ရဲတစ်ယောက်အဖြစ်တွေ့ မြင်ရဦးမယ့် ထွန်းကိုကို

0
252


သရုပ်ဆောင်ထွန်းကိုကိုကတော့ ဒါရိုက်တာကျော်သူရိုက်ကူးမယ့် ‘၁ဝ၁၄’ ဆိုတဲ့ ရုပ်ရှင်ကားကြီးမှာ အယူဝါဒကွဲလွဲနေတဲ့ ဂိုဏ်းတစ်ခုက အရည်းကြီး တစ်ယောက် ကာရိုက်တာနေရာကနေ ပါဝင်သရုပ်ဆောင်ဖို့ ပြင်ဆင်နေတယ်။ မကြာမီအချိန် အတွင်းမှာ ရုံတင်ပြသတော့မယ့် ‘အဆိပ်ရှိလူရိုင်း’ ရုပ်ရှင် ဇာတ်ကားမှာလည်း ထွန်းကိုကိုကပါဝင်သရုပ်ဆောင်ထားတာပါ။ ‘အဆိပ်ရှိ လူရိုင်း’ ရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်ပြီး ထွန်းကိုကိုကအခုလိုပြောပါတယ်။

‘အဆိပ်ရှိလူရိုင်းဇာတ်ကားက မိဘတွေဆုံးမသွန်သင်မှုမှားရင် သား၊ သမီးတွေ ဘယ်လိုတွေဖြစ်တယ်ဆိုတာကို ရိုက်ကူးပြထားတဲ့ ဇာတ်ကား ကောင်းတစ်ကားပါ။ ဒါရိုက်တာက ဦးစတီးလ်၊ ကိုနိုင်းနိုင်း၊ ခါရာ၊ ရွှေသမီး၊ အိစိကွေးတို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားတယ်။ ဒီအဆိပ်ရှိ လူရိုင်းဇာတ် ကားက နိုဝင်ဘာလ ၃ဝ ရက်နေ့မှာ ရုံတင်မယ်။ ရဲတစ်ယောက်နေရာကနေ ကျွန်တော်အကောင်းဆုံး ကြိုးစားသရုပ်ဆောင်ထားတယ်။ ဒီဇာတ်ကားက ရန်ကုန် မြို့နဲ့ မနီးမဝေး အမြန်လမ်းပေါ်မှာ ရိုက်ထားတာ။ ရိုက်ကူးတုန်းကလည်း ပျော်ဖို့ကောင်းခဲ့ပါတယ်။ ညီအစ်ကိုတွေ တစုတစည်းတည်း အဲဒီမှာပဲနေ၊ ရန်ကုန်မြို့ထဲကို ပြန်မလာဘဲ နီးစပ်တဲ့ဟိုတယ်မှာပဲတည်းပြီး ရိုက်ကူးကြ တယ်။ ရန်ကုန်မြို့ထဲကို ပြန်မလာတော့ဘူး။ မနက်မိုးလင်းရင်အမြန် လမ်းပေါ် ထွက်ရိုက်တယ်။ ညကျရင်နားတယ်။ အမှတ်တရတွေလည်း အများကြီးရတယ်။ ပညာတွေလည်း အများကြီးရပါတယ်’လို့ ထွန်းကိုကိုက ပြောပြပါတယ်။

ဒါရိုက်တာစတီးလ်ရိုက်ကူးမယ့် ‘ကျားနဲ့ဆင်’ ရုပ်ရှင်ဇာတ်ကားမိတ်ဆက် ပွဲကိုနိုဝင်ဘာ ၁၈ရက်နေ့ Rose Garden ဟိုတယ်မှာ ပြုလုပ်တဲ့အခါမှာလည်း ထွန်းကိုကိုက တက်ရောက်ခဲ့ပါသေးတယ်။ ဒါရိုက်တာစတီးလ်တို့နဲ့ မိသားစု တွေလိုဖြစ်နေတဲ့အတွက် တက်ရောက်ခဲ့ခြင်း ဖြစ်တယ်လို့ ထွန်းကိုကိုက ဆိုပါတယ်။ ‘ဦးစတီးလ်နဲ့ အဖွဲ့တွေကတော့ ကျွန်တော်နဲ့မိ သားစုတွေလိုပါပဲ။ ဇာတ်ကားရိုက်တိုင်း အမြဲတမ်းဆုံတွေ့နေကျ။ ကျွန်တော့်ကို ကျားနဲ့ဆင်ဆိုတဲ့ ဇာတ်ကားမှာ ပါဝင်ဖို့ကမ်းလှမ်းသေးတယ်။ ကျွန်တော်ကလည်း ဟိုဘက်မှာ ကားရိုက်ကလက်ခံပြီးသား၊ ရက်ကတိုက်နေတော့မပါဝင် လိုက်ရဘူး။ ဒါရိုက် တာက ဦးစတီးလ်ဆိုတော့ပါလည်းပါချင်တယ်။ မပါလိုက်ရတဲ့အတွက်လည်း ဝမ်းနည်းမိတယ်။ အခုကျားနဲ့ဆင်ဆိုတဲ့ ဇာတ်ကားမှာ ပါဝင်မယ့်သရုပ်ဆောင် တွေကဝါရင့်၊ သမ္ဘာရင့်တွေဖြစ်တဲ့ ကိုနေထက်လင်း၊ ကိုနေတိုးတို့ဆို တော့ ကျွန်တော်လည်း ပရိသတ်တစ်ယောက်အနေနဲ့အားပေးဖို့အတွက် စောင့်နေပါ တယ်’လို့ ပြောပြခဲ့ပါတယ်။

ခိုင်ဝါဝင်း

ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here