သမီးဖြစ်သူကို ပညာရေးလုပ်ရင်းနဲ့မှ ဇာတ်ကားတွေကို အားတဲ့အချိန်ရိုက်ခိုင်းမှာပါ မသဉ္ဇာလှိုင်

0
342

မင်းမော်ကွန်းနဲ့ မသဉ္ဇာလှိုင်တို့ ဇနီးမောင်နှံမှာတော့ သားသမီး ၃ယောက်ရှိပြီး ၃ယောက်စလုံးက အနုပညာ ဝါသနာပါကြသူတွေပါ။ သားသမီး ၃ယောက်ရဲ့ဝါသနာအပေါ်မူတည်ပြီး မိဘတွေကိုတော့ ပံ့ပိုးပေးဖို့အဆင်သင့်ပါပဲ။ အခုလည်း သမီးဖြစ်သူ လေပြေသွေးက ရုပ်ရှင်ဇာတ်ကား စတင်ရိုက်ကူးတော့မှာဖြစ်တဲ့အတွက် မိခင်ဖြစ်သူ မသဉ္ဇာလှိုင်က အနီးကပ်ပံ့ပိုးပေးသလို အဘိုးနဲ့အဖေတို့ကလည်း ဆယ်ကျော်သက်သမီးလေးအတွက် လိုက်ဖက်နိုင်မယ့် ကာရိုက်တာ မျိုးဆို အကောင်းဆုံးအကြံဥာဏ်ပေးပြီးရိုက်ကူးသွားစေမှာပါ။

ရုပ်ရှင်ရိုက်တော့မယ့် သမီးလေးနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေရှိနေတဲ့ မသဉ္ဇာလှိုင်က ”အစ်မကသူ့အစား ခေါင်းကြီးတယ်။ စကားတောင်မှ လေးလုံးကွဲအောင် မပြောတာ ဘယ်လိုရိုက်မလဲတော့ မသိဘူး။ ဒါပေမယ့် သူတို့မောင်နှမတွေရဲ့ အကျင့်က တခုခု မဖြစ်မနေ လုပ်ရမယ်ဆိုရင် မဖြစ်ဖြစ်အောင် ကြိုးကြိုးစားစား လုပ်တတ်တဲ့ စိတ်လေးတွေရှိတော့ နည်းနည်းတော့ စိတ်ချရပါတယ်။ ကြိုးစားမယ်လို့တော့ ထင်တာပဲ။ သူ့ပုံစံက အေးတယ်ဆိုပေမယ့် သူနဲ့ရင်းရင်းနှီးနှီးရှိတဲ့ သူတွေနဲ့ဆိုရင်တော့ အဲဒီလိုပုံစံမဟုတ်ဘူး။ အပြင်မှာသာ ဒီလိုပုံစံဖြစ်နေတာ”လို့ အနေအေးတဲ့ သမီးလေးနဲ့ပတ်သက်ပြီး ပြောပြပါတယ်။ သမီးဖြစ်သူ လေပြေသွေးကို ဇာတ်ကားတွေထဲမှာ ဒိုင်ယာလော့ခ်တွေကို ကောင်းကောင်းမွန်မွန် ပြောဆိုနိုင်အောင် ဝတ္ထုဇာတ်လမ်းတွေကို များများဖတ်ခိုင်းပါတယ်။ ‘နိုင်ငံခြားကျောင်းထားထားတော့ သူ့ အကျင့်ပေါ့လေ။ အိမ်မှာ မိဘနဲ့ဆိုလည်း ဘာသိဘာသာပဲနေတာ။ သူ့သူငယ်ချင်းတွေနဲ့ လောက်သာ စကားများများပြောတာ။ အခု တော့သူ့ကို မြန်မာဝတ္ထုတွေ များများဖတ်ဆိုပြီး အသံထွက် ဖတ်အောင် လေ့ကျင့်ပေးနေပါတယ်’လို့ မသဉ္ဇာလှိုင်က ပြောပြပါတယ်။ ပညာရေးနဲ့ အနုပညာအလုပ်တွေကို တွဲလုပ်စေ မယ်လို့ဆိုတဲ့ မသဉ္ဇာလှိုင်က ‘ပညာရေးဘက်ကို အဓိက ဦးစားပေးပေါ့လေ။ ပညာရေးလုပ်နေရင်းနဲ့မှ ဇာတ်ကားတွေက အားတဲ့အချိန်ရိုက်ပေါ့။ ကာရိုက်တာပိုင်းကတော့ သူ့အဘိုးနဲ့အဖေက ရွေးချယ်ပေးမှာပါ”လို့ ပြောပါတယ်။

ခိုင်ဝေလွင်၊ ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here