသည် ကိုယ်ပိုင်ကားဝယ်စီးနိုင်ပါသည်။ ကျွန်တော်က ‘ဘတ်စ်စကားတိုး စီး မနေတော့နဲ့ဗျာ။ ကားဝယ်စီးစမ်းပါ” ဟု တိုက်တွန်းသည်။

သူရှင်းပြပုံက ကျိုးကြောင်းဆီ လျော်ပါသည်။

”ကျုပ်က ကားမမောင်းတတ် ဘဲ ကားဝယ်ရင် ဒရိုင်ဘာငှားရလိမ့် မယ်။ ဒရိုင်ဘာငှားတော့ ငွေကုန်ပြန် ဦးမယ်။ နောက်ပြီး ကျုပ်တို့ ခြံဝင်း က ကျဉ်းတယ်။ ကားထားစရာ နေ ရာမရှိဘူး။ ကားကို အိမ်ရှေ့လမ်း ဘေးမှာပဲ ရပ်ထားရမှာ။ ကျုပ်တို့ ရပ် ကွက်က နွေရာသီဆိုရင် မီးအန္တရာယ် ရှိတယ်။ အကယ်၍ မီးလောင်ပြီဆို ရင် ကားကြီးကို ဒီအတိုင်းပစ်ထားခဲ့ ရမှာ …၊ ကိုယ်ပိုင်ကားဝယ်လို့ မနိပ်ပါဘူးဗျာ။ တက္ကစီ စီးတာက သံ ယောဇဉ်ကင်းပါတယ်”

မှန်သည်။ တက္ကစီ စီးတာက တော့ သံယောဇဉ်ကင်းပါသည်။ သို့ သော် သူကုန်ကျခဲ့သမျှသော တက္က စီခငွေကြေးမှာ ကိုယ်ပိုင်ဆလွန်းကား တစ်စီး၏ တန်ဖိုးကို ကျော်နေပါပြီ။ သူသည် ယနေ့တိုင် တက္ကစီဆရာများ ကို ပူဇော်ပသနေတုန်းပါ။

ကျွန်တော် စာတွေ ပေတွေ လှိမ့်ဖတ်စ အရွယ် ၁၉၆ဝ ပြည့်နှစ် များ တုန်းက အကျော်ကြားအထင်ရှား ဆုံးစာရေးဆရာများမှာ တက္ကသိုလ် ဘုန်းနိုင်၊ အောင်လင်း၊ ရန်ကုန် ဘဆွေနှင့် သခင်မြသန်းတို့ ဖြစ်ကြပြီး အမျိုး သမီးစာရေးဆရာထဲမှာ ‘ခင်နှင်းယု’ က ထိပ်ဆုံးလောက်မှာ ရှိသည်။ ခင် နှင်းယုမှာ ဗိုလ်မှူးကြီး ကတော်ဖြစ်၍ ကိုယ်ပိုင်ကားရှိ လောက်သည်ဟုထင် သည်။ စာရေး ဆရာကြီးများတွင်မူ ကိုယ်ပိုင်ကား ရှိကြသည်ဟု ကျွန် တော် မကြား ဖူးပါ။ တက္ကသိုလ် ပါမောက္ခလည်း ဖြစ်သော ဆရာကြီး ဘုန်းနိုင်မှာတော့ ကိုယ်ပိုင်ကားရှိ လောက်သည်။ ကျန် စာရေးဆရာများမှာတော့ ကိုယ်ပိုင် ကားရှိသည်ဟု မကြားဖူးပါ။

ကျွန်တော်အိမ်ထောင်မကျမီ ချစ်သူ ဇနီးလောင်းအား အသိပေး ကြေညာထားပုံက …

”မင်းက စာရေးဆရာနဲ့ ညား မှာဆိုတော့ တိုက်ဆောက်ကားစီးဖို့ တော့ မမျှော်လင့်လေနဲ့ကွယ် ..”

”အိုး …ရပါတယ်။ စိန်နား ကပ်လောက်ဆိုရင် ကျေနပ်ပါတယ်”

”ဒုက္ခပါပဲ …မင်း စိန်နား ကပ် ပန်နိုင်အောင် ငါ ဓားပြထွက် တိုက်မှပဲရတော့မယ်။ စာရေး ဆရာကတော် …စိန်နားကပ် ပန်နိုင်မယ်ဆို ရင် …အနောက် အရပ်ကနေထွက်လိမ့်မယ်။ ဥဿဖ ရားနားကပ် လောက်နဲ့ ကျေနပ် တော်မူပါ မယ် မင်းကြီးမရဲ့”

”အိုကေ …ထမင်းရည်မ သောက်ရရင် တော်ပါပြီ စာရေးဆရာ ကြီးရယ် ..”

ကျွန်တော့်ဇနီးထမင်းရည်မ သောက်ခဲ့ရသလို စိန်နားကပ်လည်း မပန်နိုင်ခဲ့ပါ။ သူ့မိဘတွေ ဆင်ပေး လိုက်သည့် ရွှေနားကွပ်ကျောက်နီ နားကပ်ကလေးပင် အပေါင်ဆိုင်နှင့် ကူးသည်သန်းသည်။

”ကဗျာဆရာကြီး သစ္စာနီ မီနီ ဆလွန်းကားအသစ်ကလေးစီးနေပြီ” ဆိုသော သတင်းကြား၍ ကျွန်တော် မုဒိတာပွားမိသည်။

မဟုတ်ပါ။ ကဗျာဆရာဇော်လူ စိမ်း၏ ကားမှာ ခရီးကြုံစီးခြင်းသာ။ ကဗျာဆရာဇော်လူစိမ်းကလည်း ကဗျာရေး၍ ရသောငွေဖြင့် ဝယ်ယူ ခြင်းမဟုတ်ပါ။ ကဗျာဆရာကြီးမောင် ပြည့်မင်းကိုယ်ပိုင်ကားစီးနေသည်က ကြာလှပါပြီ။ သူလည်း ကဗျာစာမူခ ဖြင့် ကားဝယ်စီးနိုင်ခြင်း မဟုတ်ပါ။ ကျွန်တော့်လို ကလောင်တုံးတစ် ယောက်အဖို့ ကားမပြောနှင့် တစ်ခါ တစ်ရံ ဆိုက်ကားခပင် အနိုင်နိုင်။

ကြူးနှစ်


LEAVE A REPLY

Please enter your comment!
Please enter your name here