အမြတ်နိုးဆုံး၊ အကျွမ်းကျင်ဆုံး အလုပ်အကြောင်း ဂုဏ်ရည်အေးကျော်ပြောပြ

0
150

အလှမယ်တစ်ယောက်၊ MC တစ်ယောက် အဖြစ်ကနေ အခုအခါ သရုပ်ဆောင်ဘက်ကိုပါ ခြေလှမ်းခပ်စိပ်စိပ်နဲ့ လျှောက်လှမ်းလာသူက တော့ ဂုဏ်ရည်အေးကျော်ပါပဲ။ ဂုဏ်ရည်အေး ကျော် တကယ်တမ်း အားအသန်ဆုံး၊ အမြတ်နိုးဆုံး အလုပ်က ဘာဖြစ်မလဲဆိုတာကို မေးမြန်းဖြစ်ခဲ့ ပါတယ်။

”အားအသန်ဆုံးက MC ပါ။ Microphone တစ်လုံးနဲ့ အလုပ်ရှုပ်နေရတယ်။ စင်ပေါ် တက် လိုက်၊ ဆင်းလိုက် ပွဲတွေရဲ့ အပြောင်းအလဲတွေကို ထိန်းလိုက် ပရိသတ်ဆီက FeedBack တွေကိုယူလိုက် ပရိသတ်ဆီကို ပေး ချင်တဲ့ Message တွေကို ရအောင်ပို့ပေးလိုက်ဆိုတော့ ဒီ Life ကိုတော့ ဂုဏ်ရည် အမြတ်နိုးဆုံးပါ။ ဂုဏ်ရည်အကျွမ်းကျင်ဆုံး ကလည်း MC ပါ” လို့ ဂုဏ်ရည်အေးကျော်က ပြောပြပါတယ်။

”MRTV မှာ ထုတ်လွှင့်ပြသနေတဲ့ ဒါရိုက် တာ မင်းခိုက်စိုးစန်ရိုက်ကူးထားတဲ့ Hospital Diary ဇာတ်လမ်းတွဲမှာလည်း ဂုဏ်ရည်အေးကျော်က သရုပ် ဆောင် အောင်မြင့်မြတ်၊ စွမ်းထက်၊ မြတ်သူအောင်၊ သူရထူး၊ နွယ်ဒါလီထွန်းတို့နဲ့အတူ ဆရာဝန်တစ်ယောက် ဇာတ်ရုပ်နေရာ ကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ သူ့အတွက် ပထမဆုံးဖြစ် တဲ့ အဲဒီဇာတ်လမ်းတွဲ ရိုက်ကူးဖြစ်တာနဲ့ပတ်သက်ပြီးလည်း ဂုဏ် ရည်အေးကျော်က …

”ံHospital Diary က ဂုဏ်ရည်ရဲ့ ပထမဆုံးဇာတ်လမ်းတွဲဆို တော့ Camera Motion တွေလည်း ဂုဏ်ရည်မသိဘူး။ ဂုဏ်ရည်က အရင်တုန်းက Program တွေ၊ TC တွေ၊ MC လုပ်တဲ့ အတွေ့အကြုံတွေပဲရှိတာ။ MTV တောင် သိပ်မရိုက်ခဲ့ဘူး။ အခုပထမဆုံး သရုပ်ဆောင်မှုမှာ ပရိသတ်က ကိုယ့်ကို သဘော ကျကြတယ်။ သရုပ်ဆောင်တာ ပီပြင်တယ်လို့ ပြောကြတဲ့အတွက် လည်း ပရိသတ်ကြီးကို ကျေးဇူးအများကြီးတင်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

ခိုင်ဝါဝင်း


LEAVE A REPLY

Please enter your comment!
Please enter your name here