ကိုမြင့်မြတ်နဲ့ တူတယ်ပြောလို့ ဝမ်းသာတယ် ရှင်မွေလ

0
490


‘ကျိန်စာပြယ်ဒဏ္ဍာရီ’ ဇာတ် လမ်းတွဲမှာ သော်သော်ဆင့်ဆိုတဲ့ ကာရိုက်တာကို ပီပြင်စွာ သရုပ် ဆောင်နိုင်မှုကြောင့် ပရိသတ်အား ပေးမှုကို ရရှိလာသူကတော့ ရှင်မွေ လပဲ ဖြစ်ပါတယ်။ အဆိုပါဇာတ်လမ်း တွဲမှာ သူ့ရဲ့သရုပ်ဆောင်မှုတွေက မြင့်မြတ်နဲ့တူတယ်လို့ ဝေဖန်နေကြ တဲ့အပေါ်ကို ရှင်မွေလက…

”ကိုမြင့်မြတ်က ကျွန်တော့် Idol လေ ။ ကျွန်တော် ၈တန်း လောက်ကတည်းက ကိုမြင့်မြတ် ဇာတ်ကားတွေ ကြည့်ပြီး ကိုမြင့်မြတ် ကို သဘောကျလာတာ။ ကိုမြင့်မြတ် နဲ့ တူတယ်ပြောလို့ ကျွန်တော် ဝမ်းသာတယ်။ ဒါပေမဲ့ ကိုမြင့်မြတ် ပုံစံတွေ လိုက်ခိုးနေတယ်။ သရုပ် ဆောင်တာရော အသံရော လိုက်အ တုခိုးနေတယ်ဆိုပြီး ကျွန်တော့်ကို ဆဲကြတယ်။ အဲဒါတော့ ကျွန်တော် ဝမ်းနည်းတယ်။ တချို့ဝေဖန်တာ တွေကိုတော့ ကျွန်တော်လက်ခံတယ်။ ကျွန်တော်လည်း ကိုယ့်ပုံစံနဲ့ ကိုယ် ဖြစ်အောင်လည်း ကြိုးစားနေ တယ်။ ကျွန်တော် တကူးတကကြီး လိုက် လုပ်တာမဟုတ်ဘူး။ ငယ်ငယ်လေး ကတည်းက ကိုမြင့်မြတ်ကားတွေ အကြည့်များတဲ့အတွက် သရုပ် ဆောင်တဲ့အခါ နည်းနည်းတော့ လွှမ်း မိုးမှုရှိတယ်”လို့ ပြောပြပါတယ်။

ရှင်မွေလက အခုလတ်တ လောမှာ ‘တတိယမြောက်ဆုံမှတ်’ ဆိုတဲ့ ဇာတ်လမ်းတွဲကို ရိုက်ကူးပြီး စီးသွားပြီဖြစ်ပါတယ်။

”ဒီဇာတ်လမ်းတွဲထဲမှာ ကျွန် တော်က မိဘမေတ္တာမရဘူး။ ကိုယ့် အဖေနဲ့ ပတ်သက်ရင် ခံစား ချက် ပြင်း ထန်တယ်။ အပြင်မှာ ကျတော့ ကိုယ်ကအချိုးမပြေတဲ့ ကောင်လေး တစ်ယောက်ပေါ့။ ကျွန်တော်နဲ့အတူ ဦးမင်းဦး၊ ကိုပြေဇင်၊ ကိုထူးခြား၊ မပွင့်နဒီမောင်တို့ သရုပ်ဆောင်တွေ အများကြီးပါတယ်။ ဝါရင့် သရုပ် ဆောင်တွေဆီကလည်း ကျွန်တော် ပညာတွေအများကြီး သင်ယူရရှိခဲ့ ပါတယ်။ တတိယမြောက် ဆုံမှတ်မှာ တော့ ကျွန်တော်အားစိုက် ပြီး ပိုကြိုး စားထားတယ်။ အရင် ကျိန်စာပြယ် ဒဏ္ဍာရီထက် အခု တတိယမြောက် ဆုံမှတ်ကို ကျွန်တော် ပိုအားရတယ်။ အသစ်တစ်ယောက် အနေနဲ့ လွဲချော် တာလေးတွေ ရှိမှာပါ။ သည်းခံပြီး ကြည့်ပေးကြပါ။ ဝေဖန်ပေးကြပါ” လို့လည်း ရှင်မွေလက ပြောပြခဲ့ပါ တယ်။

ခိုင်ဝါဝင်း


LEAVE A REPLY

Please enter your comment!
Please enter your name here